ရေးမြို့နယ်စစ်ကောင်စီစခန်းတခုအား ရေးဘီလူးအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံး

Sdílet
Vložit
  • čas přidán 8. 03. 2023
  • ဂျူချန်း
    မဇ္ဈိမ။။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊အရုတောင်ရွာနှင့် စုံနံသာကျေးရွာကြားရှိ စစ်ကောင်စီစခန်းအား ရေးဘီလူးအဖွဲ့က ယနေ့ နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
    ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အရုတောင်ကျေးရွာနှင့် စုံနံသာကျေးရွာကြား ခံသင်းတံတားအနီးရှိ အင်အား ၁၅ ဦးခန့်ရှိသည့် စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ခြင်းဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။
    “ထိခိုက်သေဆုံးမှုကတော့ ငါးဦး၊ခြောက်ဦးလောက်ပဲ ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။ ကျန်တဲ့သူတွေက ခံပစ်မရဲဘူး။ ထွက်ပြေးတယ်။ ဟိုဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆုတ်လမ်းလည်း ဝေးလို့ လက်နက်တော့ မကောက်နိုင်ခဲ့ဘူး” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က မဇ္ဈိမကို ပြောသည်။
    ရေးဘီလူးအဖွဲ့က တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီတပ်၏ အမှတ် (၁၉) စကခ လက်အောက်ခံများဖြစ်သည့် ခမရ(၃၄၃)၊ ခမရ(၅၈၆) နှင့် ခမရ(၅၈၃)တပ်ရင်းများမှ လက်နက်ကြီး အချက်ပေါင်း ၂၀ထက်မနည်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
    ရေးဘီလူးအဖွဲ့သည် မတ်လ ၇ရက်နေ့ကလည်း ရေးတံတားကြီးဂိတ်ရှိ စစ်ကောင်စီခန်းအား တိုက်ခိုက်ခဲ့သလို မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီဒေါက်တိုင်များအား မကြာခဏ တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။ ရေးဘီလူးအဖွဲ့ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစတင်ဖွဲ့စည်းခဲ့ပြီး
    တော်လှန်ရေးအောင်မြင်ပြီးဆုံးပါက လက်နက်စွန့်မည်ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က သတင်းမီဒီယာများအား ဖြေကြားထားသည်။
    စာတည်း - မောင်ကြီး
    #မွန်ပြည်နယ်
    #ရေးမြို့နယ်
    #စစ်ကောင်စီစခန်း
    #ရေးဘီလူးအဖွဲ့
    -----------------------------------------
    @MizzimaTV
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. bit.ly/2VhJ12U
    Subscribe now and join the Mizzima TV family to get insights into Burma's culture and people. With Mizzima TV, you can stay informed about the latest news and events happening in Myanmar, as well as connect with the world.
    / @mizzimanewstv
    Facebook | Myanmar Language - bit.ly/3BuWBSJ
    Facebook | English language - bit.ly/3d5g1V2
    Facebook | Mizzima+TV - bit.ly/3eGNjdl
    Twitter - bit.ly/3Dbvqh1
    Telegram - bit.ly/3RRn2rk
    Tiktok - bit.ly/3xngMzE
    Get Mizzima TV App Free - onelink.to/jnuwak/
    Website:
    www.mizzima.com/
    www.mizzimaburmese.com/
    www.mizzima.tv/

Komentáře • 32

  • @kosoeilovetzukookgyiok5148

    ရေးဘီလူးအဖွဲ့သားအားလုံးဘေးကင်းဖို့ဆုတောင်းပေးပါတယ်

  • @Ricky-dp5ti
    @Ricky-dp5ti Před rokem +2

    good👌👌👌👍👍👍

  • @user-cz5bm5gm9l
    @user-cz5bm5gm9l Před rokem

    တကယ်အားကျတယ်ဗျား❤❤❤

  • @yingtai7235
    @yingtai7235 Před rokem +1

    🙏🙏🙏

  • @kaunghtetkyaw4538
    @kaunghtetkyaw4538 Před rokem +1

    ရေးဘီလူး.အဖွဲ့သားအားလုံးဘေးကင်ကြပါစေ

  • @eishwe3863
    @eishwe3863 Před rokem +1

    May God bless you and all.

