သန်လျင် တစ်ဘက်က သံတဲ နဲ့ မီးပြရွာတွေဆီ

Sdílet
Vložit
  • čas přidán 10. 09. 2024
  • အိမ်ထဲမှာ စိတ်တွေ ဘယ်လောက်ပင်ပန်းနေကြမလဲနော်။ ကျွန်တော်တို့ တူတူ ရုန်းထွက်နိုင်ကြမှာပါ။ အားတင်းထားပါ။ ခဏဖြစ်ဖြစ် စိတ်ညစ်ပြေ စိတ်ပျော်ရွှင်စေဖို့ ကျွန်တော်ကတော့ ခရီးတွေ ခေါ်သွားပေးနေဦးမှာပါ။ အခုလည်း ရန်ကုန်မြို့နဲ့ နီးနီးနားနား လည်ပတ်စရာအနေနဲ့ ကျောက်တန်းမြို့ တစ်ဘက်က သံတဲရွာ၊ မီးပြရွာ၊ ဥယျာဉ်ရွာ နဲ့ ကျောက်တိုင်ကမ်းခြေ တွေကို ဒီအပတ် တနင်္ဂနွေ ခရီးသွား Vlog လေးနဲ့ ခေါ်သွားပါရစေဦး။
    ကျောက်တန်းမြို့ကနေ မှော်ဝန်းမြစ်ကို ဖြတ်ပြီး တစ်ဘက်ကို ကူးလို့ လည်ပတ်ရတာမို့ ခရီးလေး ထွက်လိုက်ရတဲ့ အရသာလည်းရပါတယ်။ ဒီခရီးစဉ်မှာ အထူးခြားဆုံး တွေ့ရနိုင်တာက -
    • သမိုင်းဝင် ရွှေဂူကြီးစေတီ
    • ပင်လယ်စာစားရင်း ရေဆော့ကြတဲ့ ကျောက်တိုင်ကမ်းခြေ
    • သက်တမ်းနှစ်ရာကျော်ရှိ မီးပြတိုက်ကြီး
    • ရေလယ်က ရွှေဘုံသာစေတီ
    • ရွာဓလေ့ ရွာအလှ
    ဒီ သန်လျင်တစ်ဖက်က သံတဲ၊ မီးပြရွာတွေဘက် ခရီးစဉ်နဲ့ပတ်သက်ပြီး စာ နဲ့ ပုံများများ ဖတ်ကြည့်ချင်ရင်တော့ ဒီမှာ နှိပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်ခင်ဗျ
    bit.ly/3cBvxDx
    အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
    သီဟလုလင် (Thiha, the Traveller)

Komentáře • 15