ခြောက်လှန့်မှုမျိုးစုံတဲ့ သုဝဏ္ဏဘူမိလေဆိပ်က နာနာဘာဝတွေအကြောင်း - Scary Sunday

Sdílet
Vložit
  • čas přidán 7. 09. 2024
  • ထိုင်းနိုင်ငံအတွင်းမှာ သရဲတစ္ဆေခြောက်တယ်ဆိုပြီး နာမည်ကြီးတဲ့ နေရာတွေ အများကြီးရှိပါတယ်။ ဒီနေရာတွေက သရဲကြောက်တဲ့လူတွေအတွက် မသွားချင်ဘူးဆိုလို့ရှိရင် ရှောင်လို့ရတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သရဲတစ္ဆေ ကြောက်ရင်တောင်မှ လုံးဝ လွှဲရှောင်လို့မရမယ့် နေရာတစ်ခု ရှိပါတယ်။ ဘယ်လိုနည်းနဲ့ ရှောင်ချင်တယ်ပြောပြော ထိုင်းနိုင်ငံကို လာမယ် ဆိုရင်တော့ ဒီနေရာကို တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ဖြတ်သန်းရမှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် Budget Airline မဟုတ်ဘဲ တခြားသာမန်လေကြောင်းလိုင်းတွေနဲ့ ခရီးသွားတဲ့သူတွေ အကုန်လုံး ရောက်ဖူးကြမယ့် နေရာတစ်ခုဖြစ်ပါတယ်။ ဒီလောက်ပြောနေတယ်ဆိုရင်တော့ ခန့်မှန်းမိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်နေရာဖြစ်မယ်လို့ ထင်ပါသလဲခင်ဗျာ။ …. သုဝဏ္ဏဘူမိလေဆိပ်လို့ ပြောရင်တော့ မှန်ကန်ပါတယ်ခင်ဗျာ။
    ဟုတ်ကဲ့ပါ ကျွန်တော်တို့ ဒီကနေ့ Scary Sunday အစီအစဉ်ကနေ တင်ဆက်ပေးချင်တဲ့ အကြောင်းက သုဝဏ္ဏဘူမိ လေဆိပ်အကြောင်းပဲ ဖြစ်ပါတယ်။
    ဒီလေဆိပ်မှာ ခြောက်လှန့်နေတဲ့ ဝိဉာဉ်တွေ နာနာဘာဝတွေနဲ့ သရဲတစ္ဆေတွေရဲ့ အကြောင်းကို မပြောခင်မှာ သုဝဏ္ဏဘူမိလေဆိပ်ရဲ့ သမိုင်းကြောင်း၊ တည်နေရာနဲ့ တည်ဆောက်ထားတဲ့ နေရာအစရှိတဲ့ အကြောင်းတွေကို ပြောပြဖို့ရာ လိုမယ်လို့ ထင်ပါတယ်။
    လေဆိပ်က ဘန်ကောက်မြို့လည်ကနေ တိုင်းမယ်ဆိုရင် မြို့အရှေ့ဘက်ခြမ်း ၁၆ မိုင်အကွာလောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ လေဆိပ်တည်ဆောက်ဖို့အတွက်ရည်ရွယ်ချက်နဲ့ မြေဧက အကျယ် ၈၀၀၀ ကို ၁၉၇၃ လောက်ကတည်းက အစိုးရက ဝယ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက ဒီနေရာက ရေစပ်စပ်အမြဲဖြစ်နေတတ်တဲ့ ရေနိမ့်ပိုင်းနေရာ စိမ့်မြေနေရာဖြစ်ပါတယ်။ အဲ့ဒီတုန်းက ဒီနေရာအပိုင်းအခြားကို ထိုင်းဘာသာနဲ့ နောင်ငူးဟောင် မြွေဟောက်စိမ့်မြေတောလို့ ခေါ်တယ်လို့ သိရပါတယ်။ ဒီစိမ့်မြေကို ရေတွေ ဘာတွေ ပြန်စစ်ထုတ်ပြီးတော့ လေယာဉ်ကွင်းဆောက်ဖို့အတွက် ပြင်ဆင်ပြီး သုဝဏ္ဏဘူမိလို့ နာမည်ပေးခဲ့ပါတယ်။ နာမည်ကို တိုက်ရိုက် ဘာသာပြန်ရမယ်ဆိုရင် သုဝဏ္ဏ - ရွှေ ဘူမိ - ဌာနေ ဆိုတော့ကာ ရွှေမြေ ၊ ရွှေဌာနေ လေဆိပ်လို့ အမည်ရတာပေါ့လေ။ ဒီနာမည်ကို အခုလက်ရှိဘုရင်ရဲ့ ဖခင်ဖြစ်သူ ကိုးဦးမြောက် ထိုင်းဘုရင်ဖြစ်တဲ့ Rama 9 ဘူမိဘောက ရွေးချယ်ပေးခဲ့တာပါ။
