𝐢𝐒𝐭𝐨𝐜𝐤 𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞 (𝐂𝐥𝐨𝐮𝐝-𝐁𝐚𝐬𝐞𝐝 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞)

Sdílet
Vložit
  • čas přidán 28. 02. 2024
  • စီးပွားရေးလုပ်ငန်းတစ်ခုမှာ တစ်ခုထက်ပိုတဲ့ ဆိုင်ခွဲ ၊ ရုံးခွဲတွေ ရှိနေတယ်ဆိုရင် လုပ်ငန်းခွဲတစ်ခုချင်းစီ၏ Data တွေကို အလွယ်တကူသိရှိနိုင်ဖို့ လွန်စွာအရေးကြီးပါတယ်။ ထိုသို့ သိရှိနိုင်မှာသာလျှင် ဆိုင်ခွဲ ၊ ရုံးခွဲတစ်ခုချင်းစီ၏ ရောင်းအား Data များမှ တစ်ဆင့် ဘယ်လိုမျိုး Product တွေက ရောင်းအား အကောင်းဆုံးနှင့် လူကြိုက် အနည်းဆုံးဖြစ်မလဲ စသည့် အချက်များပေါ်မူတည်ပြီး နောက်ထပ်ရောင်းမည့် Product များကို ပြင်ဆင်နိုင်မှာပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့ ပြင်ဆင်နိုင်ရန်အတွက် လုပ်ငန်းခွဲတစ်ခုချင်းစီ၏ အခြေအနေများကို အချိန်နှင့်တပြေးညီ သိရှိနိုင်သည့် Centralized Software တစ်ခုဖြင့် ပြန်လည်စီစစ်ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။
    - - -
    ဒီလို ထိန်းချုပ်နိုင်ဖို့ နှင့် မလိုလားအပ်သော Manual လုပ်ဆောင်မှုပိုင်းများကို လျှော့ချပေးနိုင်ရန်အတွက် iStock Enterprise - Cloud Based ERP Software က ကူညီပေးနိုင်ပါတယ်ခင်ဗျာ။
    𝐈𝐧𝐢𝐭𝐢𝐚𝐥 𝐅𝐞𝐞𝐬 ပေးဆောင်စရာမလိုဘဲ လူကြီးမင်းတို့ လုပ်ငန်းလိုအပ်ချက် အပေါ်မူတည်ပြီး လစဉ်ကြေး Package များကို ရွေးချယ်အသုံးပြုနိုင်ပြီး အသုံးပြုလို့ရနိုင်မည့် Features များကတော့ -
    𝐏𝐨𝐢𝐧𝐭 𝐎𝐟 𝐒𝐚𝐥𝐞𝐬 𝐒𝐲𝐬𝐭𝐞𝐦
    နေ့စဉ်အရောင်းများကို လွယ်ကူမြန်ဆန်စွာ ရောင်းချမှုများ ပြုလုပ်နိုင်ရန်အတွက် Touch Screen, Barcode Device များဖြင့် ချိတ်ဆက်အသုံးပြုနိုင်သည့်အပြင် Card / Pay System များဖြင့်ပါ ငွေပေးချေမှုများပြုလုပ်နိုင်ခြင်းနှင့် Sales Record များ၊ Customer Record များကိုစနစ်တကျ ထိန်းသိမ်းနိုင်ပြီး စီမံခန့်ခွဲနိုင်ပါတယ်။ Sales ပိုင်းနှင့်ပက်သက်သော POS System ကို အသုံးပြုခြင်းကြောင့် ရောင်းအားတွေ ပိုမိုတိုးတက်လာပြီး မိမိ လုပ်ငန်းကို ချဲ့ထွင်နိုင်မှာဖြစ်ပါတယ်။
    - - -
    𝐈𝐧𝐯𝐞𝐧𝐭𝐨𝐫𝐲 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
    ဆိုင်ခွဲ၊ ရုံးခွဲ တစ်ခုချင်းစီ၏ ကုန်ပစ္စည်း အဝင်/အထွက်ပိုင်းနှင့်ပတ်သက်သည့် အော်ဒါစာရင်းများ၊ ပေးပို့ရမယ့်အချိန်ဇယားများ၊ ပစ္စည်းသယ်ယူပို့ဆောင်မှုအပိုင်းများ၊ အပျက်အစီးဆုံးရှုံးမှု စာရင်းများကို အလေအလွင့်မရှိအောင် အလွယ်တကူ စီစစ်ချုပ်ကိုင်နိုင်ပြီး ကုန်ပစ္စည်းလက်ကျန်စာရင်းများကို Real Time သိရှိနိုင်ခြင်းကြောင့် ကုန်ပစ္စည်းပြတ်လတ်မှုများကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။
    - - -
    𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
