ရေငုပ်သင်္ဘော နဲ့အတူ ရေငုပ်သင်္ဘော ဖျက်သင်္ဘောအပါအဝင်စစ်ရေယာဉ် ၇ စီးတပ်တော်ဝင်

Sdílet
Vložit
  • čas přidán 23. 12. 2020
  • ဒီဇင်ဘာ - ၂၄ ၊၂၀၂၀
    တပ်မတော် (ရေ) ရဲ့ ၇၃ နှစ်မြောက် နှစ်ပတ်လည် နေ့မှာ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော နဲ့ အတူ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးသင်္ဘောနှစ်စီး အပါအဝင်စစ် ရေယာဉ်အချို့ ကို တပ်တော်ဝင်လိုက်ပါတယ်။
    ဒီလို တပ်တော်ဝင်တဲ့ အထဲမှာ အမြန်သွားတိုက်ခိုက်ရေး သင်္ဘော တွေ ၊ တင့်ကားတင် ကမ်းထိုးရေယာဉ် ၊ တွဲဆွဲ ရေယာဉ်တွေ လည်းပါဝင်ပြီး စုစုပေါင်းစစ်သင်္ဘော ၇ စီး တပ်တော်ဝင်ခဲ့တာပါ။
    ဒီနေ့ တပ်တော်ဝင်တဲ့ ရေငုပ်သင်္ဘောဟာ ဆိုရင် မြန်မာနိုင်ငံရဲ့ ပထမဆုံးရေငုပ်သင်္ဘောလည်းဖြစ်ပါတယ်။
    အဲဒီ့ရေငုပ်သင်္ဘောက ရုရှားနိုင်ငံထုတ်ဖြစ်ပြီး တပ်မတော်အနေနဲ့ အိန္ဒိယနိုင်ငံကနေ ဝယ်ယူထားတာဖြစ်တယ်လို့ သိရပါတယ်။
    ဒီနေ့တပ်တော်ဝင်တဲ့ စစ်ရေယာဉ်တွေမှာ ရေငုပ်သင်္ဘော တစ်စီး ကလွဲရင် ကျန်တဲ့ ၆ စီးကတော့ ရေတပ်က ပြည်တွင်းမှာ တည်ဆောက်ခဲ့တာလို့ တပ်မတော်(ရေ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
    ဒီလို ရေငုပ်သင်္ဘော တပ်တော်ဝင်ဖို့အတွက် ဆယ်စုနှစ်တစ်ခုကြာလေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့ရတယ်လို့လည်း သူကဆိုပါတယ်။
    ရေတပ်တစ်ခုအနေနဲ့ ရေအောက်ရန်ကို ကာကွယ်ဖို့ ရေငုပ်သင်္ဘောဝယ်ယူဖြည့်တင်းတာ ဖြစ်တယ်လို့ သေနင်္ဂဗျူဟာ စောင့်ကြည့်လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက သူရဲ့အမြင်ကို ပြောပါတယ်။
    မြန်မာနိုင်ငံရဲ့ ပထမဆုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောဖြစ်တဲ့ မင်းရဲသိင်္ခသူကို ပြီးခဲ့တဲ့ အောက်တိုဘာ၁၅ရက်နေ့မှာ ပင်လယ်ပြင်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကာ စတင်ပြသခဲ့ပြီး ဒီနေ့မှာတော့ တပ်တော်ဝင်လိုက်တာပါ။
    ဒီနေ့ အခမ်းအနားကိုတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ တပ်မတော်(ရေ) တာဝန်ရှိသူတွေနဲ့ တပ်မတော်အကြီးအကဲတွေ၊ ရုရှားသံအမတ်၊ အိန္ဒိယသံအမတ်အပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာကိုတွေ့ရပါတယ်။
    ရုပ်သံသတင်းထောက်-အိမ့်မြတ်နိုးဇော်
    Subscribe to our channel at bit.ly/2CVSP6d
    Check out our website: www.7daydaily.com/
    Connect with us at our social media handles:
    Facebook: / 7dayonlinetv
    Twitter: / 7day_tv

Komentáře • 6

  • @chartmon289
    @chartmon289 Před 3 lety +7

    ဒါမှတို့မြန်မာကွာ...အားပေးနေပါတယ်ဖျာ..ကျေန်တော်မွန်လူမြိုးပါ

  • @myochitmin6620
    @myochitmin6620 Před rokem

    တရုတ် ကျုးကျော် တာကို
    ပြန်တိုက် နိုင်ရန်.....
    အမေရိကန် ရေငုတ်သဘော်
    အကောင်းစားတွေ
    ဝယ်ယူပိုင်ဆိုင်ထားသင့်🎉🎉🎉

  • @nayphyowai9477
    @nayphyowai9477 Před 3 lety +5

    ဟိုးးး ဘူးသီးခြောက်လောက်ရှိတာ သေးတယ် ဒီထက်ကြီးတာ မရှိလို့လား ဝယ်ဗျို့ အားပေးတယ် ဒါပေမယ့် ကောင်းကောင်းမောင်းကြဦး တော်ကြာ မမြင်မကန်းနဲ့ ဟိုဝင်တိုက် ဒီဝင်တိုက်ဖြစ်နေဦးမယ် ကိုယ်တိုင်ထုတ်ဖို့လည်း ကြိုးစားကြပါဦး အကြွေးတေများနေတယ်နော်.....

    • @phoehtoo6835
      @phoehtoo6835 Před rokem +1

      F14ကမြန်မာနိုင်ငံထုတ်ပါဗျ

  • @HH-lm7by
    @HH-lm7by Před 3 lety +1

    Good navy myanmar army military.

  • @minma7187
    @minma7187 Před 3 lety +1

    မနေ့တနေ့မှပေါ်လာတဲ့ AA လိုဘိန်းဓားပြ
    သာသာအဖွဲ့ကိုအရင်နိုင်အောင်တိုက်ပြပါဦးဗျာ။