    ဒီလေယာဉ်ကွင်းက စတင်တည်ဆောက်မယ်လို့ လုပ်တဲ့အချိန်ကတည်းက အခက်အခဲအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရပါတယ်။
    ပထမဦးဆုံး အဟန့်အတား အခက်အခဲအနေနဲ့ဆိုရင် ၁၉၇၃ ခုနှစ်‌ အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ ထိုင်းတက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီးတော့ ထိုင်းနိုင်ငံရဲ့ စစ်အစိုးရနဲ့ ဝန်ကြီးချုပ်ဖြစ်သူ Thanom Kittikachorn ကို ဖြုတ်ချဖို့အတွက် ဝိုင်းဝန်းဆန္ဒပြကြရာမှာ လေဆိပ်စီမံကိန်းက တစ်ခန်းရပ်သွားပါတယ်။
    အဲ့ဒီလိုနဲ့ ၂၃ နှစ်ကြာသွားခဲ့ပြီးတော့ ၁၉၉၀ ခုနှစ်ပိုင်းလောက်မှာ ဒီလေဆိပ်စီမံကိန်းကြီး ပြန်စဖို့ ပြန်ပြီး လုံးပန်းကြပြန်ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ ဂျပန်အစိုးရဆီကနေ ချေးငွေရယူပြီးတော့ ဒီစီမံကိန်းကို ပြန်စလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီတုန်းက အခြေအနေကတော့ နောင် လေးနှစ်အကြာ သက္ကရာဇ် ၂၀၀၀ မှာ လေဆိပ်ကြီး ပြီးစီးမယ်ပေါ့။ ဒါပေမယ့်လည်း ၁၉၉၇ အာရှစီးပွားပျက်ကပ် တွမ်ယမ်ကုန်း စီးပွားပျက်ကပ်ဆိုက်တော့ ထိုင်းတွေလည်း စီးပွားရေး ခက်ခဲမှုအကြီးအကျယ်ကြုံရတာဖြစ်ပါတယ်။ အဲ့ဒီမှာ စီမံကိန်းအတွက် လုပ်ငန်းတွေ၊ ငွေကြေးတွေက ထပ်ပြီး ခက်ခဲကုန်ပြန်ရော။ ဒါက ဒုတိယအခက်အခဲပေါ့လေ။ အဲ့ဒါနဲ့ လေဆိပ်ဖွင့်ဖို့ရက်ကို နောက်ရွှေ့၊ ၂၀၀၄ ခုနှစ် နှောင်းပိုင်းမှာ ဖွင့်မယ်ဆိုပြီးတော့ လုပ်ပြန်ရော။ အဲ့ဒီမှာလည်း ခက်ခဲမှုတွေက အများကြီး ထပ်ကြုံရပါတယ်။ ငွေကြေးတွက်ချက်မှု မှားယွင်းတာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ပြဿနာတွေ ပြီးတော့ အကျင့်ပျက် ခြစားမှုဆိုတဲ့ ပြဿနာတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    ဒီလေဆိပ်တည်ဆောက်ရေးမှာ နှောင့်နှေးခဲ့ရတဲ့ ပြဿနာအကြီးကြီးတစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ နာနာဘာဝ သရဲတစ္ဆေတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒီလေဆိပ်ကြီးက ရှေးဟောင်းသင်္ချိုင်းမြေပေါ်မှာ တည်ဆောက်ထားတယ်ဆိုတဲ့ သီတင်းတွေက တည်ဆောက်နေဆဲ ကာလတွေမှာ ပေါ်ထွက်လာခဲ့ပါတယ်။ ပြီးတော့ ဒီနေရာက အရင်တုန်းက မြွေတွေပေါတဲ့ စိမ့်မြေနေရာဖြစ်တဲ့အတွက်ကြောင့် ကနဦးလုပ်ငန်းတွေ စတင်ခဲ့တဲ့ အချိန်မှာတုန်းက မြွေတွေ အများကြီးကိုလည်း သုတ်သင် ရှင်းလင်းပြစ်ခဲ့ရတယ်လို့ ပြောကြသလို မြွေနဲ့သက်ဆိုင်တဲ့ နာနာဘာဝ ဝိဉာဉ်တွေကလည်း ရှိနေတယ်ဆိုပြီး ပြောစကားတွေ ရှိလာပါတယ်။
    အဲ့ဒီသတင်းတွေနဲ့အတူ ဆောက်လုပ်ရေး လုပ်သားတွေမှာလည်း ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ဆက်တိုက်ဆိုသလို ကြုံတွေ့လာခဲ့ရပါတယ်။ သူတို့တွေ အလုပ်လုပ်နေတုန်းမှာ နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ဂါထာမန္တာန် ရေရွတ်သံလိုလို ဘုရားစာရေရွတ်သံလိုလို ကြားရတာမျိုးတွေ၊ နောက် ညည်းညူသံတွေနဲ့ ငိုတဲ့အသံတွေကိုပါ ကြားရတာမျိုးတွေ ရှိလာပါတယ်။
    နောက်ထပ် လူပြောများတဲ့ အကြောင်းအရာတစ်ခုက အလုပ်သမားတွေ အလုပ်လုပ်နေတုန်းမှာ ထိုင်းရိုးရာတီးလုံးနဲ့ သီချင်းသံကို ကြားရတာပါ။ ဒါပေမယ့် အဲ့ဒီအသံထွက်ရာနေရာကို လိုက်ရှာရင်တော့ ဘယ်ကလာမှန်းသိရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဟိုက ထွက်လာတာလို ဒီကထွက်လာတာလိုလိုနဲ့ သီချင်းသံက အလုပ်ခွင်ထဲမှာ ပျံ့လွှင့်နေတတ်ပါတယ်။ အဲ့လို ကြားရတာမျိုးတွေအပြင် ဝိဉာဉ်တွေ နာနာဘာဝတွေကို မြင်ရတဲ့အထိ ဖြစ်လာပါတယ်။
    အဲ့ထဲမှာမှ Poo Ming လို့ခေါ်တဲ့ အဘိုးကြီးတစ်ယောက်ရဲ့ ဝိဉာဉ်နဲ့ ကလေးပွေ့ထားတဲ့ ဖြူဖတ်ဖြူလျော်နဲ့ ထိုင်းအမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းတွေက နာမည်ကြီးပါတယ်။ Poo Ming လို့ခေါ်တဲ့ ဝိဉာဉ်က မျက်နှာအပြာရောင်ရှိပြီးတော့ တုတ်ကောက်တစ်ချောင်းနဲ့ လမ်းလျှောက်နေလေ့ ရှိတဲ့ အဘိုးကြီး တစ်ယောက် ဖြစ်ပါတယ်။ ညပိုင်းတွေမှာ သူ့ရဲ့ တုတ်ကောက်သံ တဒေါက်ဒေါက်နဲ့ လမ်းလျှောက်နေရတဲ့ အသံကို ကြားရလေ့ရှိပြီးတော့ သူ့ကို မြင်ခဲ့ဖူးတဲ့သူတွေက ဒီအဘိုးကြီးရဲ ခေါင်းတစ်ဝိုက်မှာ အနက်ရောင်လို နက်ပြာရောင်လို အရောင်တွေ ထွက်နေသလိုမျိုး ခံစားရတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် သူ့ကို မြင်လို့ ကိုယ်က လှမ်းခေါ်လိုက်တာမျိုးမှာ ပျောက်ကွယ်သွားတတ်သလို ကြည့်နေရင်းနဲ့ ရုတ်တရက် ပျောက်ကွယ်သွားတတ်တယ်ဆိုပြီးတော့ မြင်တွေ့ခဲ့ဖူးတဲ့ အလုပ်သမားတွေက ပြောကြပါတယ်။
    #scarysunday #storybears #storybearsmm #သရဲ #တစ္ဆေ #ဖြစ်ရပ်မှန်

