ရှမ်းမြောက်တိုက်ပွဲ ပြင်ဦးလွင်အစပ်ထိ စစ်မီးကူးပြီး မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရ

Sdílet
Vložit
  • čas přidán 5. 09. 2024
  • ရှမ်းမြောက်တိုက်ပွဲ ပြင်ဦးလွင်အစပ်ထိ စစ်မီးကူးပြီး မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရ
    ရှမ်းမြောက်မှာ တော်လှန်ရေးမဟာမိတ်အင်အားစုတွေနဲ့ စစ်ကောင်စီရဲ့ တိုက်ပွဲ ၄ ရက်တာအတွင်း ပြင်ဦးလွင်အစပ်ထိ စစ်မီး ကူးစက်နေပြီး စစ်ဘေးရှောင် ၄ သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်း သတင်းတွေအရသိရပါတယ်။
    တအာင်းတပ်ဖွဲ့-TNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေဟာ ကျောက်မဲ၊ နောင်ချိုမြို့တွေကို သိမ်းပိုက်အပြီးမှာ ပြင်ဦးလွင်အစပ် ဝက်ဝံကျေးရွာ စစ်ဆေးရေးစခန်းနားအထိ တိုက်ပွဲတွေ ရောက်ရှိလာနေတာပါ။
    နောင်ချိုနဲ့ ကျောက်မဲမြို့ပေါ်က စစ်ကောင်စီတပ်ရင်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး ဒီနေ့ ဇွန် ၂၈ ရက်နေ့မှာ မန္တလေးတိုင်းအစပ်ထိ တိုက်ပွဲတွေရောက်လာကာ မိုးကုတ်မြို့နယ်ထဲမှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။
    မနေ့က ကျောက်မဲမြို့အနီး စစ်ကောင်စီက လေယာဉ်ဗုံးကြဲတာနဲ့ ဒရုန်းဗုံးတွေ ဆက်တိုက်ချနေတာကြောင့် စစ်ရှောင် ၄ သောင်းလောက် စစ်ဘေးလွတ်ရာ တိမ်းရှောင်နိုင်ဖို့ လူမှုရေးအသင်းအဖွဲ့တွေက အကူအညီတွေပေးနေရပါတယ်။
    ဇွန်လ ၂၄ ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက စစ်ကောင်စီစခန်းပေါင်း ၂၈ ခုကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်သုံ့ပန်း ၅၀ ကျော်ဖမ်းဆီးထားကာ ရှမ်းမြောက်ဒေသအတွင်းက ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့တွေကို သိမ်းပိုက်ထားပြီး မန္တလေးတိုင်းအတွင်းက မိုးကုတ်၊ မိုးမိတ်နဲ့ မတ္တရာမြို့နယ်တွေမှာ တိုက်ပွဲဆင်နွဲနေတာ လို့သိရပါတယ်။

Komentáře • 7

  • @chineselanguagesharing2945
    @chineselanguagesharing2945 Před 2 měsíci

    Taunggyi / Ayetharyar မှာ စစ်ရှောင်တွေပြည့်နေပြီ😢😢

  • @myintsoe4260
    @myintsoe4260 Před 2 měsíci

    Good 👍👍👍

  • @SV.11
    @SV.11 Před 2 měsíci

    ပြင်ဦးလွင်က ခရိုင်လိုက်ကြီးကို
    အပီကြိတ်နေတာ မတ္တရာ မိုးကုတ်
    ပြင်ဦးလွင် သပိတ်ကျင်း အကုန်တွယ်မှာ။

  • @Ulatt12345
    @Ulatt12345 Před 2 měsíci

    Tnla မသာတွေသေတာမပြောပါလား၊ဘာသတင်းဌာနလဲ၊

  • @MaMa-ie7rt
    @MaMa-ie7rt Před 2 měsíci

    မင်္ဂလာပါရှင်

  • @yawaiaung1810
    @yawaiaung1810 Před 2 měsíci

    တစ်ခါ ပဲ စစ်ဘေးရှောင် ရမှာ ပဲ မထူးဘူး မန်းလေးထိပါ စစ်ပွဲတွေ ဖော်ဆောင် TNLA PDF မဟာမိတ် ညီနောင် များ ခင်ဗျာ စစ်အာဏာရှင် လက်အောက်ပြန်ရောက်သွားရင် တော့ ဘယ်တော့ မှ နလန်မထူနိုင်ဘူးသားမှတ်

    • @Ulatt12345
      @Ulatt12345 Před 2 měsíci

      မင်းမွေအလိုးခံရတောင်ပြင်ဦးလွင်မကျော်ရဲဘူး