နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ ပဋ္ဌနာတော်ဖြင့် ဘုရားသခင်ရှေ့တော်မှောက်သိုတိုးဝင်ချဉ်းကပ်ခြင်း၊ သတ္တမနေ့

Sdílet
Vložit
  • čas přidán 25. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “နိုင်ငံတော်တည်ထောင်ပါစေသော်” (၁) Thy kingdom come
    အဓိကအချက် - ပဋ္ဌနာတော် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့တော်မှောက်သိုတိုးဝင်ချဉ်းကပ်ခြင်း၊ သတ္တမနေ့
    ဖတ်ရန်ကျမ်းချက် - ဆာလံကျမ်း၊ ၁၄၅း၈-၁၇
    “ကိုယ်တော်၏နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍၊ အာဏာတော်သည် ကာလအစဉ်အဆက်တည်ရပါ၏။ ထာဝရဘုရားသည် လဲသောသူရှိသမျှတိုကို ထောက်မတော်မူ၏။ -” (ဆာလံ၊ ၁၄၅း၁၃)
    နိုင်ငံတော်တည်ထောင်ပါစေသော် လိုဆုတောင်းသောအခါ ကျွန်ုပ်၏နှလုံးသား၊ အသက်တာမှ စ၍လူသားအားလုံး ၏ နှလုံးသားနှင့် အသက်တာများတွင်၄င်း၊ အရေးအရာကိစ္စအားလုံးတွင် ၄င်း ကိုယ်တော်အုပ်စိုးမူပါ၊ အုပ်စိုးခြင်း အာဏာကိုဆက်လက် တည်တံကျယ်ပြန့် ထင်ရှားစေလျှက်၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်း၊ တရားမျှတခြင်း နှင့်တစ်ကွ နိုင်ငံတော်၏ အနှစ်သာရများ သက်ရောက်ကြွယ်ဝ ပြည့်စုံ၍ တည်နေစေမှုပါဟု ဆုတောင်းခြင်း ဖြစ်သည်။
    ဘုရားသခင်၏နိုင်ငံတော်သည် ယခုမှစတင်ကာတည်ထောင်ခြင်းမဟုတ်ပါ။ နောင်အနာဂတ် (သို) တစ်မလွန်ဘဝ၊ ကောင်းကင်ဘုံတွင်မှ တည်ထောင်မည်အရာလည်းမဟုတ်ပါ။ အချိန်ကာလသတ်မှတ်ချက်ကိုကျော်လွန်ကာ ဘုရားသခင်နိုင်ငံသည်တည်ရှိသည်။ အနာဂတ်တွင်ပြည့်စုံလာမည့် ဘုရားသခင်နိုင်ငံတော်သည် အတိတ်က စတင်တည်ထောင်ခဲ့ပြီးသာဖြစ်ပြီး၊ ယခု ပစ္စုပ္ပန်တွင် တည်ဆောက်ချဲ့ထွင်နေဆဲဖြစ်သည်။
    အေးချမ်းသာယာသောနိုင်ငံတစ်နိုင်ငံဖြစ်ဖိုရန် အုပ်ချုပ်သူ၏ အာဏာ၊ တရားဥပဒေနေရာတိုင်းတွင် သက်ရောက် တည်ရှိ သက်ဝင်နေရန်လိုသည်။ ဘုရားသခင်နိုင်ငံသည်ဘုရားသခင်၏ အုပ်စိုးခြင်းအာဏာ သက်ရောက်သော နေရာ၊ အချိန်ဖြစ်သည်။
    ရှေ့ဦးစွာကျွန်ုပ်နှလုံးသားကို ကိုယ်တော်အုပ်စိုးမှုပါ၊ ကိုယ်တော်သာလျှင် ကျွန်ုပ်ရဲ့သခင်၊ အရှင်၊ အုပ်ချုပ်သူ ဖြစ်တော်မူပါ။ ကျွန်ုပ်ရဲ့အရေးအရာ များအားလုံး (အချိန်၊အာကာသရှိသမျှ) အပေါ်မှာကိုယ်တော်ရဲ့ အာဏာ၊ ဥပဒေ သက်ရောက် အုပ်စိုးတော်မူပါ။ ကျွန်ုပ်ချစ်သူများ၊ မိသားစုများ၊ မိတ်ဆွေများ ကိုလည်း ဆက်လက်အုပ်စိုးပါ ဟုတောင်းခံရန်ဖြစ်သည်။
    ဆင်ခြင်ရန် - မိမိအသက်တာတွင် ဘုရားသခင်၏အုပ်စိုးခြင်းကို အကြွင်းမဲ့ ဝန်ခံခြင်းသည်၊ မိမိအသက်တာတွင် နိုင်ငံတော်တည်ထောင်ခြင်းဖြစ်သည်။
    ဆုတောင်းရန် - ကိုယ်တော်၏နိုင်ငံတော်ကို ကျွန်ုပ်တိုအသက်တာတွင် တည်ထောင်ခွင့်ပြုပါ၏။ ကိုယ်တော်၏အုပ်စိုးခြင်း၊ အာဏာစက်များ ကျွန်ုပ်တို ဘဝအသက်တာရဲ့အခန်းကဏ္ဏတိုင်း ဆုံးဖြတ်ချက်တိုင်းမှာ သက်ရောက်တည်ရှိနေစေတော်မူပါ။ အာမင်

Komentáře •