Ba Na Hills (Vietnam Vlog 3)

Sdílet
Vložit
  • čas přidán 13. 05. 2023
  • Welcome back to my channel! here's part 3 of my Vietnam travel vlogs.
    Background music is owned by • SƠN TÙNG M-TP | THERE’...
    တိမ်တွေကြားထဲက နတ်ပြည် Ba Na Hills 🇻🇳 (ဘာနာဟေး)
    Vietnam ဆိုတာနဲ့ Ba Na Hills ကို တန်းသိကြတယ်မဟုတ်လား။သိရမှာပေါ့ ကမ္ဘာကျော်ပဲလေ။
    ဘယ်လောက်လှသလဲ အံ့ဩစရာလည်းဆိုတာကို မြန်မာလို နှံ့နှံ့စပ်စပ် ဘယ်မှာမှ ရှာမရပေမဲ့ ကျွန်တော် အခုပြပေးပါတော့မယ်။
    အမြန်ပဲ video လေးကို ကြည့်လိုက်တော့နော် ။မပျင်းစေရဘူးလို့ လုံးဝ အာမခံပါတယ်။
    📍လမ်းညွှန်
    ဒါနန်မြို့ထဲ (Dragon bridge)မှ ကားဖြင့် 1:20 မိနစ်လောက် ကြာပါတယ်။ ကားကို အသွားအပြန်ငှါးထားရမှာပါ။ ကြာချိန်ကတော့ အသွားပြန်နှင့် လည်ချိန် ပုံမှန်လည်ပတ်မယ်ဆိုရင် 6-8 နာရီလောက် ကြာပါတယ်။ ကားခ မြန်မာငွေ 60000 Ks ပတ်လည် ကျနိုင်ပါတယ်။ Hotel ကိုပြောလိုက်ပါ အပြင်က ငှါးတာထက် အများကြီး သက်သာပါလိမ့်မယ်။
    🎟️ဝင်ကြေး
    လူကြီး 110000 Ks ပတ်လည်
    4m အထက် ကလေး 100000 Ks ပတ်လည်
    4m အောက် ကလေး Free
    ညလက်မှတ်ကတော့ 90000 Ks ပတ်လည်ပါ။
    ဘူဖေးစားချင်သောသူများ Ticket +Lunch ကိုတခါထဲ တွဲဝယ်တာ ပိုသက်သာပါတယ်။
    France village hotel တည်းချင်သူများကတော့ တညကို 500000 Ks နီးပါးကျသင့်မည့်အပြင် ဝင်ကြေးလည်း Discount ဖြင့် ထပ်ပေးရမှာပါ။
    လက်မှတ်များကို ဟော်တယ်ကဖြစ်စေ၊ လမ်းမှာတွေ့တဲ့ Tour ကြိုက်တဲ့နေရာကဖြစ်စေ၊ Kkday စတဲ့ လိုင်းပေါ်ကဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ ဟိုကျမှ ဝယ်ရင် ပိတ်ရက် လူတိုးပါတယ် ။လျော့စျေးမရှိပါဘူး။
    ⏰ဖွင့်ချိန်
    Day 7:00 - 17:00
    Evening 15:00-21:00 ( High season only)
    💢သတိထားရမည့်အချက်
    1.လူအရမ်းများတာမလိုချင်ရင် စဖွင့်ချိန်အရောက်လောက်သွားပါ သို့ ညနေလက်မှတ်ဝယ်ပြီး 15:00 မှတက်ပါ။
    2.စျေးအရမ်းကြီးတာဖြစ်လို့ လုံးဝ ကြိုတင်ဘိုကင်မဝယ်ပါနှင့် နက်ဖန်ရာသီဥတု ကြည့်ပြီး ကောင်းတယ်ဆိုရင် ညမှ ဟော်တယ်ကို ကားခေါ်ခိုင်းလိုက်ပါ။မိုးလေဝသမကြည်ရင် လုံးဝမသွားပါနှင့်။

Komentáře • 21

  • @khinswethin2086
    @khinswethin2086 Před rokem +2

    လွန်ခဲ့တဲ့ ၂လလောက်က အိပ်မက်ထဲမှာ တောင်တတောင်ကို မိုးရွာထဲ တက်နေတာ အရမ်းလှလို့မှတ်မိနေတာ ဘယ်တောင်မှန်းမသိဘူး။အခုမင်မင့်ရဲ့Vlog ကြည့်တော့မှ Ba Na Hills France Village ပေါ်က ဘုရားဖြစ်နေတယ် 28min နဲ့ 29min ကြားမှာ တွေ့လိုက်ရတော အရမ်းအံ့ဩသွားတယ်။ တနေ့နေ့တော့ သွားဖြစ်အောင်သွားဦးမယ်😘😘😘 ဒီVlog လေး အရမ်းကြည့်လို့ကောင်းပါတယ် မင်မင်

