ကျောက်ဖြူမြို့ကို AA ဝင်တိုက်ခိုက်ရင် တရုတ်အစိုးရက ဘယ်လိုသဘောထားလာနိုင်သလဲ

Sdílet
Vložit
  • čas přidán 12. 09. 2024
  • ရခိုင်မှာ အာရက္ခတပ်တော်( AA) နောက်ထပ် ဝင်ရောက်တိုက်ခိုက်မယ့် ရခိုင်က မြို့ (၅) မြို့ ကျန်ရှိနေသေးအထဲက အမေရိကန် ဒေါ်လာ ဘီလီယံချီတန်ဖိုးရှိတဲ့ တရုတ်စီမံကိန်းကြီးတွေတည်ရှိရာ ကျောက်ဖြူမြို့လည်း ပါဝင်ပါတယ်။
    ကျောက်ဖြူမြို့နယ်မှာ အမေရိကန် ဒေါ်လာ ဘီလီယံနဲ့ တန်ဖိုးရှိတဲ့ တရုတ်စီမံကိန်းကြီးတွေ ဖြစ်ကြတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအပါအဝင် လက်ရှိ အကောင်အထည် ဖော်နေဆဲ ရေနက် ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်တွေ တည်ရှိပါတယ်။
    စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေ ဘေးကင်း လုံခြုံရေး အစွမ်းကုန်ကာကွယ်ပေးမယ်လို့ သြဂုတ်လ ၂၁ ရက်က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် Ms. Ma Jia ရဲ့ သံတမန်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားမှာ ကတိပေး ပြောဆိုခဲ့ပါတယ်။
    သြဂုတ်လ ၁၄ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိဟာ မြန်မာပြည်ကို လာရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာ တရုတ်ရဲ့ အကျိုးစီးပွားတွေကို မထိခိုက်စေဖို့ စစ်ကောင်စီအား ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
    ဒါပေမယ့်လည်း တရုတ်ရင်းနှီးမြှုပ်နှံမှုများစွာရှိတဲ့ ကျောက်ဖြူမြို့ကို အာရက္ခတပ်တော် (AA)က အချိန်မရွေး ဝင်ရောက်တိုက်ခိုက်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
    ------------
    Join this channel to get access to perks:
    / @narinjaratv
    ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု donorbox.org/n... လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
    နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။
    🌐 Website
    burmese.narinj...
    🌐 Twitter -
    na...
    🌐 Facebook -
    မြန်မာစာသတင်း
    / narinjara.info
    🌐 Facebook -
    အင်္ဂလိပ်စာသတင်း
    / narinjaraenglish
    🌐 Telegram -
    t.me/narinjara...
    🌐 VK Link -
    narinja...

Komentáře • 172