Komentáře • 67

  • @MyoThiReeKhin
    @MyoThiReeKhin Před 3 měsíci +3

    ❤❤❤ စိတ်ဝင်စားစရာကောင်းပါတယ် အပါတ်စဉ်စောင့်မျှော်အားပေးနေပါတယ်

  • @user-xi4rz2ku4d
    @user-xi4rz2ku4d Před 3 měsíci +1

    Thank you for sharing . May GOD bless you.

  • @hdsgrace8840
    @hdsgrace8840 Před 3 měsíci +2

    That's interesting.👍👍

  • @naungnaunglatt295
    @naungnaunglatt295 Před 3 měsíci +3

    အားပေးနေပါတယ်ဗျ Story Bears ❤

  • @kaungmyat3951
    @kaungmyat3951 Před 3 měsíci +4

    တစ်ရက် တစ်ပုဒ်လောက် တင်သင့်တယ် 😊

  • @interintet5380
    @interintet5380 Před 3 měsíci

    အမြဲ​စောင့်​မျှော်အား​ပေး​နေပါတယ်ဗျာ❤ကြိုက်တယ်များများတင်​ပေးပါ❤❤❤

  • @lusoelay5350
    @lusoelay5350 Před 2 měsíci

    pls post more videos about နာနာဘာဝတွေအကြောင်း

  • @malay8660
    @malay8660 Před 3 měsíci +1

    Thanks you 🙏 🙏 🙏

  • @SnowQueen-nc7tx
    @SnowQueen-nc7tx Před 3 měsíci +1

    Thank you 😊

  • @user-sl6un4pc9r
    @user-sl6un4pc9r Před 3 měsíci +1

    အားပေးနေပါတယ်😊😊

  • @aepaing9759
    @aepaing9759 Před 3 měsíci +1

    Conjuring 2 ရဲ့ story လေးပြောပြပါဦးဗျ ❣️

  • @Mookd_a1
    @Mookd_a1 Před 3 měsíci +1

    ကြက်သီးပါထတယ်

  • @zawmyinthtun1901
    @zawmyinthtun1901 Před 3 měsíci +1

    good

  • @thanzawoo2208
    @thanzawoo2208 Před 3 měsíci +1

    အပြင်လဲပြေဗဟုသုတလဲရ

  • @kayphyo1044
    @kayphyo1044 Před 3 měsíci +1

    မဂ်လာပါS.B 😊

  • @user-be7hb2xk2k
    @user-be7hb2xk2k Před 3 měsíci +1

    7:20ကျေးဇူး

  • @user-yz3cc7ct8e
    @user-yz3cc7ct8e Před 3 měsíci +2

    ဘယ်လောက်ပေးတလကို

  • @joesanga7x740
    @joesanga7x740 Před 3 měsíci +1

    မြန်မာပြည်လာတုန်းက 8 နာရီ layover တဲ့ တော်တော် ခမ်းနားပါတယ်

  • @eihtarmon4965
    @eihtarmon4965 Před 3 měsíci +1

    ❤❤❤

  • @nlssoe
    @nlssoe Před 3 měsíci +1

    thank you

  • @speedytypermananswers5551
    @speedytypermananswers5551 Před 3 měsíci

    Thai royal family so wealthy yet they had to ask money from Japan to build this airport? Such a shame.

