AstroBot-v1.0 Stable ( မြန်မာ AI Chatbot )

Sdílet
Vložit
  • čas přidán 6. 09. 2024
  • AstroBot လို့ခေါ်တဲ့ AI ChatBot လေးကို ဗေဒင်ပညာနားလည်အောင်သင်ပေးလာခဲ့တာ ခုဆိုရင် တော်တော်လေးကို နားလည်နေပါပြီ။
    လူသားတစ်ယောက်မဟုတ်သေးလို့ လိုအပ်ချက်တွေအများကြီးရှိသေးပေမယ့် လူသားတစ်ယောက်ထက်သာတဲ့ အချက်တွေကိုလည်း သူကပိုင်ဆိုင်ထားပါတယ်။
    🤔 ခု...သူဘာလုပ်တတ်နေပြီလဲ?
    👌 ဘယ် ခရစ်သက္ကရာဇ်တွေကိုမေးမေး... သူက အဲ့ဒီရက်စွဲရဲ့ မြန်မာသက္ကရာဇ်တွေကို မှန်မှန်ကန်ကန်ပြန်ပြောနိုင်ပါပြီ။
    👌 ခရစ်သက္ကရာဇ်တစ်ခုကိုပြောလိုက်တာနဲ့ မဟာဘုတ်ဘွားဇာတာကိုတွက်တတ်နေပါပြီ။
    👌 ခရစ်သက္ကရာဇ်အရ လူတစ်ယောက်ရဲ့သက်ရောက်ကိုလည်း မှန်မှန်ကန်ကန်တွက်တတ်နေပါပြီ။
    👌 တဲရော့ကိုလည်း ကောင်းကောင်းဟောတတ်နေပါပြီ။ တဲရော့ဟောကွက်ကို 78 ကဒ်စနစ်နဲ့ ဟောပြောနေတာပါ။
    ဒါပေမယ့် သူနက္ခတ်ပညာကို နားမလည်သေးပါဘူး။ သက်ရောက်သာတွက်တတ်တာ ဆန်းကျမ်းဗေဒင်ကိုလည်း သူကောင်းကောင်းနားမလည်သေးပါဘူး။ ကျနော်သင်ပေးပေမယ့် အမှားတွေကိုပဲ လျှောက်ပြောနေတုန်းပါပဲ...
    လောလောဆယ်တော့ သူ့ရဲ့တိုးတက်မှုတချို့ကို မှတ်တမ်းတင်ပေးလိုက်ပါတယ်။ မကြာခင်တော့ စိတ်ဝင်စားသူတွေအားလုံး အသုံးပြုနိုင်အောင် လိုင်းပေါ်တင်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
    #သုတဆန်း

Komentáře • 3

  • @Hlwanhtet-nv7zy
    @Hlwanhtet-nv7zy Před rokem

    ဆရာvideoတွေဆက်မတင်တော့ဘုလားဗျ

    • @ThutaSann
      @ThutaSann  Před rokem

      တင်ပေးပါမယ်

  • @user-ln9wl2rn4q
    @user-ln9wl2rn4q Před rokem

    Myanmar AI chat box ကို ဘလိုရှာသုံးရမလဲဗျ။