ရန်ပုံငွေ ၁.၉ ထရီလီယံ အမြန်ပေးရန် ဘိုင်ဒင် တောင်းဆို

Sdílet
Vložit
  • čas přidán 24. 01. 2021
  • အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကူးစက်သူအရေအတွက် လူပေါင်း ၂၅ သန်းကျော်သွားခဲ့ပြီဖြစ်လို့ အခြေအနေတွေက အရမ်းပဲ စိုးရိမ်နေရပါတယ်။ သမ္မတသစ် ဂျိုးဘိုင်ဒင်ဟာ ကိုဗစ်ကပ်ဘေးကနေပြီး အမေရိကန်ပြည်ထောင်စု နလန်ပြန်ထူနိုင်ရေးအတွက် သူတောင်းဆိုထားတဲ့ ရန်ပုံငွေ ၁.၉ ထရီလီယံကို လွှတ်တော်ဘက်က အမြန်ဆုံးခွင့်ပြုပေးဖို့ တောင်းဆိုထားပြီး ရန်ပုံငွေ ခွင့်ပြုပေးဖို့ နှောင့်နှေးနေတာနဲ့အမျှ အခြေအနေတွေဟာ ပိုဆိုးလာနိုင်တယ်လို့ ဘိုင်ဒင်က မှတ်ချက်ပေးသွားခဲ့ပါတယ်။ WHO နဲ့ တရုတ်က ပညာရှင်တွေဟာ ကိုဗစ်ကူးစက်မှုက အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတစ်လွှားမှာ အများအပြားဖြစ်လာဖို့ ရှိနေသေးတယ်လို့ မှတ်ချက်ပေးပြောကြားထားပြီး လူသေဆုံးမှုက လာမယ့်မတ်လအတွင်းမှာ ငါးသန်းအထိ ဖြစ်သွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
  • Zábava

Komentáře •