  • @zenithzenith4312
    @zenithzenith4312 Před rokem

    မင်မင်ဒီ bana hills နဲ့ ဒီဇိုင်းနဲ့ အရမ်းလိုက်💚🖤

  • @Ying-ux9sx
    @Ying-ux9sx Před měsícem

    APရဲ့တင်ဆက်ပုံကိုအရမ်းကြိုက်တယ်❤❤❤❤❤❤❤❤❤အမြဲအားပေးနေတယ်❤❤❤🎉🎉🎉🎉🎉🎉🎉🎉🎉🎉

  • @eieikhaing3974
    @eieikhaing3974 Před rokem

    ရှုခင်း‌တွေလဲလှ မင်မင်တင်ဆက်ပုံလဲကောင်း❤❤❤

  • @hlaminthu451
    @hlaminthu451 Před měsícem

    Blog တွေက အရမ်းမိုက်တယ်

  • @mawmaw-2842
    @mawmaw-2842 Před měsícem

    ကျေးဇူးပါ။

    • @lonelyaung
      @lonelyaung  Před měsícem

      ဟုတ်ကဲ့ပါခင်ဗျ

  • @ayeayekhine5777
    @ayeayekhine5777 Před měsícem

    ရောက်ခဲ့တဲ့နေရာလေးပြန်ကြည့်ရတာကျေးဇူးပါ

  • @kyimyint-pi4sb
    @kyimyint-pi4sb Před měsícem

    ❤❤❤❤❤❤❤

  • @htayaungwin325
    @htayaungwin325 Před měsícem

    ကျေးဇူးတင်တယ်နော်သားငယ်ပြောတဲ့အတိုင်းစောစေထပီးသွားပါမယ်၁၀ လပိုင်းရာသီဥတုဘယ်လိုရှိမလဲကလေး

  • @parkjimin6011
    @parkjimin6011 Před rokem

    မင်မင်ရေ....ရှုခင်းလေးတွေတအားမိုက်..facebookမှာအဆင်မပြေလို့စိတ်မညစ်ပါနဲ့..fighting.💜

    • @lonelyaung
      @lonelyaung  Před rokem

      ကျေးဇူးတင်ပါတယ်ညမလေး

  • @AyeThanThan-dq7vc
    @AyeThanThan-dq7vc Před rokem

    အရမ်းကြိုက် သွားတဲ့ vlogလေး
    သားနဲ့အတူ bana hills ရောက်သွားသလိုပါဘဲ
    fighting ပါ သားရေ😍

    • @lonelyaung
      @lonelyaung  Před rokem +1

      တီတီ အရမ်းကြိုက်မယ်ဆိုတာ သိတယ် အတာကြောင့် အရမ်းကိုမှန်းထားတဲ့ဟာလေးပါ

  • @lovelay3516
    @lovelay3516 Před rokem

    ရူခင်းတွေအရမ်းလှလို့fbမှာကောytမှာပါကြည့်pp fbမှာအဆင်မပြေတာစိတ်မကောင်းမဖြစ်ပါနဲ့အမြဲတမ်းအားပေးနေပါတယ်

  • @phyophyomyint3844
    @phyophyomyint3844 Před rokem

    ရှုခင်းလေးတွေကလဲ လှလိုက်တာ မင်မင်ရဲ့တင်ဆက်ပုံကိုလဲသဘောကျ Fightingနော် မင်မင်ရေ

    • @lonelyaung
      @lonelyaung  Před rokem

      ဟုတ်ကဲ့ပါဗျ ကျေးဇူးတင်ပါတယ် အများကြီးပြသပေးပါ့မယ်

  • @chawsudarli8505
    @chawsudarli8505 Před rokem

    သာယာလိုက်တာမင်မင်ရယ် အရမ်းလှတာပဲ😱အိပ်မက်တစ်ခုတိုးပီ သွားလည်ဖို့😁🫶💜🫶

  • @user-wj6gu9yo5w
    @user-wj6gu9yo5w Před rokem

    Bana hillနဲ့ အပြိုင်လှနေတဲ့မင်မင်🥰🥰🥰

  • @nangyeeyee4619
    @nangyeeyee4619 Před rokem

    မင်မင်နဲ့အတူ Ba Na hills ရောက်သွားသလိုပါပဲ။ Thank you ပါရှင် ။ ❤

    • @lonelyaung
      @lonelyaung  Před rokem +1

      အများကြီးပြပေးပါအူးမယ်တီတီ ကျေးဇူးပါဗျ