မဟာပိန္နဲနတ်ဘုရားရုပ်တုကို အိန္ဒိယမှာ ဘယ်လိုထုလုပ်ပူဇော်ကြလဲ.. ဗဟုသုတရအောင်

Sdílet
Vložit
  • čas přidán 27. 09. 2022
  • မဟာပိန္နဲနတ်
    💥💥💥💥
    မဟာပိန္နဲ နှင့် တွေ့ရှိမိသလောက်ကျမ်းစာ
    များမှ ကိုးကားကာ အနည်းငယ်တင်ပြချင်ပါသည်။
    အမျိုးသားပညာဝန် ဆရာကြီး ဦးဖိုးကျားက
    သူ့ရဲ့ ၃၇မင်းစာအုပ်မှာ မဟာပိန္နဲနှင့်ပတ်သက်၍
    အဓိပ္ပါယ် ငါးမျိုးပြောထားရာမှ တစ်ခုကို အရင်ဆုံး
    ထုတ်နုတ်တင်ပြချင်ပါသည်။
    * ပရမီသွာ နတ်မင်း၏ မိဖုရား ဟာရိနီမည်သော
    ဥမ္မာဒေဝီမှ ဤမဟာပိန္နဲ ကို ဖွားသည် ဟု
    လောကပညတ္တိ ကျမ်းတွင် ဆိုသည်။
    မွေးဖွားစက စနေဂြိုဟ်လာ၍ ကြည့်ရှုရာ
    စနေဂြိုဟ်နတ်၏ တန်ခိုးကြောင့် ဦးခေါင်းသည်
    ကျွမ်းလောင်ပြာဖြစ်၍ ကွယ်ပျောက်သွားလေသည်
    နှင့် ပိင်္ဂလဆင်ဦးခေါင်းကို ဖြတ်၍ တပ်ထားသည်။
    ထို့ကြောင့်လည်း ဂဇနန ဟူသော အမည်ကို
    ရသည် ဟု သက္ကတဘာသာ ရာမယန စသည်
    ကျမ်းတို့၌ ဆိုသည်။ *
    ဒီအဆိုကတော့ ဆရာကြီးရဲ့ ကိုးကားစာ
    ညွှန်းအဆို နှင့်တကွ ယူဆချက်ဖြစ်ပေသည်။
    ကျီးသဲလေးထပ်ဆရာတော်၏ ဇမ္ဗူ ဒီပစာတမ်း
    တွင် အကျယ်ဖွင့်ဆိုချက်ကို အနည်းငယ်
    ကူးယူဖေါ်ပြပါရစေ။
    🔥 မဟေသရ ၏ သား မဟာပိန္နဲ 🔥
    မဟေသရ နတ်မင်း၏သားကား ခန္ဓ ကုမာရ
    အမည်ရှိ၏။ ကြီးသော တန်ခိုးအာနုဘော် ရှိ၏။
    ဥဒေါင်းယဉ်ကိုစီး၏။ ဇမ္ဗူ ဒိပ်ကျွန်း၏ တောင်စွန်း
    ၌ လည်းကောင်း၊ မြောက်စွန်း၌ ဖြစ်သော စိန့်
    တိုင်း၌ လည်းကောင်း လှည့်လည်လေ့ပြု၏။
    ထို ခန္ဓကုမာရကို မဟာပိန္နဲ ဟုခေါ်ကြသည်။
    အဘနှင့် တူသော အသွင်သဏ္ဍာန်ရှိရကား
    သိကြားမင်းက ယုံမှားကင်းစိမ့်သောငှာ
    ဆည်းလည်းငယ်ကို လည်၌ ဆွဲစေသည်။
    ထို မဟေသရ နတ်မင်း ဥမ္မာဒေဝီ မိဖုရား
    တို့၌ သားသမီးပေါင်းကား နတ်ယောက်ျား
    ငါးရာ နတ်မိန်းမငါးရာရှိသတည်း။
    _________________
    ဒီနေရာမှာ မဟာပိန္နဲ၏ အဖေဟုဆိုသော
    မဟေသရနတ်မင်း ပုံသဏ္ဍာန် ဖေါ်ပြရသော်
    မြတ်စွာဘုရားသခင်သည် ကပိလဝတ်ပြည်အနီး
    တောအုပ်ကြီးတွင် မဟာသမယသုတ်တော်
    ကို ဟောတော်မူသောအခါ နတ် အပေါင်းတို့
    စုဝေးသည်ကို မဟေသရနတ်မင်းကလည်း
