ကလောမြို့မှာ ဒေသဝိုင် ဝယ်တဲ့အခါ | How to find the best local wine in Kalaw

Sdílet
Vložit
  • čas přidán 27. 08. 2024
  • ဒေသဝိုင်လေးတွေကို ကျွန်တော်တို့တတွေ အေးမြတဲ့တောင်ပေါ်ဒေသတွေ ခရီးနှင်တဲ့အခါ မြည်းစမ်းကြည့်တတ်ကြပါတယ်။ အများစုက သကြား၊ ရိစ် တို့နဲ့ ဝိုင်ဖောက်ထားပြီး အရက်ပြင်းရောထားကြတာမျိုးမို့ သောက်သုံးတဲ့အခါ ချိုလွန်းနေတာမျိုး၊ အရက်နံ့ပြင်းလွန်းနေတာမျိုးခံစားကြရတတ်ပြီး သောက်သုံးပြီး နောက်ရက်မှာ ခေါင်းကိုက်တာမျိုးအထိ ကြုံရတတ်ပါတယ်။
    ကျွန်တော် ကလောမြို့ကို ရောက်တဲ့အခါ ဒေသဝိုင် ကောင်းကောင်းလေးကို သောက်သုံးဖို့ အခွင့်အရေးရခဲ့ပါတယ်။ အရင်က ဒေသဝိုင်တွေကို မြင်တဲ့အမြင်လည်း ပြောင်းသွားခဲ့တယ်။ Pyramid Wine နဲ့ Pyramid က ထုတ်တဲ့ High Quality Wine တွေကို သောက်မိပြီးမှ မြန်မာပြည်မှာလည်း ဝိုင်ကို သေချာကြိုးစားပြီး နိုင်ငံတကာအဆင့်မီ ဝိုင်အဖြစ် တန်းမြင့်လာအောင် လုပ်ဆောင်နေသူတွေ ရှိသေးပါလားလို့ သိလိုက်ရပါတယ်။
    ဒါကြောင့် ပြည်တွင်းဖြစ် ထုတ်ကုန်တွေထဲက အဆင့်မြင့်ဝိုင်တွေ ထုတ်လုပ်ရောင်းချနိုင်တဲ့ Pyramid ဝိုင်အကြောင်း နဲ့ ဝိုင်ထုတ်လုပ်ဖို့ ဝိုင်စပျစ်သီးတွေ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကိုပါ သွားလေ့လာပြီး တင်ပြထားပါတယ်ဗျာ...
    အားလုံးပဲ အစဉ် ကျန်းမာဘေးကင်းရွှင်လန်းကြပါစေ...
    သီဟလုလင် (Thiha, the Traveller)

Komentáře • 10