မော်လမြိုင်-ရန်ကုန် အစုန်အဆန် ရထားတွေ ရေကြီးလို့ လမ်းမှာ ရပ်ထားရ

Sdílet
Vložit
  • čas přidán 6. 08. 2019
  • သြဂုတ် − ၇ ၊၂၀၁၉
    ရန်ကုန် မော်လမြိုင်ရထားလမ်းပိုင်း နှင်းပုလဲနဲ့ ဒုံဝန်းဘူတာကြားက ယာယီလမ်းလွှဲတာဘောင်ဟာ ရေတိုက်စားတဲ့အတွက် ပြုတ်ကျလုနီးပါးဖြစ်ပြီး ရထားသွားလာခွင့်ကို မနေ့ညကစပြီး ခေတ္တပိတ်ထားခဲ့ပါတယ်။
    မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ရေကြီးရေလျှံမှုဖြစ်ပွားပြီး တောင်ကျရေတွေတိုက်စားကြောင့် ရထားလမ်းပိုင်းသွားလာဖို့မသင့်တဲ့အတွက် ပိတ်ထားခဲ့ရတယ်လို့ ရေဘေးကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားတာပါ။
    ရထားလမ်းပိုင်း ပျက်စီးသွားခဲ့ရတဲ့အတွက် ရန်ကုန် မော်လမြိုင်ကို ပြေးဆွဲနေတဲ့ ရထား ၄ စင်း ကြားဘူတာအသီးသီးမှာ ရပ်နားထားခဲ့ရတာပါ။
    လက်ရှိမှာတော့ ရန်ကုန်ကဆင်းလာတဲ့ ရထားနှစ်စီးက တောင်စွန်းနဲ့ နှင်းပုလဲဘူတာမှာ ယာယီရပ်နားထားခဲ့ရပြီး မော်လမြိုင်ကနေ ရန်ကုန်ကို လာတဲ့ ရထားနှစ်စင်းကတော့ ပေါင်ဘူတာနဲ့ သထုံဘူတာမှာ ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။
    ပျက်စီးသွားတဲ့ရထားလမ်းပိုင်းကို တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုနေပြီး ရထားလမ်းပိုင်းကိုတော့ နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ ပြန်လည်ဖွင့်လှစ်နိုင်မှာလို့ မီးရထားတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
    မီးရထားလမ်းပိုင်းမှာ ပိတ်မိနေတဲ့ ရထားစီးခရီးသည်တွေရဲ့ သွားလာရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က စီမံဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။
    ဘီးလင်းမြစ်ရေဟာ မနေ့ညကစပြီး စိုးရိမ်ရေမှတ်ထက်ကျော်လွန်ရောက်ရှိနေကာ လက်ရှိမှာ ဘီးလင်းမြို့မှာ ကယ်ဆယ်ရေးစခန်း ၃၀ နီးပါးဖွင့်ထားရပြီး လူဦးရေ ၅၀၀၀ ကျော်ရောက်ရှိခိုလှုံနေတာပါ။
    ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

Komentáře • 2

  • @KoKo-tc2xi
    @KoKo-tc2xi Před 24 dny

    ပြုပြင်ပေးတဲ့ လူကြီး‌တွေ တာဝန်ရှိသူတွေ လုပ့်အားစိုက်သူတွေအားလုံး ကျန်းမာ ချမ်းသာကြပါစေ

  • @salaistevensteven2603
    @salaistevensteven2603 Před 5 lety

    Woo