ပြာရည်ထုပ်
Vložit
- čas přidán 31. 07. 2022
- ပြာရည်ထုပ်
ကောက်ညှင်းထုပ်ပွဲတော်ရာသီဆိုရင်စားရမှကို ကျေနပ်စေသော အိအိထုပ်ထုပ် နဲ့စားကောင်းသောကောက်ညှင်းထုပ်လေးပါ။
ပါဝင်ပစ္စည်းများ
၁.ကောက်ညှင်း..........၂ဗူး
၂.ဆော်ဒါ.................အနည်းငယ်
၃.ဝါးရွက်.................အရွက် ၂၀
၄.ကြိုး.................အချောင်း၂၀
ပြုလုပ်နည်းလေးက Video လေးနဲ့ဆုံပါမယ်။
ဆော်ဒါများရင်ခါးတယ်
ဟုတ်ပါတယ်...အဲ့တာကြောင့်နဲနဲခြင်းချိန်ထည့်သင့်ပါတယ်
ပြာရည်ထုပ်
yes
ကောက်ညှင်းဘယ်နှစ်ဗူးမှာSoda ဘယ်လောက်ထည့်ရမှာလားရှင်။
ကောက်ညှင်း ၄ဗူးကို လက်ဖက်စားဇွန်း တဇွန်းအချိုးပဲထည့်ပေးပါနော်
အခဲ
no ...it is fresh
ကောက်ညှင်းကိုရေစစ်ပြီးမှ ဆော်ဒါနှယ်ရတာလား။ကောက်ညှင်းကိုလှော်ပြီးမှ ဆော်ဒါလုပ်ရတာလားရှင့်
ပြာရည်ထုပ်က လှော်စရာမလိုပါဘူးနော်
ပြရည်ထုပ်ဆိုတော့ ပြာရည်ပါမယ်ထင်တာ
ရှေးနည်းအမှန်ကတော့ ဒူးရင်းသီး အခွံ သို့မဟုတ် ဝါးကိုပြာချ ပြာရည်ရအောင်ဖျော်...ရလာတဲ့ပြာရည်ကိုဖန်ပုလင်းနဲ့ထည့်အနည်ထိုင်၊ ပြီးတော့ အပေါ်က ပြာရည်ကြည်ကိုစစယူထားပုလင်းနဲ့သိမ်းထားပြီး ကောက်ညှင်းဆန်ထဲနဲနဲရောထည့်ပြီးထုပ်တာပါ....စိတ်ဝင်စား ပြီးအချိန်ပေးနိုင်ရင်လိုက်လုပ်ကြည့်လို့ရပါတယ်
သကြားများများအရင်ဖြူး ပြီးမှအုန်းသီးခြစ်နိုင်းခြင်းထဲ့အရမ်းစားကောင်းတယ်
စမ်းစားကြည့်အုံးမယ်...မစားဖူးသေးဘူး
@@moekaungkinchannel 😆😆😆အရူးပြောတာတကယ်ထင်ရင်စားကြည့်
အရောင်မထဲ့ဘဲ သူ့ဘာသာ အရောင်၀ါတာလားရှင့်
ဟုတ်ပါတယ်...ကောက်ညှင်းသားနဲ့ဆော်ဒါနဲ့ထိပြီးပြုတ်လိုက်ရင်ဝါလာတာပါ
ကောက်ညှင်းတစ်ဗူးဆိုတာ နို့ဆီဗူးနဲ့လား ထမင်းအိုးမှာပါတဲ့ဆန်ချိန်ခွက်လား သိချင်လို့ပါ
နို့ဆီဗူးနဲ့ပါရှင့်
အဲဒီထဲမဇာတမျိုးပါရသေးတယ်မဟုတ်ဘူးလား
အကုန်ပါဝင်တာလေးတွေပြောပြထားပါတယ်
မဝါဘူး ဝါအောင်ဘယ်လိုလုပ်ရမလည်းဟင်
စားဆိုဒါလေးကိုနဲနဲချင်းဆီတိုးပြီးထည့်ပေးသွားပါနော်
ကောက်ညှင်ဆံဘယ်နှစ်လုံးကိုဆိုဒါဘယ်လောက်ပါလဲပြောပေပါ
အောက်မှာဖြေထားတာမကြည့်မိလို့ပါတွေ့ပါပြီ
ဟုတ်ကဲ့ပါ... အဆင်ပြေ ပါစေ
ငှက်ပျောရွက်သုံးလို့မရဘူးလား
သုံးလို့ရပေမဲ့ ကျက်တဲ့အချိန်ပေးတဲ့အနံ ့လေးတော့ရမှာမဟုတ်ပါဘူး...ဝါးနံ့သင်းတာလေးကလည်းစားကောင်းစေတာပါ
သုံးလို့ရပေမဲ့အနံ့ မတူပါဘူး...ဝါးရွက်နံ့လေးကြောင့်ဝါးရွက်ကိုသုံးတာပါ။
ရန်ကုန်မှာဝါးရွက်ကိုဘယ်မှာဝယ်လို့ရနိုင်ပါသလဲရှင့်
သံစျေးနားမှာအခုလိုမိုးရာသီတအားပေါပါတယ်...အစည်းလိုက်လေးတွေရောင်းပါတယ်။အကြီးကြီးတွေလည်းရပါတယ်