ရွှေမိုးညို တေးရေး - နန်းတော်ရှေ့ဆရာတင် တေးဆို - ဝင်းဦး+စန္ဒာအဖွဲ့

Sdílet
Vložit
  • čas přidán 29. 01. 2022
  • ဦးဝင်းဦးရဲ့အရင်းနှီးဆုံးလူတွေထဲပါတဲ့ ဆရာမောင်နေဝင်းရဲ့စာတပုဒ်ထဲမှာ ဦးဦးက ဆရာနန်းတော်ရှေ့ရေးခဲ့တဲ့ သီချင်းတွေအကြောင်းရှင်းပြလိုက်၊ ပြီးရင်တပုဒ်ဆိုလိုက်နဲ့ ပွဲကြီးတပွဲသီးသီးသန့်သန့်လုပ်ချင်ခဲ့သတဲ့။ ဦးဦးဆန္ဒလဲပြည့်အောင်၊ စုစည်းပြီးသားလဲဖြစ်အောင် ဦးဦးဆိုခဲ့တဲ့နန်းတော်ရှေ့သီချင်းတွေပြန်စုစည်းဦးမယ် စိတ်ကူးမိတာပါပဲ။ တနေ့နေ့တော့ အကုန်စုနိုင်မယ်ထင်ပါရဲ့။ ဦးဦးဆိုချင်ခဲ့တဲ့ မြန်မာသီချင်းဆိုရအောင် နားထောင်ရင်းနဲ့ နားထောင်ဖြစ်သွားတဲ့ နန်းတော်ရှေ့ရဲ့ ရွှေမိုးညို ကလေး နားထောင်ကြပါဦး။ စာလုံးတလုံးချင်းပီပီသသနဲ့ အဓိပ္ပါယ်လဲ ရင်ထဲရောက်အောင် ဆိုတတ်တဲ့ ဦးဦးပါ။ မျက်လုံးလေးမှိတ်ပြီး မိုးလေးညို့ညို့ထဲ နားထောင်ကြည့်မိ အော် အရသာရှိပါပေ့ ...
    ရွှေမိုးညို
    တေးရေး - နန်းတော်ရှေ့ဆရာတင် တေးဆို - ဝင်းဦး+စန္ဒာအဖွဲ့
    မိုး တွေ က ညို .... ရွာ မလိုလိုနဲ့ ......
    ဟို..နန်းတော်ရှေ့သို့ ညွှန်းရမဲ့ သဏ္ဍာန်ပုံလို
    လွမ်းတာနဲ့ အသံကုန် ဆို....
    [ရန်ကုန်မြို့ အတွင်း ... ကိုယ့်သီချင်းလေးကိုယ် ရေးလို့ ဆို..] ၂
    ဟိုး တောင်စဉ်နယ်မှာလေ ကြာဖြူ ကြာဝါတွေက ပေါပါဘိသနဲ့
    တို့ မောင်တင် ရေ လာရင်လာပါတော့ရယ်လို့
    ကောက်စိုက်မလေးတွေက သီချင်း ... သံပြိုင်ဆို
    ပတ် ဗေ တိုး ဗုံ .... အို ရွှေ မိုး ညို ...
    ပြန်တော့ မယ် .... နန်းတော်ရှေ့မောင်တင်ပြန်တော့မယ်
    ပြန်တော့ မယ် .... ပြန်တော့မယ်နဲ့
    ကွမ်းခြံဘူတာ ရုံ မှာ.... တစ်ကက်တောင်ပင် ဝယ်လို့ထားပါသတဲ့
    ဇီးကွက်ရေးတဲ့ မောင်တင်ရေ .... မင်းပြန်တော့ မလား ရယ် လို့
    ဟို ပုဇွန်တောင်သားတွေက တား လာပြန်ပါသကို
    ပတ် ဗေ တိုး ဗုံ ... အို ရွှေ မိုး ညို ...
    {မန္တလေး .... ရွှေမန္တလေး... ချမ်း အေး ပူ အိုက်
    အောက်သူတွေလိုက်ခဲ့ရမယ် မောင်တင် မဆို ..
    မန္တလေး .... ကျုပ်တို့ ရွှေမန္တလေး ချမ်း အေး ပူ အိုက်
    အောက်သူတွေလိုက်ခဲ့ရမယ် မောင်တင် မဆို
    ရန်ကုန်မှာ မပြတ်နေချင်ပါတယ် နတ်ပြည်ကြီးလို့ ဆိုကြစို့ရဲ့
    သို့ပေမယ့်ကိုယ့်မြို့ကိုယ်တော့ လွမ်းသေးတယ် ရိုးရိုးပဲဗျို ..
    ပန်းခြံ အတွင်းဝတိံကြီးလိုကွယ်
    အင်္ဂလိပ် ဘင်သံတွေက လေချိုချို
    ကျုပ်တို့ ဗေတို့ဗုံလောက် နားထဲမစွဲပေါင်ဗျို
    အို ရွှေ မိုး ညို ...}၂
    #WINOO #winoothesinger #NanatawshaeSayaTin
    သီချင်း စာသား ဦးဦးဓာတ်ပုံ အားလုံးcredit ပါ။
    သုံးထားတဲ့နောက်ခံဓာတ်ပုံ မိုးတွေညိုနေတဲ့ မန်းလေးနဲ့ရန်ကုန်ကကိုယ်ပိုင် 🥰
  • Krátké a kreslené filmy

