မိုးမိတ် ရွှေသာယာစခန်းကို TNLA သိမ်းပိုက်... လွိုင်ကော်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ ...

Sdílet
Vložit
  • čas přidán 6. 09. 2024
  • မိုးမိတ် ရွှေသာယာစခန်းကို TNLA သိမ်းပိုက်... လွိုင်ကော်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
    (5-7-2024)
    ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၀)ရက် မြောက်နေ့မှာ မိုးမိတ်မြို့က ရွှေသာယာ တပ်စခန်းကို TNLA/ PSLF တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်ပြီး နောင်ချိုမြို့က ဒုံးတပ် (၆၀၆) မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
    မိုးမိတ်မြို့က ရွှေသာယာ တပ်စခန်းသိမ်းပွဲမှာ TNLA၊ နဲ့အတူ PDF (မိုးကုတ်ဗျုဟာ) ပါဝင်တယ်လို့ ဖေါ်ပြပါတယ်။ နောင်ချိုက ဒုံးတပ် (၆၀၆)ကိုတော့ TNLA နဲ့အတူ DPLA၊ (ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ MDY-PDF မန္တလေးတိုင်း PDF တပ်တွေက ပူးတွဲ တိုက်ခိုက်နေတာဖြစ်ပါတယ်။
    စစ်ကောင်စီဖက်ကလည်း လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အသေအလဲ ခုခံနေပြီး တရက်တည်းမှာတင် လေယာဉ်က ၁၅ ကြိမ် ဗုံးကြဲတယ်လို့ဆိုပါတယ်။
    တချိန်တည်းမှာပဲ သီပေါမြို့နယ် ဒုဌဝတီ တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကို ညနေပိုင်းမှာ TNLA က ဝင်ရောက်တိုက်ခိုက်ပြီး မိုင်းရယ်နဲ့ တန့်ယန်းမြို့နယ်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ ဖေါ်ပြပါတယ်။
    လားရှိုးမြို့မှာလည်း တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး ဒဏ်ကြောင့် နောက်ထပ် အရပ်သား (၆) ဦး ထပ်မံသေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရတယ်လို့လည်း ဖေါ်ပြထားပါတယ်။
    ဒါ့အပြင်...
    - လားရှိုးက စစ်ကောင်စီ တပ်စခန်းတွေကို MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဆက်ပြီး ထိုးစစ်ဆင်နေ...
    - မန္တလေး-မိုးကုတ် လမ်းပေါ်က လက်ပန်လှ ရွာကို စစ်ကောင်စီလေယာဉ်က ဗုံးကြဲလို့ အရပ်သား ထိခိုက်မှုရှိ...
    - လွိုင်ကော်မြို့ မှာ ဇူလိုင် ၄ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲပြန်ဖြစ်နေ...
    - ဇွန်လအတွင်း တိုက်ပွဲပေါင်း (၁၂၀) ကျော် ဖြစ်ပွားပြီး စစ်ကောင်စီဖက်က (၆၀) ကျော်သေဆုံး၊ ၁၉ ဦး ဒဏ်ရာရတယ်လို့ KNLA - တပ်မဟာ (၅) က ထုတ်ပြန်...
    ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
    (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
    လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )

Komentáře • 7

  • @SaiPhoeZaw-kb4ii
    @SaiPhoeZaw-kb4ii Před 2 měsíci

    မင်္ဂလာပါ

  • @pauluslumyothit6444
    @pauluslumyothit6444 Před 2 měsíci

    😮

  • @ArKaHtetArKaHtet
    @ArKaHtetArKaHtet Před 2 měsíci +1

    ရှောက်ပြောနေတာ တိုင်း ၇ တိုင်း ပြည်နယ် ၇ ပြည်နယ်ရှိတယ် အဲဒီထဲကမုီုတော်ကိုသီမ်းနိုင်မှ ရတယ်လို့ခေါ်တာ

  • @yewintthu55555
    @yewintthu55555 Před 2 měsíci

    Mingalarpar