သတင်းစာ စကောလားက language schoolအတွက်ဘဲ ထောက်ပံ့တာလားဗျ အကို ကျတော်က first year အောင်ထားပါတယ် နောက်က ပိုက်ဆံသိပ်မလိုက်နိုင်လို့ ဘယ်လိုလုပ်ရမလဲ မသိဖြစ်နေတ။ပါအကို ဖြေပေးပါအုံး
First Year အောင်ထားရင် လျောက်လို့ရပါတယ်။ ဂျပန်ဘက်က ခေါ်တာ language School အတွက်ဘဲ အရင် ခေါ်တာများပါတယ် ။ပြီးမှ college ဆက်တက်ချင်လည်း ရပါတယ် college တက်ရင်လည်း Schollar ယူလို့ ရပါတယ် ။
သတင်းစာစကော်လာရတဲ့ကျောင်းသားနဲ့ ပုံမှန်သွားပြီးတော့ စားသောက်ဆိုင်မှာလုပ်မဲ့ကျောင်းသားတို့ရဲ့ လစာဘယ်သူများလဲဗျ တွက်ပြပေးပါ ✨️
@@TunTunOo-dv2gt
video နဲ့ ရှင်းပြပေးပါဗျ။
ပြောရမှာ နည်းနည်း များလို့
သီတင်းစာစကော်လာက COE လျှောက်ရင် ဘဏ်စာအုပ်ပြစရာလိုလားရှင့်
COE လျှောက်ရင် ဘာတွေလိုအပ်လဲရှင့်
မလိုဘူးဗျ
company ဘက်က အကုန် လုပ်ပေးတာ ပါ
အကိုသွားတဲ့agencyလေးပြောပြပေးပါ့လား
Shinbun scholarship က language school တွက်ပဲထောက်ပံ့ပေးတာလားရှင့် language school မဟုတ်ဘဲ college join မယ်ဆိုရင်လည်း scholarship ပေးလားရှင့်
ဟုတ်ကဲ့ဗျ ဂျပန်ဘက်က ခေါ်တဲ့ အပေါ် မှုတည်တယ်ဗျ။
အခုချိန်ထိတော့ language school အရင် တက်ပြီး college ကို ဆက်တက်ရမယ် ဆိုတဲ့ plan တွေ ဘဲ တွေ့ဖူးတယ် ဗျ။
အကိုသွားတုန်းကအကျမ်းဖျဥ်းဘလောက်ကုန်ခဲ့လဲဗျ
ကျွန်တော်က 3.2020 လောက်မှ ဂျပန်ကို ထွက်လာတာ။
အဲတုန်းကတော့ အကုန်လုံး စုစု ပေါင်းမှ သိန်း ၆၀ လောက်ဘဲ ကျတယ်။
အခုတော့ dollar 💵 ဈေးပေါ် မှုတည်လိမ့်မယ်။
Shinbun scholar ကN3အောင်းပြီး၊10တန်း(၂၀၂၀)အောင်ဆိုရင်ကောအဆင်ပြေလားခဗျ(N2လေ့လာနေပါတယ်)😅
Shinbun scholar ဖြစ်ဖြစ် ကိုယ်ပိုက်ဆံနဲ့ ကို ကျောင်းလျောက်တာ ဖြစ်ဖြစ် တက္ကသိုလ် ပထမ နှစ် အောင်ထားမှ လျောက် လို့ ရပါတယ်ဗျ။
Scholar သေချာလျှောက်ပေးတဲ့ ကျောင်းလေး recommend ပေးပါဦးရှင့် တကယ်လိုအပ်နေလို့ပါ
Sann linnမှာခေါ်နေပါတယ်
College ဝင်ခွင့်က ဘာနဲ့ဆုံးဖြတ်တာလဲခင်ဗျ
ဆယ်တန်းအမှတ်နဲ့လား
ဂျပန်စာ level (JLPT ) N2 အောင်ထားရင် ကြိုက်တဲ့ College မှာ ရွေး တက်လို့ရတယ်။
N3 အောင်ထားရုံ လည်း ရတော့ ရပါတယ် သိပ်အဆင်မပြေဘူးဗျ။
သတင်းစာscholarshipဘယ်ချိန်လပိုင်းေလာက်စခေါ်တာလဲရှင့်
၄ လ ပိုင်း Intake အတွက် ခေါ်တာ များပါတယ်။ ဘယ်အချိန် လောက် စခေါ်တာလဲက Agency ပေါ် မှုတည်ပါတယ်။
ကျောင်းစာလုပ်ချိန်ရော တစ်ရက်ကို ဘယ်နှစ်နာရီလောက် ပေးရလဲဗျ
ညနေခင်း သတင်းစာက5နာရီဆို ပြီးပါပြီး။ 5နာရီကနေ မနက်သတင်းစာပို့ချိန် 2:00 or 1:30 အထိ အချိန်ရပါတယ် ကိုယ်ကြိုက်သလို စီမံလို့ရပါတယ်
interview အတွက်ဘာတွေမေးလဲရှင့်
မေးတဲ့ မေးခွန်တွေက N4 level လောက်တွေပါဘဲ ။ အဓိက မေးတာကတော့ အိပ်ရေးပျက်ခံနိုင်လား ?
