သူရဦးတင်ဦး ဈာပန သံအမတ်များအပါအဝင် ဧည့်ပရိသတ် ရာနှင့်ချီ တက်ရောက်ဂါရဝပြု

Sdílet
Vložit
  • čas přidán 5. 06. 2024
  • #ရုပ်သံသတင်း
    ◾ သူရဦးတင်ဦး ဈာပန သံအမတ်များအပါအဝင် ဧည့်ပရိသတ် ရာနှင့်ချီ တက်ရောက်ဂါရဝပြု
    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်၊ NLD ပါတီနာယကလည်းဖြစ်တဲ့ သူရဦးတင်ဦးရဲ့ စျာပနအခမ်းအနားကို ယမန်နေ့(ဇွန် ၅ ရက်) မွန်းလွဲ ၂ နာရီမှစကာ ရေဝေးသုသာန်မှာပြုလုပ်ခဲ့ပါတယ်။
    သူရဦးတင်ဦးဟာ ဇွန်လ ၁ ရက်က ရန်ကုန်ဆေးရုံကြီးအထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူနေစဉ်မှာပဲ လူကြီးရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။ သူရဦးတင်ဦးရဲ့ရုပ်အလောင်းကို ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ဗောဓိရိပ်သာလမ်းက နေအိမ်မှာ ငါးရက်ထားရှိပြီး ဂူသွင်းမြေမြှုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
    သူရဦးတင်ဦးကွယ်လွန်သွားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဇော်မြင့်မောင်နဲ့ဇနီး သမ္မတဟောင်းဦးထင်ကျော်နဲ့ဇနီး၊ သမ္မတဟောင်းဦးဝင်းမြင့်နဲ့ဇနီးတို့ရဲ့ လွမ်းသူပန်းခြင်းများအပါအဝင် နိုင်ငံတကာသံရုံးများကလည်း လွမ်းသူ့ပန်းခြင်းများ၊ ပန်းခွေများပေးပို့ခဲ့ကြပါတယ်။
    သတင်း၊ ဓာတ်ပုံ - ထက်ပိုင်၊ နွေဦးအောင်/စံတော်ချိန်ဒစ်ဂျစ်တယ်
    Facebook Page - cb.run/XYtn
    Telegram - cb.run/e3Ok
    Viber - cb.run/WnV5

Komentáře • 1

  • @zayyarlinn3709
    @zayyarlinn3709 Před 29 dny

    လူသေတာ
    ရဟန်းအသုံးအဆောင်တွေနဲ့သိပ်မအပ်စပ်ဘူး