ပြည်စားလက်ျာပျံချီ

Sdílet
Vložit
  • čas přidán 11. 07. 2023
  • "ပြည်စားပျံချီဟေ့" လို့ဆိုလိုက်တာနဲ့ ရန်သူမထိုးဖောက်နိုင်တဲ့ ပြည်ခံတပ်ကြီးနဲ့ တွဲမြင်မိကြမှာပါ။ ငယ်စဉ်အရွယ်ကတည်းက လက်ရုံးရည်ကောင်းပြီး စစ်နည်းဗျူဟာတွေနဲ့ အကျွမ်းဝင်ခဲ့သူ မွန်လူမျိုး "လက်ျာပျံချီ" ဟာ ခံစစ်ပိုင်းမှာ စံထားရလောက်အောင် ထူးချွန်သူဖြစ်ပါတယ်။
    ဖခင်ဖြစ်သူက စစ်ဘုရင် ရာဇာဓိရာဇ်ကို အရှုံးပေးလိုက်ရချိန်မှာတော့ သူဟာလည်း အင်း၀မှာ ခိုလှုံခဲ့ရပြီး အဲဒီနောက်မှာတော့ စစ်ရေးစစ်ရာကျွမ်းကျင်လှတဲ့ သူ့ကို မင်းကြီးစွာစော်ကဲက မွန်ဗမာနယ်စပ်ဖြစ်တဲ့ ပြည်မြို့ကိုစားစေပြီး မွန်တို့ရန်ကနေကာကွယ်စေပါတယ်။
    အင်း၀ဘုရင်မင်းခေါင် နန်းတက်စအချိန်မှာတော့ ရန်သူတော်ကြီး ရာဇာဓိရာဇ်က အင်း၀ကို စစ်ချီလာခဲ့တာကြောင့် ရာဇာဓိရာဇ်ကို ခုခံတိုက်ခိုက်ဖို့အတွက် လက်ျာပျံချီတစ်ယောက် ဘယ်လိုတွေကြိုးပမ်းဆောင်ရွက်ခဲ့သလဲ၊ ရန်သူတော်ကြီးရဲ့လက်အောက်မှာ တစ်ဖန်ကျရှုံးသွားခဲ့သလား၊ ဒါမှမဟုတ် အားမာန်အပြည့်နဲ့ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့သလားဆိုတာကတော့ အခုတင်ဆက်ပေးလိုက်တဲ့ "ထင်ရှားကျော်ကြား တိုက်ပွဲအတွင်းက ပုဂ္ဂိုလ်များ" အစီအစဉ်မှာ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။
    အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေတစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
    Podcast Link: shorturl.at/behtW
    #ZLann #ZLann_Podcast #ထင်ရှားကျော်ကြားတိုက်ပွဲအတွင်းကပုဂ္ဂိုလ်များ #ပြည်စားလက်ျာပျံချီ

Komentáře • 1

  • @lucakChangratar
    @lucakChangratar Před 3 dny

    လက်ယာပျံချီက ဘွဲကြီးကို ဘွဲနောက်က နာမည်က ဘာလဲ တော်ကြာ ဦးချစ်ညို နဲ ့မှားပြီး viedo မကြည့်တဲ ့သူတေများနေအုံးမယ် 😕ပြီးတော့ ပြည်စားလက်ပျံချီဆိုတာမရှိပါဘူးကွာ😂