"ဝ" နှင့်SSPPကို ငွေနဲ့ လာဘ်ထိုးပြီး တော်လှန်ရေးအဖွဲ့တွေကို မကူညီဖို့ စစ်တပ်နှင့် PNA တောင်းဆို

Sdílet
Vložit
  • čas přidán 5. 09. 2024
  • "ဝ"တပ်ဖွဲ့ နှင့်SSPPကို ကျပ်သိန်း ၆ ထောင်နဲ့ လာဘ်ထိုးပြီး တော်လှန်ရေးအဖွဲ့တွေကို မကူညီဖို့ စစ်ကောင်စီနှင့် PNA တောင်းဆို (ရုပ်သံ)
    "ဝ"တပ်ဖွဲ့ နှင့်SSPP ရှမ်းတပ်ဖွဲ့ကို ကျပ်သိန်း ၆ ထောင်နဲ့ လာဘ်ထိုးပြီး တော်လှန်ရေးအဖွဲ့တွေကို မကူညီဖို့ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်PNAက ဇွန် ၂၄ ရက်နေ့မှာ သွားရောက် တောင်းဆိုမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက ဟိုပုံးမြို့နယ်နဲ့ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလှိုင်ကျေးရွာမှာ ဇွန်လ ၂၄ ရက်နေ့က စစ်ကောင်စီရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခွန်စံလွင်နဲ့ ပအိုဝ်းပြည်သူ့စစ်(PNA)ရဲ့ စီးပွားရေး တာဝန်ခံနဲ့ ဒုစစ်ဦးစီးချုပ် နေဝင်းထွန်းတို့က သွားရောက်ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။
    စစ်ကောင်စီနဲ့ PNA က သွားရောက်ညှိနှိုင်းတဲ့အပေါ် "ဝ"တပ်ဖွဲ့နဲ့ SSPP တို့က ပယ်ချပြီး တောင်းဆိုချက်ကို လက်ခံခြင်းမရှိဘူးလို့ သိရပါတယ်။
    PNA ဘက်က သွားရောက် ညှိနှိုင်းတဲ့ ငွေတွေဟာ ဟိုပုံးမြို့ပေါ်နဲ့ ကျေးရွာတွေဘက်မှာ တစ်အိမ် ကျပ်တစ်သောင်း ကောက်ခံရရှိတဲ့ငွေတွေနဲ့ သွားရောက်ညှိနှိုင်းခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မှာ ကျပ်သိန်းပေါင်း တစ်သောင်းနဲ့ ထပ်မံညှိနှိုင်းဖို့ ဒေသခံတွေဆီက တိုးမြှင့်ကောက်ခံနေတယ်လို့လည်းသိရပါတယ်။
    စစ်ကောင်စီနဲ့ PNA ဘက်က ညှိနှိုင်းမှုကို "ဝ"နဲ့ ရှမ်းတပ်ဖွဲ့ SSPP က မြေပြင်တပ်မှူးအဆင့်တွေနဲ့သာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
    ဇန်နဝါရီလ ၂၁ ရက်နေ့ ဆီဆိုင်တိုက်ပွဲစတင်ကတည်းက ပအိုဝ်းပြည်သူ့စစ်PNA တစ်ဖွဲ့တည်းကပဲ ပအိုဝ်းဒေသတွေမှာ လူသစ်စုဆောင်းတာ၊ စစ်အသုံးစရိတ် ကောက်ခံတာတွေ ပြုလုပ်ခဲ့ပေမယ့် မေလနောက်ဆုံးအပတ်လောက်ကစပြီး စစ်ကောင်စီတပ်ဘက်ကပါ အပြိုင်လုပ်ဆောင်နေတာကြောင့် ဒေသတွင်းလူငယ်တွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စုံစမ်းသိရပါတယ်။

Komentáře • 15

  • @myoaung9772
    @myoaung9772 Před 2 měsíci +2

    စင်းစားလေ၊ ၆၀၀၀/- လောက်နဲ့😂😂 ဝ မုန့်ဖိုးလောက်ပဲရှိတာ။

  • @kispywillo6749
    @kispywillo6749 Před 2 měsíci +2

    မရှက်ဘူးလားကွာ မင်းတိုစစ်တပ်က ဆောက်ဖြစ်မရှိ ပြည်သူပိုက်ဆံနဲ့ အပူစာတွေ မင်းတို့စစ်တပ် မကြာခင် ရှုံးတော့မှာပြောရဲတယ်

  • @superpowermyanmar3047
    @superpowermyanmar3047 Před 2 měsíci +1

    ဟိုက ယီးနဲ့ထိုး မလွှတ်တာကံကောင်း😂😂😂😂😂

  • @ArKaHtetArKaHtet
    @ArKaHtetArKaHtet Před 2 měsíci

    ဟုလယ့်ဆူတို့ပအိုအချင်ချင်နိက္စက ပြီးငွေတွေအဆမတန်ကောက်တယ်

  • @user-sj2ue4de9i
    @user-sj2ue4de9i Před 13 dny

    မဟုတ်မဟတ်ရှောက်သတင်းလွင့်တဲ့မဲခေါင်သတင်းဌာနဗျာ။။

  • @khingkhing3444
    @khingkhing3444 Před 2 měsíci +1

    တိုင်းရင်းသားညီနှောင်အပေါင်းတို့အာဏာရှင်ကိုအတူတိုက်ထုတ်ကြပါစို့

  • @user-ih6xk3tq2w
    @user-ih6xk3tq2w Před 2 měsíci +1

    သူတိုကသိန်6000လောက်ကိုဂရုမစိုက်တဲအဖွဲတွေလေ မှောင်ခိုလုပ်ရင်ပိုတောင်ရသေညှိုးနှိုင်စရာလာ

    • @linhtikesan3608
      @linhtikesan3608 Před 2 měsíci

      မှောင်ခို ဓပြတိုက်ဆိုတာစစ်ခွေးအလုပ်ပါ

  • @uzawmyowin6359
    @uzawmyowin6359 Před 2 měsíci

    စောက်ရှုးတွေဘဲယုံမယ်။

  • @user-xk1gp1ql7s
    @user-xk1gp1ql7s Před 2 měsíci

    အမျိုးမျိုးကြားနေရတာတွေက ဟုတ်တော့
    ဟုတ်ရဲ့လားဗျာ

  • @myanmarhero9677
    @myanmarhero9677 Před 2 měsíci

    သတင်းမှားပါ ငါခု ဝပြည်မှာ

  • @moeline6602
    @moeline6602 Před 2 měsíci

    ဖာလှိုင်း(ဖာလဲ) လို့လဲခေါ်ကြတယ်

  • @user-ee5sw1kb2q
    @user-ee5sw1kb2q Před 2 měsíci

    စောက်ရူးသီတင်း ဖါသယ်မ နင့်မေစပသိန်းခြောက်ထောင်

  • @PyaeSone-qe1nk
    @PyaeSone-qe1nk Před 2 měsíci

    ယုတ်မာအောက်တန်းကျတဲ့အကြမ်းဖက်စစ်တပ်