ပုဂံမှာ လူသိနည်းတဲ့ ဝိနည်းဓိုရ်ဘုရားစု ထူးခြားမှုများ | Wi Nee Doh Pagodas in Bagan

Sdílet
Vložit
  • čas přidán 10. 07. 2022
  • လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဆိုပြီး စကားရှိထားတဲ့ ပုဂံဟာ များပြားလွန်းတဲ့ ဘုရားစေတီပေါင်းများစွာ ကို ပိုင်ဆိုင်ထားပါတယ်။ ဘုရင်တွေကလည်း နောင်ဘဝ ဘုရင် ပြန်ဖြစ်အောင်၊ မိဖုရားတွေကလည်း နောင်ဘဝ မိဖုရားပြန်ဖြစ်အောင် စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးနဲ့လည်း ဘုရားတွေတည်ခဲ့ကြတယ်။ ဒါကြောင့်ပဲလားမသိ၊ ပုဂံ မှာ လူပြန်ဝင်စားပြီး ဘုရင်ပြန်ပြန်ဖြစ်တယ်လို့ ဆိုကြတဲ့ ပုဂံဘုရင်တွေလည်း ရှိခဲ့ကြတယ်။ အဲ့ဒီခေတ်ကာလမှာ ဘုရင်တွေ တည်ထားတာ မဟုတ်ဘဲ မင်းဆွေမင်းမျိုးတွေက အဝန်းအဝိုင်းတစ်ခုတည်းမှာ ဘိုးစဉ်ဘောင်ဆက် တည်ထားကိုးကွယ်ကြတဲ့ ဘုရားစုတွေလည်း​​ ရှိခဲ့ပါတယ်။ ဒီဘုရားစုတွေထဲမှာ ဝိနည်းဓိုရ်ဘုရားစု ဟာလည်း အပါအဝင်ပါ။ ဒီ​ ဝိနည်းဓိုရ်ဘုရားစု ဟာ လူအသွားအလာ နည်းပါးပါတယ်။ ညောင်ဦး၊ မင်းနန်သူရွာနားက Aureum Palace Hotel & Resort နားမှာ ရှိနေတာပါ။ ဝိနည်းဓိုရ်ဘုရားလို့ သိကြတဲ့ နှစ်ထပ်စေတီကြီးကတော့ လမ်းဘေးနားတင် ထင်သာမြင်သာရှိပြီး ကျန်တဲ့ ဘုရားစုနဲ့ ဝိနည်းဓိုရ်အုတ်ကျောင်းကတော့ နောက်ဘက်လမ်းလေးခြားပြီး တည်ရှိနေပါတယ်။ ထူးခြားစွာ ကျောက်စာတွေ၊ မှင်စာ နဲ့ ဆေးရေးပန်းချီတွေ အတော်ကောင်းမွန်စွာ လေ့လာနိုင်သေးတဲ့နေရာတွေဖြစ်ပြီး ပုဂံသမိုင်းအတွက် အရေးပါတဲ့ အချက်အလက်တချို့ကို သိမြင်လေ့လာခွင့်ရတဲ့ ကျောက်စာတွေဖြစ်တာမို့ သေချာထိန်းသိမ်းထားကြပုံလည်း ရပါတယ်။ လူသိနည်းပေမယ့် စိတ်ဝင်စားစရာတွေနဲ့ပြည့်နေတဲ့ ဝိနည်းဓိုရ်ဘုရားစု အကြောင်း တင်ဆက်ဝေမျှလိုက်ပါတယ်ခင်ဗျာ....
    အားလုံးကျန်းမာဘေးကင်း စိတ်ရွှင်လန်းကြပါစေ
    သီဟလုလင် (Thiha, the Traveller)

Komentáře • 21

  • @sapal9364
    @sapal9364 Před 2 lety +3

    ပုဂံမရောက်တာ5နှစ်ရှိပြီ
    ကျေးဇူးပါမောင်လေး
    ဗဟုသုတလည်းရပါတယ်

    • @ThihaLuLin
      @ThihaLuLin  Před 2 lety

      ဒီ ဝိနည်းဓိုရ် ဘုရားက အတော်လေး လေ့လာစရာ ကျန်နေသေးတယ် 😊

  • @aungmyatkyi-le9zs
    @aungmyatkyi-le9zs Před rokem

    ဆရာတော်ကြီးများရဲ့ တရားခွေတွေ ကောင်းတယ်နော်။
    နားဖြင့် နားထောင်
    နှုတ်ဖြင့် လိုက်ဆို
    နှလုံးသားဖြင့် သံဝေဂယူပေါ့နော်။

  • @heme8840
    @heme8840 Před 2 lety +2

    ကျေးဇူးတင်ပါတယ်,ဗဟုသုတအရမ်းရတယ်
    ပုဂံရှူခင်းကအရမ်းလှတယ်

    • @ThihaLuLin
      @ThihaLuLin  Před 2 lety +1

      ဒီဘုရားတွေက လေ့လာစရာများသေးတယ်
      စိတ်ဝင်စားစရာပါပဲ 🧡

  • @ThanTNge
    @ThanTNge Před 2 lety +2

    ဗဟုသုတရတဲ့အပြင်ကိုယ်တိုင်ရောက်သွားသလိုခံစားရတယ် ကျေးဇူးတင်ပါတယ်

    • @ThihaLuLin
      @ThihaLuLin  Před 2 lety

      လေ့လာစရာမကုန်နိုင်အောင်များတဲ့ ပုဂံပါပဲဗျ

  • @myattun2970
    @myattun2970 Před 2 lety +2

    ဗဟုသုတလည်းရ၊ ေကျေးဇူးတင်ပါတယ်။ Have a nice trip Bro.

  • @yelwin9018
    @yelwin9018 Před 2 lety +1

    လေ့လာမကုန်သောပုဂံဒေသစေတီပုထိုးများအကြောင်းရှာဖွေဖေါ်ထုပ်ပေးတာအထူးကျေးဇူးတင်ပါတယ်။

    • @ThihaLuLin
      @ThihaLuLin  Před 2 lety

      တကယ်ကို လေ့လာလို့ မကုန်နိုင်သော ပုဂံ ပါပဲ

  • @paukma8893
    @paukma8893 Před 2 lety +1

    🙏🙏🙏💙💙

  • @thuraaung4350
    @thuraaung4350 Před rokem +1

    မောင် သီဟးးကျေဇူးဘဲးကွာ

    • @ThihaLuLin
      @ThihaLuLin  Před rokem

      စိတ်ချမ်းမြေ့ပါစေခင်ဗျ

  • @kokolwin1900
    @kokolwin1900 Před 2 lety

    အများမသိကြတဲ့ ဗဟုသုတတွေဖေါ်ထုပ်ပေးလို့ ကျေးဇူးပါ။

    • @ThihaLuLin
      @ThihaLuLin  Před 2 lety

      ကျေနပ်ရပါတယ်ဗျား

  • @mticmtic6230
    @mticmtic6230 Před 2 lety +1

    ဘုရားစုံအကြောင်းသိရတာဖူးခွင့်ရတာကျေးဇူးပါ

    • @ThihaLuLin
      @ThihaLuLin  Před 2 lety

      သာယာတဲ့နေ့လေးဖြစ်ပါစေဗျား

  • @paukma8893
    @paukma8893 Před 2 lety +1

    🙏🙏🙏💙💙