Komentáře • 16

  • @user-rx4qz3lq8x
    @user-rx4qz3lq8x Před 11 dny

    ငယ်ငယ်တုန်းကရှင်ပြုတော့အခုမိုးသီချင်းကို ဦးသုမောင်ဆိုထားတာကိုနားထောင်ဘူးပါတယ်

  • @ohnmarkhin3901
    @ohnmarkhin3901 Před měsícem

    My most favourite actor & singer❤

  • @shwephyowi
    @shwephyowi Před měsícem

    သီချင်းစာသားလေးထည့်ပေးရင်ပိုကောင်းမှာ

  • @lynnlynn7794
    @lynnlynn7794 Před 3 měsíci

    အလွန် အင်မတန် ကြိုက်တယ်

  • @myathan4009
    @myathan4009 Před měsícem

    ေဒါင်းရေအာင်လုပ်ေးပါအမြဲလိုင်းဖွင့်ြပီးနားမေထာင်နိုင်လို ့ပါ

    • @WinOofamoussongs1935
      @WinOofamoussongs1935  Před měsícem

      ဖုန်းထဲကနေ snaptube ဖွင့်ဒေါင်းပါ။ ရအောင်လုပ်ထားပါတယ်။ ပိတ်မထားပါဘူး။

  • @umyintswe7558
    @umyintswe7558 Před rokem

    ပြန်ဆိုသီချင်းအများဆုံးဆိုသွားတဲ့
    အနုပညာပါရမီရှင်ကြီးပါ အသေ
    စောသွားရှာတယ်

  • @Robinson_Apolo
    @Robinson_Apolo Před 9 měsíci

    တော်လိုက်တာကွာ

  • @MotherLandInn
    @MotherLandInn Před rokem

    ဖေဖဖေကိုသတိယလိုက်တာ

  • @nwenwewin7710
    @nwenwewin7710 Před 2 lety

    Thank you so much.

    • @rosiehtoo9286
      @rosiehtoo9286 Před 2 lety

      ဆရာဝင်းဦးအသံကိုသောတဆင်ရသောကြောင့်တင်ပေးတာကျေးဇူးးတင်ပါသည်ဆရာတင်ကိုလည်းလေးစားပါတယ်ရှင်။♥♥♥♥♥

  • @khinkhinyee4186
    @khinkhinyee4186 Před 2 lety

    😥😥😥

    • @rosiehtoo9286
      @rosiehtoo9286 Před 2 lety

      Thank you for sharing this great song. sang by a great singer WinOo. Never forget and ever rememberancehim. ♥♥♥♥♥

    • @rosiehtoo9286
      @rosiehtoo9286 Před 2 lety

      တင်ပေးတဲ့လူကိုလဲကျေးဇူးတင်ပါတယ်ရှားရှားပါးပါးထူးခြားတံ့သံစဉ်ကိုနားသောတဆင်ရသည်ဘအတဃက်ဖြစ်ပါသည်ဆရာဝင်းဦး၏အသံကိုထူးဆန်းစွာကြားရသည့်အတဃက်နန်တော်ရှေဆရာကိုလည်းလေးစာဒလျက်ပါ၊

    • @rosiehtoo9286
      @rosiehtoo9286 Před 2 lety

      မိုးနဲ့ပတ်သက်ရင့်ဆရာဝင်းဦးသီချင်းတွေကနှလုံးသားအထိရောက်အောင်ခံစားရပါတယ်♥♥♥♥♥

    • @rosiehtoo9286
      @rosiehtoo9286 Před rokem

      မလွှကုန်းလဲပါပုဇွန်တောင်လဲပါကောင်းလိုက်တဲ့သီချင်း ၊ကျမတို့မမွေးခင်ကရေားထားတဲ့သီချင်းကိုဆရာဝင်းဦးဆိုထားတော့နားထဲစွဲသွားပါပြီရှင်။♥♥♥♥♥၊ကျမတို့မမွေးခင်ကရေားထားတဲ့သီချင်းကိုဆရာဝင်းဦးဆိုထားတော့နားထဲစွဲသွားပါပြီရှင်။