ရှမ်းမြောက် တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တွေဝယ်ယူဖို့ခက်ခဲ

Sdílet
Vložit
  • čas přidán 5. 09. 2024
  • ရှမ်းမြောက် တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တွေဝယ်ယူဖို့ခက်ခဲ
    ရှမ်းမြောက် တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့တွေမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တွေ ရှားပါးနေပြီး ဝယ်ယူဖို့ခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
    ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေထဲ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေပြီး စစ်ရှောင်ဦးရေတိုးနေတာကြောင့် ဆန်အပါအဝင် စားသောက်ကုန်တွေ ရှားပါးနေတာပါ။
    ကျောက်မဲမှာ ဆန်ကြမ်း တစ်အိတ် ၃ သိန်းဝန်းကျင်၊ စားအုန်းဆီ တစ်ပိဿာ ၃ သောင်းကျပ်ဝန်းကျင်နဲ့ ကြက်ဥ တစ်လုံး တစ်ထောင်ကျပ်နီးပါး ဈေးရှိနေပြီး လိုအပ်သလောက် ဝယ်ယူလို့ မရဘူးလို့ သိရပါတယ်။
    သီပေါမြို့တွင်းမှာလည်း တိုက်ပွဲဖြစ်ပွားတာတွေမရှိပေမယ့် စစ်ကောင်စီက မြို့ကိုပိတ်ထားတာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေပြီး လောင်စာဆီကို အကန့်အသတ်နဲ့ တစ်ဦးကို ကျပ် ၃ သောင်းဖိုး ဒီနေ့မှာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
    မြို့ပေါ်တွေမှာ ဈေးတွေ အချိန်ပိုင်းဖွင့်လှစ်တာတွေရှိနေပေမယ့် အသားငါးနဲ့ ဟင်းသီးဟင်းရွက်ရောင်းတဲ့ ဈေးသည်တွေမရှိတဲ့အတွက် ဝယ်ယူဖို့ခက်ခဲနေပြီး ကုန်သွယ်မှုပြတ်တောက်နေတာကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေမြင့်တက်နေတာပါ။
    ရှမ်း-မန်းစစ်ဆင်ရေးအတွင်း လူဦးရေ ၃ သောင်းကျော် စစ်ဘေးရှောင်နေရပြီး ငွေကြေးချမ်းသာသူတွေက စစ်ဘေးလွတ်တဲ့ တောင်ကြီး၊ မန္တလေးမြို့ကြီးတွေကို စစ်ရှောင်နေပေမယ့် အခြေခံလူတန်းစားတွေအနေနဲ့ အနီးအနားကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာသာ ခိုလှုံနေကြရတာဖြစ်ပြီး လူဦးရေများလာတဲ့အတွက် စားနပ်ရိက္ခာအခက်အခဲတွေ ဖြစ်နေတာလို့ သိရပါတယ်။
    (ရုပ်သံ)

Komentáře • 1

  • @chineselanguagesharing2945
    @chineselanguagesharing2945 Před 2 měsíci

    အဲ့ထက်ပိုဆိုးလာနိုင်တယ်😢Taunggyi လာနေကြပါ