မုန့် ပျားသလက် Myanmar rice pancake Mote Pyar Ta lat
Vložit
- čas přidán 7. 10. 2022
- မြန်မာ့ရိုးရာ မုန့်လေးတခုဖြစ်ပြီး စျေးတွေတိုင်းမှာ ရောင်းလေ့ရှိတဲ့ မုန့်ပျားသလက် လုပ်နည်းလေးပါ။
လိုအပ်တာတွေကတော့
ပဲပြုပ်
နှမ်းထောင်း (နှမ်းလှော်ကို ငရုတ်ဆုံနဲ့ထောင်းပြီး ဆား လေးအနည်းငယ်ထည့်ထားပေးပါ)
နံနံပင် နုတ်နုတ်စဉ်းထားပါ
ခရမ်းချဉ်သီး နုတ်နုတ်စဉ်းထားပါ
ဆန်မှုန့် - ၁ ခွက် (နို့ဆီဗူး)
ဆား - အနည်းငယ်
ဘိတ်ကင်းပေါင်ဒါ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေအေး - ၁ ခွက် (နို့ဆီဗူး)
ကြက်ဥ - ၁ လုံး
တို့ကို ဇလုံးတခုထဲ ထည့်ပြီး မွှေထားပေးပါ။ မုန့်နှစ်ရည်က ခပ်ကျဲကျဲပဲ ဖြစ်ပါတယ်။
၁ နာရီလောက်မုန့်နှစ်နှပ်ပြီးရင် မုန့်လုပ်မယ့် ဒယ်ပြားလေးထဲ ဆီထည့်မယ်။ မုန့်နှစ်ထည့်မယ်။
အစာ တွေထည့်မယ်။ အဖုံးလေးပိတ်ပြီး မီးအလယ်အလတ်နဲ့ ၃ မိနစ်လောက်ထားပေးပါ။
နောက်ဆုံးမှာမှ နှမ်းထောင်းလေးဖြူးပေးပါ။ ဒါဆိုရင်တော့ မုန့်ပျားသလက်ရပြီဖြစ်ပါတယ်။
သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ - Jak na to + styl
Mingalar par Sayar,thank you for sharing.❤❤❤❤❤
Mingalarpar... Thank you so much...
မုန့်ရည် ဖော်ပီး ဘယ်လောက်ကြာအောင်နှပ်ထားရအုန်းမှာလည်းဆရာ
နာရီဝက်လောက်ဆိုရပါပြီခင်ဗျာ
ကျေးဇူးပါနော်🎉🎉🎉
ကျေးဇူးတင်ပါတယ်ခင်ဗျာ
ဆော်ဒါနဲ့baking powderကဘယ်လိုကွာလဲဗျပြီးရင်မုန့်လုပ်မည့်အိုးကအကို့လိုဟာမရှိရင်ဘယ်အိုးမျိုးသုံးရမလဲဗျ
Baking soda သုံးရင် အချဉ်တခုခုထပ်ထည့်ရင် မုန့်ပွပါတယ်။ ရှာလကာရည် သိူ့ သံပရာရည်ပါ။ baking powder က အချဉ်ဓာတ်ပါပြီးသားပါ။ အပူနဲ့ဆို ဓာတ်ပြုပြီမုန့်ပွပါတယ်။
ရိုးရိုးဒယ်အိုးနဲ့လုပ်လည်းရပါတယ်ခင်ဗျ
👍👍👍
Thank you ❤️😊
မြန်မာမုန့်တွေအကုန်လုံးကြိုက်တယ်
လုပ်စားကြည့်ဦးမယ်
ကျေးဇူးပါဆရာ
ဟုတ်။ လုပ်စားကြည့်ပါဗျ 😊ကျန်းမာပျော်ရွှင်ပါစေ🙏
တော်တယ်နော် အမျိုးမျိုးချက်တတ်တယ်အကိုလုပ်တော့လွယ်သလိုပဲညီမတွက်ခက်လိုက်တာ😊
Thank you 💞😊
💓💓💓
Thank you 💞😊
❤❤❤
❤️❤️❤️
စားချင်စရာလေး😍
ဟုတ်ကဲ့ 😊
ဟင်းချက်နည်းနဲ့မုန်လုပ်နည်းတွေကို နေ့တိုင်းစောင့်မျှော်နေတယ်နော် ကျေးဇူးပါနော် အစ်ကို😊😍
အခုလိုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ😊🙏
GOOD
Thank you 💞😊
အရမ်းကြိုက်တဲ့အစားစာလေးပါရှင့်😊❤
ဟုတ်ကဲ့ 😊
ကျေးဇူးပါ 😻😊👍
အိမ်မှာ လုပ်တာဆိုတော့ ပူပူကြွပ်ကြွပ်လေးစားရတာပေါ့
စားပါဦးမည်
ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷ကျန်းမာပျော်ရွှင်ပါစေ🙏
@@Cookfork1 ဟုတ်😊🌷
ဒံပေါက်လေးချက်ပြပါ
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ
ကျေးဇူးပါ
ကျေးဇူးတင်ပါတယ်ခင်ဗျာ
ငရုပ်သီးစိမ်းလေးပါ ညှပ်ထည့်ပြီး စားလိုက်ရရင်ရှယ်ပဲဗျာ
ဟုတ်သား ငရုတ်သီးစိမ်းမေ့😋
Baking powder ဝယ်ထားပြီး မသုံးဖြစ်ဘူး။ ဒါလေး စမ်းလုပ်ကြည့်မယ်။
ဟုတ်။ လုပ်စားကြည့်ပါဗျ 😊
ချဉ်စော်ကားသီးယိုလုပ်နည်းတင်ပေးပါအုံး
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