  • @phoenixnhn7829
    @phoenixnhn7829 Před 2 měsíci

    မှန်ပါတယ်ဗျာ၊ သူတို့လည်း လူကနေ ပြောင်းသွားတာဆိုတော့ လူကြားထဲမှာပဲ ရှိနေမှာပါလေ၊ ထိုင်းနိုင်ငံသားတွေတွင် မက အခြားနိုင်ငံသားတွေလည်း ရှိနေနိုင်တာပါပဲ။ ဒီတော့ အပြန်အလှန် လေးစားမှု ပေးပြီး မျှဝေပေးလျင် အရာရာဟာ အေးဆေးသာယာမှာပါ။ တစ်ခါမျှတော့ မဆုံဖူးသေးပါ။

  • @SkSk-ns8pe
    @SkSk-ns8pe Před 3 měsíci

    ရောက်ဖူးပါတယ်

  • @user-gd7ml6nn7z
    @user-gd7ml6nn7z Před 3 měsíci +15

    နေပူတော် မအလနေရာလည်း သရဲတွေ များများခြောက်လှန့်ပေးကြပါ

    • @user-cl2oy9xq9q
      @user-cl2oy9xq9q Před 3 měsíci

      ဟာ.......😂

    • @user-zv1cv4fr3e
      @user-zv1cv4fr3e Před 3 měsíci

      😂😂😂😂😂

    • @wunpawngsai5471
      @wunpawngsai5471 Před 3 měsíci +1

      တောင်းတဲ့ဆုပြည့်ပါစေ😂😂

    • @user-he3uc6th7p
      @user-he3uc6th7p Před 3 měsíci

      ❤❤❤❤

    • @noofficial508
      @noofficial508 Před 3 měsíci +1

      သရဲနိုင်ရင် မင်းခေါ်ခဲ့လေကွာ 😂😂😂 အစာကျွေးရတယ် မကျွေးရင် မင်းပထွေးက မင်ဖင်ပြန်ချသွားမယ်🤣🤣🤣🤣🤣

  • @kyawgyi-tc1hj
    @kyawgyi-tc1hj Před 3 měsíci

    ❤❤❤❤❤❤❤

  • @kachin1987
    @kachin1987 Před 3 měsíci +3

    အခုလိုမရောက်ဘူးတဲ့နေရာတွေကိုရောက်‌သွားသလိုထောင့်စေ့အောင်ပြောပြတင်ဆက်မူအတွက်ကျေးဇူးတင်ပါတယ်။အမြဲအားပေးလျှက်ပါ။

    • @mgmg7809
      @mgmg7809 Před 3 měsíci

      ဦးလေးရေထိုင်းနိုင်ငံကမိန်းမတစ်ယောက်နဲ့တူတဲ့တောင်အကြောင်းလေးသိရင်ပြေားပြပါလားရှင့်

  • @aungphonekhant5191
    @aungphonekhant5191 Před 3 měsíci

    တကယ်ခြောက်တာဗျ အရမ်းလဲဆိုးတယ် ကျနော်ဆိုအိမ်မှာဗူးတွေတန်းစီထားတာ စိတ်ပါပြီဆိုယူဆိုးတာ အရမ်းဆိုးတာ

    • @StoryBearsMM
      @StoryBearsMM  Před 3 měsíci

      🤣🤣🤣🤣 လျှော့ဆိုးပါခင်ဗျာ။

  • @user-qe7ou4ko3t
    @user-qe7ou4ko3t Před 3 měsíci

  • @user-rb4yk1tm7k
    @user-rb4yk1tm7k Před 3 měsíci

    ❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @ttm9599
    @ttm9599 Před 3 měsíci

    😯😯

  • @DaNya1897
    @DaNya1897 Před 3 měsíci +1

    Videoသက်သေမရှိရင်မယုံဘူး

  • @kyalsin1393
    @kyalsin1393 Před 3 měsíci

    အကို့ ကိုမျှော်နေတယ်ဗျ 😚

  • @user-zm9pk6ki6b
    @user-zm9pk6ki6b Před 3 měsíci +2

    အဲလိုစိမ့်စမ်းရေထွက်တဲ့နေရာကသတိရမဲ့နေရာပါအထူးသဖြင့်ဖြတ်နင်းမလျှောက်ရဘူးလို့ကြားဖူးသလိုအပေါ့အပါးတောင်သွားစွန့်မိရင်အစောင့်တွေကဒဏ်ခတ်တာကိုကျမ ညီမဆယ်နှစ်သမီးလေးတောင်ခံစားခဲ့ရလို့သွားပြန်တောင်းပန်ခဲ့လို့ပြန်ကောင်းမွန်လာတာ