အပင်ပန်းခံနိုုင်လား
ဂျပန်မှာ ဘာလောက်နေမှာလဲ ?
စက်ဘီး ၊ဆိုင်ကယ် စီးတတ်လား ?.....
အကိုသွားခဲ့တယ့်အေဂျင်စီလေးဖြစ်ဖြစ်သင်တန်းကျောင်းဖြစ်ဖြစ်ပြောပြပေးပါဗျ
ဟုတ်ကဲ့ဗျ ပြောပြပေးလို့ ရပါတယ်။
ဒီမှာတော့ ပြောလို့မရဘူးဗျ
comment မှာ mail လေး တစ်ချက် မန့်ခဲ့ ပေးပါ။
အကိုသွားခဲ့တုန်းကagency နာမည်လေးပြောပြပေးလို့ရမလားရှင့်
နာမည်တော့ rule အရ ပြောပြပေးလို့မရလို့ပါဗျ။ အဲဒီ agency အခုထိ Sakura Tower မှာ ဖွင့်ထားတုန်းပါဗျ။
မိန်းကလေးတွေကောသတင်းစာscholarshipပေးလားရှင့်
ခေါ်တော့ ခေါ်တယ်ဗျ။ တော်တော်နည်းပါတယ်။ တကယ်လည်း ပင်ပန်းပါတယ် အဓီက အရေး မဝတာတွေ အဖြစ်များပါတယ်။
သတင်းစာ scholarနဲ့ language schoolတက်ပြီးရင် tokuteiပြောင်းလို့ရလားဗျ
ရတယ် ဗျ ပြောင်းလို့ ရတယ် စာချုပ် ပြန်မချုပ်ခင် ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဗျ။
သတင်းစာ စကောလားက language schoolအတွက်ဘဲ ထောက်ပံ့တာလားဗျ အကို
ကျတော်က first year အောင်ထားပါတယ်
နောက်က ပိုက်ဆံသိပ်မလိုက်နိုင်လို့ ဘယ်လိုလုပ်ရမလဲ မသိဖြစ်နေတ။ပါအကို ဖြေပေးပါအုံး
First Year အောင်ထားရင် လျောက်လို့ရပါတယ်။ ဂျပန်ဘက်က ခေါ်တာ language School အတွက်ဘဲ အရင် ခေါ်တာများပါတယ် ။ပြီးမှ college ဆက်တက်ချင်လည်း ရပါတယ် college တက်ရင်လည်း Schollar ယူလို့ ရပါတယ် ။
Shinbun scholar က ကိုယ့်ဘာသာလျှောက်ရင်ရောရနိုင်လားဗျ
Agency က လျောက်ကြတာ များတယ် ဗျ ကိုယ်ဟာ နဲ့ ကို လျောက်တာ တော့ မတွေ့ ဘူး သေးဖူးဗျ ။ ဂျပန်ဘက်က ခေါ်တာကလည်း agency ကနေ ဘဲ တဆင့် ခေါ်ကြတာ ဗျ။
N2 passed ဆိုရင်college တန်းတတ်လိုရတယ်ဆိုတော့ အဲ့လိုcollegeတန်း တတ်ပြီး shinbon scholarship လျောက်လို့ရလားဗျ.
