ထရမ့်လုပ်ခဲ့သမျှ ဘိုင်ဒင် လက်ထက်မှာ ပြန်လည်ပြင်ဆင်နိုင်မယ်လို့ ယုံကြည်နေတဲ့ တရုတ်

Sdílet
Vložit
  • čas přidán 25. 01. 2021
  • တရုတ်အစိုးရနဲ့ တရုတ်စီးပွားရေးလုပ်ငန်းစုတွေဟာ အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင် လက်ထက်ကိုရောက်ရင် ဒေါ်နယ်ထရမ့်လက်ထက်က ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြုပြင်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်နေကြောင်း South China Morning Post သတင်းမီဒီယာက ရေးသားဖော်ပြသွားခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတသစ် ဂျိုးဘိုင်ဒင်ဟာ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ရောက်ရင် ကျမ်းသစ္စာ ကျိန်ဆိုတော့မှာဖြစ်ပြီး ဂျိုးဘိုင်ဒင်ကလည်း တရုတ်အပေါ် ဒေါ်နယ်ထရမ့် ထားရှိခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ပြန်လည်ပြုပြင်သွားမယ့်သဘောရှိနေပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ရာထူးသက်တမ်း မကုန်ဆုံးခင်မှာ တရုတ်ငွေပေးချေမှု အက်ပလီကေးရှင်း ဆော့ဖ်ဝဲတွေ အသုံးပြုခွင့်ကို ပိတ်ပင်တာ၊ တရုတ်ကွန်မြူနစ်ပါတီဝင်တွေရဲ့ပြည်ဝင်ခွင့်ဗီဇာသက်တမ်းကာလကို ကန့်သတ်တာ၊ တရုတ်စီးပွားရေးလုပ်ငန်းစုတွေကို နာမည်ပျက်စာရင်းသွင်းတာ စတဲ့ အမိန့်တွေကို ဆက်တိုက်ဆိုသလိုပဲ လက်မှတ်ရေးထိုးထုတ်ပြန်နေပါတယ်။
  • Zábava

Komentáře •