ရဲယိုရွက်ဟင်းထုပ်

Sdílet
Vložit
  • čas přidán 24. 06. 2024
  • ရဲယိုရွက်ဟင်းထုပ်
    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သန်လျင်က သူငယ်ချင်းအလှူကို သွားရင်း သူ့ခြံထဲက ရဲယိုရွက်တွေ အများကြီး ခူးလာခဲ့တယ်။
    အိမ်က အမေကလည်း ဟင်းထုပ်ကြိုက်တာနဲ့ ဒီနေ့တော့ ရဲယိုရွက်ဟင်းထုပ်လေးလုပ်စားဖြစ်ခဲ့တယ်။ချီလီတို့မောင်နှမတွေက ဝက်သားစားတော့ ဝက်သားဟင်းထုပ်လုပ်ပြီး အမေအတွက်တော့ သတ်သတ်လွတ်နဲ့ ငါးဖယ် ဟင်းထုပ်လေး လုပ်ပေးဖြစ်ပါတယ်။
    လိုတာဝယ်ဖို့ ဈေးထဲသွားတော့ ပဲပင်ပေါက်၊ ပလို့ပြောင်းဖူး၊ ကြက်သွန်မြိတ်၊ကုဆိုင်၊ ငှက်ပျောဖူးနဲ့ ကန်စွန်းရိုးနီ ရလာခဲ့တယ်။
    ပါဝင်ပစ္စည်း
    ရဲယိုရွက်
    ကန်စွန်းရိုးနီ
    ပဲပင်ပေါက်
    ပလို့ပြောင်းဖူး
    ကုဆိုင်
    ကြက်သွန်မြိတ်
    ဝက်သား
    ဆန်စိမ်းမှုန့် ၃ပုံ/ကောက်ညှင်းမှုန့် ၁ပုံအချိုး
    အရင်ဆုံး ရဲယိုရွက်ကို ရေအထပ်ထပ်ဆေးပြီး ဆားရည်စိမ်ထားပါ။ ပဲပင်ပေါက်ကိုလည်း ရေဆေး၊ စစ်ထားပြီး
    ပလို့ပြောင်းကို ပြုတ်ပြီး အစေ့ခြွေထားပါ။ ငှက်ပျောဖူးကို ပါးပါးလှီးပြီး အစေးထွက်အောင် နနွင်း၊ ဆားထည့်ပြီး ရေစိမ်ထားပါ။ကန်စွန်းရိုးနီ၊ကုဆိုင်နဲ့ ကြက်သွန်မြိတ် ကို လှီးထားပါ။ ချီလီကတော့ အစပ်ကြိုက်လို့ ငရုတ်သီးစိမ်းလှီးထည့်ပါတယ်။အရသာနယ်ပြီးပြုတ်ကြော်လုပ်ထားတဲ့ ဝက်သားကို အတုံးသေးလေးတွေ လှီးထားပါမယ်။
    အားလုံးပြင်ဆင်ပြီးရင် ဆန်မှုန့်နဲ့ ကောက်ညှင်းမှုန့် ၃ပုံ ၁ပုံအချိုးအတိုင်း ကိုယ်ကြိုက်သလောက် အရွက်အနေအထားအလိုက် မုန့်နှစ်စပ်ပေးပါ။ အရသာအတွက် ဆား၊ dashi ထည့်ပြီး ဆီချက် နည်းနည်းထည့် နယ်ပါမယ်။
    ရဲယိုရွက်ကို ပြုတ်ပြီး ‌အရွက်ပြုတ်နဲ့ ဟင်းထုပ်ထုပ်တာက အရွက်စိမ်းနဲ့ ထုပ်တာထက် လွယ်ပါတယ်။ အရွက်စိမ်းက ခေါက်ချိုးလိုက်ရင် အစာပေါက်ထွက်တတ်လို့ပါ။
    ဟင်းထုပ်‌လေးတွေကို ဇကာထဲ စီထည့်ပြီး ပေါင်းအိုးနဲ့ ၄၅မိနစ်၊ တနာရီလောက် ပေါင်းပြီးရင်တော့ နူးအိပြီး အရသာရှိတဲ့ ရဲယိုရွက်ဟင်းထုပ်လေးရပါပြီ။
    #fypシ゚ #ရဲယိုရွက်ဟင်းထုပ် #cooking #foodlover #burmeserecipe #Recipe #cookingblog #pork #tasty

Komentáře • 2