ဒါမှမဟုတ် language school 1နှစ်စာကိုပဲ shinbon scholar ယူပြီး college တတ်ရင် အချိန်ပိုင်းအလုပ်ပဲလုပ်ပြီး Shinbon scholar မယူလို့ရလား
ရတယ် bro
စာချုပ်မချုပ်ခင် ကိုယ်မှ ရွေးချယ် ခွင့် ရှိတယ်
ချုပ်ပြီး ရင်တော့ မရတော့ ဘူး ။
တစ်ခုက shinbun scholar က လွယ်လွယ် နဲ့တော့ မရဘူး agency သိုမဟုတ် ထောက်ခံပေးမယ့်သူကောင်းကောင်းရှိမှာ ရနိုင်တာ ပါ။
Shinbun scholarship ကဆယ်တန်းအောင်ရင်ခေါ်လားဗျ
ကျွန်တော် တို့ ကို ခေါ်တုန်းကတော့ university ပထမ နှစ် အောင်တဲ့ သူတွေ ကိုဘဲ ဦးစားပေးခေါ်တယ်ဗျ
ဂျပန်မှာ ကျောင်းတက်ဖို့ဆို university ပထနှစ် အောင်ထားဖို့ လိုတယ်ဗျ။
အကို သတင်းစာscholarက၁၀တန်းအောင်မှလျှောက်လို့ရတာလားရှင့် ၉တန်းပြီးဆိုရင်ကို ရလား😢🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
အခုထိ အကိုတွေ့ဖူး သလောက်တော့ University ပထမနှစ် အောင်ထားတဲ့ သူတွေ ကိုဦစားပေး ခေါ်တယ် ။
@@psasharing9908 ဟုပ် ကျေးဇူးပါ😭
သတင်းစာ စကောလာနဲ့ဆိုရင် သွေးအောင်ဖို့လိုလားဗျ
လိုတယ်
၂ ခေါက်တောင် စစ်ပေးခဲ့ရတယ်။
lsပြီးသွားရင် ကောလိပ်ပဲတက်ရတာလား university တက်လို့မရဘူးလား
ကိုယ်ကိုတိုင် ရွေးချယ်လို့ရပါတယ်။ college ဆို 2 year or 3year Uni ဆို 4 year ပါ ls ပြီးရင်စာချုပ်ထပ်ချုပ်ရပါတယ်။
သတင်းစာ scholar က ပိတ်ရက်ရှိလားရှင့်
တစ်ပတ်ကို တစ်ရက် ပိတ်ရက်ရပါတယ် ဗျ။
Interview မှာဘာတွင်မေးတာလဲဟင်။ ခက်လား
အများကြီး ဘာမှ သိပ်မမေးပါဘူးဗျ။ 自己紹介 လောက်ပါဘဲ။ ဒါပေမယ် ကျွန်တော် လာတာ2020ကပါ။
College ဆက်မတက်ရင်ရော ရလား
ရတယ်ဗျ college ဆက်တက်ဖို့ ရည်ရွယ်ချက်မရှိရင် language ပြီးတာ နဲ့ စာချုပ်ထပ်မချုပ်ခင် ကိုယ်မှာ ရွေးချယ်ပိုင်ခွင့် ရှိတယ်ဗျ။
စာချုပ်ထပ်ချုပ်ရင်ရော collage အတွက် scholar ရလားဗျ
@@isogaming3277
ရတယ်ဗျ ။ laguage school တက်ကတည်းက
ကိုယ်ဘက် အလုပ်ကို သေချာ လုပ်ပေးတဲ့ လူဆို သူတို့က တောင် စာချုပ် ချုပ်ဖို့ တိုက်တွန်းသေးတယ် ။
College မဟုတ်ပဲ university ဆက်တက်တဲ့လူရော ရှိလားဗျ
ဆက်တက်ခွင့် ရှိတယ်ဗျ။ မိမိ ရွေးချယ်တဲ့အပေါ် မှုတည်သွားတယ်ဗျ။ University ဖို့ ဆုံးဖြတ်ထားရင်တော့ Language School ပြီးတာ နဲ့ စာချုပ် ပြန်ချုပ်တဲ့ အချိန် သေချာ ပြောပြရမှာ ဖြစ်ပါတယ်။ တက်တဲ့ လူတော့ ရှိတယ်ဗျ နည်းနည်း ရှားတယ်။
သတင်းစာ Scholarship လျှောက်တဲ့အခါလေ ဘယ်မြို့ကို ကျချင်ပါတယ်ဆိုပြီး ရွေးလျှောက်လို့ရလားဗျ နောက်ပြီး university တက်နေတဲ့သူတွေက ကိုယ့်အတန်းချိန်ကို ကိုယ်အဆင်ပြေတဲ့အချိန်ယူလို့ရတယ်ဆိုတာရော ဟုတ်လားဗျ
ဘယ်မြို့ ကျချင်ပါတယ်လို့ ရွေးပိုင်ခွင့် မရှိဘူးဗျ။ University မှာတော့ ကိုယ်ကြိုက်တဲ့ အတန်းကို ရွေးတက်လို့ရတယ်။ ဒါပေမယ့် ကျောင်းခေါ်ချိန်တော့ များနေဖို့ လိုတယ်။
Bပိုးရှိတဲ့သူတေလျှောက်လို့ရလားဗျ ဖြေပေးပါအူး
@@AinArr-z6j
အဲဒီတုန်းက ဟုတ်တယ်ဗျ Bပိုးရှိမရှိကို ၃ ကြိမ်စစ်ခဲ့ရတာ ။ လုံးဝမရဘူးကြီးတော့ မဟုတ်ဘူးဗျ။ ဆေးသောက်ရင်း ဆက်ကြိုးစားလို့ရတယ်။