သာဝတ္ထိ(Sravasti, India), သုဒတ္ထစေတီ(Anathapindika's Stupa), အင်္ဂုလိမာလစေတီ(Angulimala's Stupa)

Sdílet
Vložit
  • čas přidán 21. 06. 2024
  • -သာဝတ္ထိမြို့
    မြတ်စွာဘုရားလက်ထက်၌ သာဝတ္ထိမြို့တွင် ပသေနဒီကောသလမင်းကြီးနှင့်
    မလ္လိကာမိဖုရားကြီးတို့ စိုးစံနေသလို အနာထပိဏ် သူဌေးကြီးနှင့် သူဌေး ကြီးကတော် ပုညလက္ခဏဒေဝီ၊ မိဂါရမာတာသူဌေးကြီး၊ ကျောင်းအမကြီး ဝိသာခါ၊ သီရိဂုတ္တ၊
    ပရဟဒိန္န၊ ပဉ္စဂ္ဂစသော သူဌေးကြီးများ မှီတင်းနေထိုင်လျက်ရှိသော ကြောင့် “သဗ္ဗံ အတ္ထိ သာဝတ္ထိ” သာဝတ္ထိမြို့တွင် အလိုရှိသည့်အရာမှန်သမျှ အကုန်ရနိုင်သည်ဟု ကမ္ပည်းတင်ခဲ့ခြင်းဖြစ်သည်။
    -သုဒတ္ထစေတီ
    သာဝတ္ထိမြို့ရှိ သုဒတ္ထစေတီသည်အနာထပိဏ်သူဌေး၏ငယ်နာမည်ကိုအစွဲပြု၍မှည့်ထားခြင်းဖြစ်သည်။
    တရုတ်ဘုရားဖူးရဟန်းတော်များရဲ့ မှတ်တမ်းအရ ယခုရောက်တဲ့ နေရာက အနာထပိဏ်သူဌေးရဲ့ အိမ်နေရာဟောင်းအထိမ်းအမှတ် တည်ထားခဲ့တဲ့ စေတီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရှေးဟောင်းသုတေသန တူးဖော်မှုတွေအရ အစောဆုံး ကုသျှနမင်းဆက် အုပ်စိုးခဲ့တဲ့ (ခရစ်နှစ် ၂-ရာစု) လောက်က တည်ထားခဲ့တာလို့ သိရပါတယ်။ နောက်ပိုင်း ဒီစေတီနေရာဟောင်းပေါ်မှာ ကာချိကုဋီ (Kachchi Kuti) ဆိုတဲ့ အမည်နဲ့ ဟိန္ဒူ ဘုရားကျောင်း ဆောက်ထားခဲ့ကြပါတယ်။ ဗုဒ္ဓသာသနာ ၂၅၀၀-ပြည့် ဗုဒ္ဓဇယန္တိပွဲ ကျင်းပကာနီးမှ အစိုးရ အစီအမံနဲ့ ဟိန္ဒူ ဘုရားကျောင်းနဲ့ သာဝတ္ထိမြို့ဟောင်းအတွင်းက ရွာတွေကို မြို့ရိုးအပြင်ကို ထုတ်ခဲ့ပါတယ်။
    -အင်္ဂုလိမာလစေတီ
    သုဒတ္တစေတီရဲ့ အရှေ့မြောက်ဖက် ပေ-၃၀၀ လောက်မှာ အင်္ဂုလိမာလစေတီ ရှိပါတယ်။ အင်္ဂုလိမာလ မထေရ်ရဲ့ ဓာတ်တော်စေတီလို့ ယူဆကြပါတယ်။ အချို့ကလည်း မီးမဖွားနိုင်တဲ့ မိခင်နဲ့ ဝမ်းထဲက ကလေးငယ်တို့ အန္တရာယ်ကင်းစေဖို့ အင်္ဂုလိမာလမထေရ်က သစ္စာအဓိဋ္ဌာန် ပြုခဲ့တဲ့ နေရာမှာ တည်ထားတဲ့ စေတီလို့ ဆိုပါတယ်။ အချို့ကလည်း ပသေနဒိကောသလမင်း ဆောက်လုပ်လှူဒါန်းခဲ့တဲ့ တရားဟော ဓမ္မခန်းမဆောင်(သဓမ္မမဟာသာလ) လို့ ဆိုပါတယ်။ ဒီစေတီဟောင်းပေါ်မှာလည်း ပက္ကိကုဋီ (Pakki Kuti) ဆိုတဲ့ အမည်နဲ့ မွတ်စလင်ဘုရားဝတ်ပြုကျောင်းတခု ရှိခဲ့ပါတယ်။ သာသနာ ၂၅၀၀ ပွဲ မတိုင်မီလေးကမှ ဖယ်ရှားထားခဲ့တာပါ။
    -သရက်ဖြူကုန်း
    ဒေသခံတွေက ဒီနေရာကို သြရဂျာရ် (Ora Jhār) လို့ခေါ်ပြီး၊ မြန်မာဘုရားဖူးများကတော့ သရက်ဖြူကုန်းလို့ ခေါ်ပါတယ်။
    သရက်ဖြူကုန်းထက်မှာ အဆောက်အအုံဟောင်း တွေ့ရပါတယ်။
    ယခုတွေ့နေရတဲ့ သြရဂျာရ် ကုန်းမြင့်လေးဟာ ဗုဒ္ဓမြတ်စွာ ယမိုက်ပြဋိဟာ ပြတော်မူခဲ့တဲ့ သရက်ဖြူပင်ရင်းမှာ အသောကမင်း တည်ထားခဲ့တဲ့ စေတီပျက်ကုန်းမြေလို့ မြန်မာဆရာတော်များက လက်ခံ ယုံကြည်ကြပါတယ်။မြတ်ဗုဒ္ဓသည် ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာတို့ကိုပြလျက် တာဝတိံသာနတ်ပြည်သို့ လှမ်းကြွတော်မူခဲ့သောနေရာလို့ ယုံကြည်ကြပါတယ်။

Komentáře •