    ထို့အတူ စုဝေးစေအံ့ဟု ပြိုင်ဆိုင်လို၍ နတ်ပရိသတ်
    သို့ဝင်၍ နီဖြူကြောင်ကျား ဆန်းပြားသောအထည်
    တို့ကို ယူ၍ ကိုယ်၌ ကပ်ပြီးလျင် ကြီးစွာသော
    မြွေကို ဦးခေါင်း၌ ရစ်ပတ်လျက် လက်တဖက်က
    အိုးခြမ်းကွဲ၊ လက်တဖက်က တံကျင်သုံးချောင်းကို
    ထောက်လျက် တရားဟောရာအရပ်၌ အနီးသို့
    လာပြီးလျင် များစွာသော ပရိသတ်တို့၏ ရည်
    ဖွယ်ကိုပြလျက် အထူးထူးသော ကခြင်းတို့ဖြင့်က၏။
    တချို့မဟာပိန္နဲ ပုံတို့သည် ဒီစာ အထောက်
    အထားများအရ မဟေသရနတ် သဏ္ဍာန်နှင့်
    သားဖြစ်သူ မဟာပိန္နဲ တို့၏ အသွင် သဏ္ဍာန်များ
    ရောပြွမ်းကာ ပြထားကြပါပေသည်။
    ဦးသန်းဆွေ(ထားဝယ်) ၏ နတ်သမိုင်း
    တွင် ...
    အတွင်းသုံးဆယ့်ခုနှစ်မင်း နတ်များ၌
    မဟာပိန္နဲ နတ်မင်းကြီးသည် နတ်ကိုယ်နှင့်
    ဆင်ဦးခေါင်းတို့နှင့် ဖြစ်၍ မိမိဦးခေါင်းရှိ
    ဆင်နှာမောင်းကို ကိုင်ဆုပ်နေဟန်နှင့်
    ကြွက်ယဉ်ကို စီးနေဟန်ထုလုပ်ကြသည်။
    မဟာပိန္နဲနတ်မင်းကြီးသည် ဟိန္ဒူအယူအဆမှ
    ဆင်းသက်လာသော်လည်း မြန်မာပြည်သို့ ပုဂံခေတ်
    ထဲမှ ရောက်လာသည်ကို အပယ်ရတနာဘုရား
    နံရံဆေးရေး ပန်းချီပုံအရ ထင်ရှားနေပေသည်။
    မင်းကင်းမြို့မှ မြန်မာဆေးဆရာ ဦးကျော်ကျော်
    ထံမှ နတ်ခေါ်ကျမ်းပေစာလင်္ကာ၌
    ** တေဇပြင်းရှိန် အသူရိန်အသူရာ
    မဟာဝိသကြုံ ပစ္စုန်မိုးနတ်
    သူရသဒီ စန္ဒီ ပရမီသွာ
    မဟာပိဏှဲ ကျော်ဘဲပေါ ံပြ
    ဂေါရမန္ဒာ နတ်ငါးဖြာနှင့် **
    ဤတွင် မြတ်စွာဘုရားမပွင့်ခင်ကခြင်းနဲ့
    လောကတွင် လူအများကိုးကွယ် ခဲ့ကြသော
    မဟာဝင် နတ်ကြီးများတွင် သူရသဒီနတ်သမီး
    စန္ဒီနတ်သမီး ပရမေသွာနတ်မင်းကြီး မဟာပိန္နဲ
    နတ်မင်းကြီး ဂေါရမန္တနတ်မင်းကြီးတို့တွင်
    မဟာပိန္နဲနတ်က ပါဝင်နေပေသည်။
    ဤမျှဖြင့် လေ့လာမိသမျှ တင်ပြရသည်ကို
    မပြည့်စုံနိုင်သေးပါ။ ဗဟုသုတ အနည်းငယ်
    ဖြစ်စေလိုခြင်း အာသီသဖြင့် စာပေမိတ်ဆွေ
    တို့အတွက် တင်ပြရခြင်းဖြစ်ပါသည်။
    💥
    ကိုးကားစာ
    မောင်သန်းဆွေ(ထားဝယ်) နတ်ဓလေ့
    ဦးဖိုးကျား ၃၇မင်း
    ကျီးသဲလေးထပ်ဆရာတော် ဇမ္ဗူဒီပစာတမ်း။
    Credit _ Swe Oo Doung

Komentáře •