  • @nyeinko8854
    @nyeinko8854 Před rokem +1

    ဘေးကင်းကြပါစေအကိုတို့ရေ

  • @roseflower8025
    @roseflower8025 Před rokem +1

    👏👏👏💪

  • @mayau5166
    @mayau5166 Před rokem

    ဘေးကင်းကျမ်းမာအောင်မြင်ပါစေ

  • @redtoad9454
    @redtoad9454 Před rokem

    လေးစားတယ်ညီလေးဘေးရန်ကင်းပါစေ။

  • @user-dp7gb6qg9b
    @user-dp7gb6qg9b Před 5 měsíci

    ဟုပ်ပါ

  • @hatehate8725
    @hatehate8725 Před rokem +1

    အာပေနေပါတယ်

  • @lobe5597
    @lobe5597 Před měsícem

    ❤❤

  • @ghgfyui
    @ghgfyui Před rokem

    ♥♥♥

  • @user-dp7gb6qg9b
    @user-dp7gb6qg9b Před 5 měsíci

    ဟုပါတယ်

  • @tayza2225
    @tayza2225 Před 5 měsíci

    ok

  • @lwinlwin2371
    @lwinlwin2371 Před rokem

    ဖျင်းဖျင်းသားတို့​ရေ​ဘေးကင်းပါ​စေဆု​တောင်း​​နေပါတယ်

  • @katoe5513
    @katoe5513 Před rokem

    တော်လိုက်တာနော်

  • @Mama-pv1xv
    @Mama-pv1xv Před rokem

    ဘေးကင်းကြပါစေ

  • @mayayatun
    @mayayatun Před rokem +2

    ကြိုးတံတား စစ်ခွေး စခန်းကိုလဲ လုပ်ပါအုံး

  • @KoKo-vt8jf
    @KoKo-vt8jf Před rokem

    အားပေးထောက်ခံ၍ အတူတူရပ်တည်နေပါသည်

  • @KoOo-sh8cw
    @KoOo-sh8cw Před rokem

    Very good

  • @aeiphyu-lb7mr
    @aeiphyu-lb7mr Před rokem

    ဘေးကင်းအောင်မြင်ပါစေ💪💪💪👏👏👏👍👍👍

  • @drrwu4668
    @drrwu4668 Před 6 měsíci +1

    ရဲဘော်တွေအားလုံးဘေးရန်ကင်းကြပါစေ❤❤❤❤❤❤❤

  • @tinaye4154
    @tinaye4154 Před rokem +1

    မြေမြှုတ်မှိုင်းတွေသတိထားပါကလေးတို့

  • @htetarkar7933
    @htetarkar7933 Před rokem

    အရေးတော်ပုံ အောင်ရမည်💪

  • @hlwanpaingoo7450
    @hlwanpaingoo7450 Před rokem

    💪💪💪💪💪

  • @mgoo5546
    @mgoo5546 Před rokem

    🥰🥰😍

  • @uzawwaiwai9608
    @uzawwaiwai9608 Před rokem

    ​ရေးဘီလူး​ရေဖိုက်တင်းန်ပါတိုက်ပွဲတိုင်းနိုင်ရမည်

  • @meelay642
    @meelay642 Před rokem

    လမ်းဘေးခွေးစုတ် အရပ်ထဲခွေးကြီးကုတ် ဖိနပ်လဲစုတ် အလုပ်သမားဟန်ဖမ်း မအလရဲ့အက်ရှင်ခန်း ခိုင်းခွေးကအစုတ် ရဲခွေးကဂုတ်သွေးစုပ် pdfကတဖြည်းဖြည်းဖြုတ် ကျည်တစ်ထောင့်နှုန်းသုံးချင်က မြို့ထဲကိုကြွ

  • @Pyaygyi-cb2yz
    @Pyaygyi-cb2yz Před 2 měsíci

    ခေွသား