    လုပ်ငန်းတစ်ခုမှာ အလွန်အရေးပါတဲ့ ငွေရေးကြေးရေး ကိစ္စများကို မှန်မှန်ကန်ကန် စီစစ်ချုပ်ကိုင်နိုင်ဖို့အတွက် Accounting System တစ်ခုတော့ မရှိမဖြစ် လိုအပ်ပါတယ်။ ကိုယ့်လုပ်ငန်း၏ အောင်မြင်မှု ရလဒ်ကို အကဲဖြတ်နိုင်ဖို့နှင့် လုပ်ငန်း တိုးချဲ့နိုင်ဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် အရေးကြီးသည့် Financial Report များ ၊ Profit and Loss, Balance Sheet, Cash Flow Statement, General Ledger, Trial Balance အစရှိသည့် Accounting ဆိုင်ရာ လုပ်ဆောင်ချက်များကို လွယ်ကူမြန်ဆန်စွာ ဖြေရှင်းပေးနိုင်မည့် Accounting System ကို အသုံးပြုပြီး မိမိလုပ်ငန်းကို ပိုမိုတိုးတက်အောင် အသွင်ပြောင်းလဲနိုင်ပါတယ်။
    - - -
    𝐌𝐨𝐛𝐢𝐥𝐞 𝐒𝐚𝐥𝐞𝐬 𝐀𝐩𝐩
    နယ်များသို့ ပစ္စည်းဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်ကြီးများအတွက် Salesman များမှ Tablet အသုံးပြု၍ ကုန်ပစ္စည်းအရောင်း Order များ၊ အရောင်းစာရင်းများကို ထည့်သွင်းအသုံးပြုနိုင်ပြီး အကြွေးစာရင်းများ ၊ လက်ကျန်စာရင်းများကိုပါ ကြည့်ရှုစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
    - - -
    𝐇𝐮𝐦𝐚𝐧 𝐑𝐞𝐬𝐨𝐮𝐫𝐜𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
    Employee (ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ) ၊ Attendance ( ရုံးတက်၊ ရုံးဆင်းချိန်၊ ခွင့်ရက် ၊ Overtime များ) ၊ Payroll ( ဝန်ထမ်းလစာ တွက်ချက်ပေးခြင်း) များကို စနစ်တကျ သိမ်းဆည်းထားနိုင်ခြင်းဖြင့် ဝန်ထမ်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်မှသာလျှင် လုပ်ငန်းရေရှည်တိုးတက်မှာပဲ ဖြစ်ပါတယ်ခင်ဗျာ။
    - - -
    ဒါကြောင့် Retail / Trading / Distribution လုပ်ငန်းများအတွက် အသုံးဝင်သည့် Sales, Purchase, Inventory, Accounting စသည့် လုပ်ငန်းလည်ပတ်မှုများအားလုံးကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် GALAXY ၏ " 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐢𝐧𝐠 𝐓𝐞𝐚𝐦" မှ အကောင်းဆုံးအကြံဉာဏ်များဖြင့် တိုင်ပင်ဆွေးနွေးဖို့ အသင့်ရှိနေပါပြီ။
    အသေးစိတ် တိုင်ပင်ဆွေးနွေးလိုပါက -
    ▪️ ရန်ကုန် : 09- 400080863, 09- 400080864
    ▪️ မန္တလေး : 09- 440067577, 09- 978030881
    ▪️ နေပြည်တော် : 09- 257333214, 09- 974432763
    ▪️ ပုသိမ် : 09- 455042500, 09- 455042499
    ▪️ တောင်ကြီး : 09- 444200771, 09- 444200772
    ▪️ မြိတ် : 09- 424008080, 09- 955042499
    ▪️ မုံရွာ : 09- 404404345, 09- 404404678
    ▪️ မော်လမြိုင် : 09- 440518518 , 09- 970133399
    ▪️ ပုဂံ : 09- 404404308, 09- 404404309
    ▪️ ပြည် : 09- 404060994, 09- 404060995
    များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
    ---
    #enterprisesoftware
    #erpcloud
    #erpsoftware
    #GalaxySoftware
    #inventorymanagementsoftware
    #iStockSoftware
    #iStock

Komentáře • 1