  • @JohnWick-vf3wo
    @JohnWick-vf3wo Před 3 měsíci

    ထိုင်းနိုင်ငံကတင်းဘုတ်ကိုင်ထားတဲ့ဘီလူးမင်းအကြောင်းလေးပြောပြပါလား

  • @nayminnay234
    @nayminnay234 Před 3 měsíci

    ကိုပြောတာကိုပြန်ကြည့်ပါဘယ်စကားတွေကမှားနေလည်းဆိုတာ တိုင်းငံကိုလာတဲ့သူတိုင်းဆိုတာ

    • @StoryBearsMM

      ဘယ်နားက မှားနေလဲ။ သေချာ ပြန်နားထောင်ကြည့်လိုက်ပါဦး။ လေယာဉ်နဲ့ လာတဲ့သူလို့ ကျွန်တော်သေချာပြောထားတယ်။ လေယာဉ်နဲ့လာတဲ့သူထဲမှာမှ တန်ဖိုးနည်းလေကြောင်းလိုင်းမဟုတ်ဘဲ သာမန်လေကြောင်းလိုင်းလို့ကို သေချာ ထည့်ပြောထားပါတယ်။
      Bro ပြောတဲ့ပုံစံက ဝေဖန်အကြံပြုချင်တာလား ပေါက်ပေါက်ရှာရှာ အပြစ်လိုက်ရှာနေတာလား မသဲကွဲဘူး‌။

  • @WinKyaw-uh9sr
    @WinKyaw-uh9sr Před 3 měsíci +1

    .😅😅b😊

  • @SanOo-gl5lz
    @SanOo-gl5lz Před 3 měsíci

    ရောက်ဖူးတယ်အခြောက်မခံခဲ့ဘူး

  • @myatthu1168
    @myatthu1168 Před 3 měsíci

    Time cityလည်းသရဲခြောက်တာဖဲလေ။

  • @user-jinohnohmin
    @user-jinohnohmin Před 3 měsíci

    ဒါ ဘန်ကောက်လေဆိပ်မလား 😢

    • @StoryBearsMM
      @StoryBearsMM  Před 3 měsíci

      ဟုတ်ပါတယ်ခင်ဗျာ။

  • @kenwoods8601
    @kenwoods8601 Před 3 měsíci

    စောက်ရွီး

  • @user-vl8xj6lm5i
    @user-vl8xj6lm5i Před 3 měsíci

    နားထောင်လိုက်ရင်အရမ်းစိတ်ဝင်စားစရာကောင်းလွနိးပါတယ် ဦးရေ❤

  • @user-yz3cc7ct8e
    @user-yz3cc7ct8e Před 3 měsíci

    နောက်ကကွန်ပျူတာကနှိပ်လို့ရလားစတေကာကပ်ထားတာလား

  • @user-cl2oy9xq9q
    @user-cl2oy9xq9q Před 3 měsíci +1

    ကြောက်လို့မနက်ဖန်မှနားထောင်တော့မယ်😢

    • @KyawKyaw-xc8wl
      @KyawKyaw-xc8wl Před 3 měsíci

      ည ၁၂ :၄၅မိနစ် မှာနားထောင်နေသောမိမိ💀

    • @davidkelvin6713
      @davidkelvin6713 Před 3 měsíci

      ဘာမှကြောက်စရာမရှိ

    • @user-cl2oy9xq9q
      @user-cl2oy9xq9q Před 3 měsíci +2

      ငါတော့ကြောက်တယ်လေ😢💔

  • @eieiphyu7804
    @eieiphyu7804 Před 3 měsíci +1

    မျှော်လိုက်ရတာရှင်

  • @emma_ivan
    @emma_ivan Před 3 měsíci

    🫣🫣

  • @user-vk2sv6sd2u
    @user-vk2sv6sd2u Před 3 měsíci +1

    မအေလိုးကလျှောက်ပြောနေတယ်