ရေစကြိုမြို့နယ်က လူဦးရေ ၁ သိန်းကျော် မြစ်ရေကြီးမှုနဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားနေရ

Sdílet
Vložit
  • čas přidán 5. 09. 2024
  • ရေစကြိုမြို့နယ်က လူဦးရေ ၁ သိန်းကျော် မြစ်ရေကြီးမှုနဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားနေရ
    ရေစကြို၊ ဇူလိုင် ၂၁၊ ၂၀၂၄။
    မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တို့စီးဆင်းနေတာဖြစ်ပြီး ဇူလိုင် ၆ ရက်မှာ ရုတ်တရက်မြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ခဲ့ရတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
    မြစ်ရေကြီးမြင့်လာတာကြောင့် စိုက်ပျိုးသီးနှံခင်းများ ဆုံးရှုံးခဲ့သလို ကျေးရွာပေါင်း ၁၃၀ ကျော် ရေလွှမ်းမိုးတဲ့ဒဏ်ကိုခံနေရပြီး အိမ်ထောင်စု ၂၇ဝဝဝ ကျော်မှာ လူဦးရေစုစုပေါင်း ၁ သိန်းခန့် ရေဘေးနဲ့ရင်ဆိုင်နေကြရတယ်လို့ မြို့နယ်ပအဖအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာလည်း ဇူလိုင်လအစောပိုင်းကစပြီး ဧရာဝတီမြစ်ရေမြင့်တက်လာကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ မတ်ပဲ၊ နှမ်း၊ ပဲတီစိမ်း၊ မြေပဲစိုက်ခင်းတွေ ရေနစ်မြုပ်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
    တချို့စိုက်ခင်းများမှာ အသီးရင့်မှည့်ဖို့လိုအပ်နေတဲ့အတွက် အမြန်ရိတ်သိမ်းပြီး တလင်းပြင်မှာပုံထားခဲ့ရာ တလင်းပြင်အထိ ရေမြင့်တက်လာတဲ့အတွက် တောင်သူတွေမှာ လုပ်အားခတွေပါ ထပ်မံဆုံးရှုံးခဲ့ရပါတယ်။
    ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေဟာ ၆ ပေကျော်အထိမြင့်တက်လာကာ မတ်ပဲသီးနှံတွေ အားထားစိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ လာမယ့်နှစ် သိီးနှံစိုက်ပျိုးဖို့ ငွေကြေးအခက်အခဲရှိနိုင်ပြီး လက်ရှိမှာလည်း စားသောက်ဖို့အတွက် အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။
    အလားတူ ကျွဲ၊ နွား၊ ကြက်၊ ဝက် စတဲ့တိရစ္ဆာန်တွေကိုလည်း ရေတက်လာတာကြောင့် ပြောင်းရွှေ့ဖို့ နေရာမရှိတဲ့အတွက် အမြင့်ဖြစ်အောင် စင်ထိုးပေးနေရပြီး တိရိစ္ဆာန်ကျွေးဖို့အစာလည်း လိုအပ်နေတယ်လို့ ဇရပ်နီရွာဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
    ရေလွတ်ရာကိုမပြောင်းရွှေ့နိုင်တဲ့ ကျွဲ၊ မြင်း၊ နွားတွေကလည်း ရေထဲမှာရက်ပေါင်းကြာမြင့်စွာ နေထိုင်ရတဲ့အတွက် အအေးမိကာ စုစုပေါင်း ၇ ကောင်သေဆုံးရတယ်လို့ ဆိုပါတယ်။
    ရေဘေးဒဏ်ခံစားနေရတဲ့ ရေလယ်ကျွန်းဒေသမှာ ကျန်းမာရေး၊ စားသောက်ရေးအတွက် အကူအညီလိုအပ်နေသလို စာသင်ကျောင်းများလည်း သွားလာရခက်ခဲတဲ့အတွက် ပိတ်ထားရပြီး အကူအညီမရဘဲ ရှိနေကြတယ်လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။
    ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်စီးဆင်းရာ မြောင်၊ မြင်းခြံ၊ ရေစကြိုမြို့နယ်နဲ့ ရေလယ်ကျွန်းဒေသတွေမှာပါ ရေကြီးရေလျှံဖြစ်နေတယ်လို့ သိရပါတယ်။
    သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် -HP
    #မြေလတ်အသံ
    #မကွေး #ရေစကြို #ရေလယ်ကျွန်း #မြစ်ရေကြီးမြင့် #ရေဘေးသင့် #သဘာဝဘေးအန္တရာယ်

Komentáře • 6

  • @zawzaw-pt9sq
    @zawzaw-pt9sq Před měsícem

    မင်္ဂလာပါ မြေလတ်သံ

  • @yamin4153
    @yamin4153 Před měsícem +1

    အေးဟေလုပ်ကြသဘာဝကတစ်မျိုးမအလကတမျိုးကုန်စျေးနှုန်းကတစ်မျိုးရောဂါတွေကတစ်မျိုးအဏုမြူးဗုံးသာကြဲလိုက်တော့အကုန်မျိုးပြုတ်ဘယ်မအေးပေမှအာဏာရူးလို့ပရတော့အေးရော

  • @marmaroo8143
    @marmaroo8143 Před měsícem +2

    တို.ပြည်သူ​တွေလည်းဒုက္ခမျိုးစုံ၊တ​ယောက်နဲ.တ​ယောက်မကူနိုင်ဘူးဖြစ်​နေတာ

  • @myohtet9981
    @myohtet9981 Před měsícem +1

    ကွာငါတို့ပြည်သူတွေကတော့ မအလ ဖက်စစ်ခွေးမိစ္ဆာတွေနှိပ်စက်ရုတ်မာတာကတမျိုးသဘာဝဘေးဒဏ်နှိပ်စက်တာကတမျိုးကွာ ဒီအကျိုးဆက်တွေဟာလဲ မအလ ဖက်စစ်ခွေးအဆက်ဆင်နဲ့ခရိုနီတွေရဲ့ခွေးသူခိုးတွေကြောင့်သဘာဝတရားကြီးပျက်စီးလာတာဘဲ့

  • @user-kd4mq7yl6n
    @user-kd4mq7yl6n Před měsícem +1

    မအလနဲ့စစ်ခွေးမိစ္ဆာတွေ အကုန်သေမှအေးမယ် ပြည်သူကို ဘာမှမကူညီဘူး အကုန်ဒုက္ခပေးနေတာ

  • @SaiWaiYan-jo8sr
    @SaiWaiYan-jo8sr Před měsícem +1

    ဘုတ့်ဒဘာသာမျင်မာနိုင်ငံဖျစ့်ပီးတော့မင်အောင်လှိုင်ကနိတ့်စက့်လိုက်အခုလဲ့သကျားမင့်ကနိတ်စက့်လိုက်နဲ့အာလုံဒုတ့်ခထဲ့ကကိုမလွတ့်တော့ဘူစိတ့်မကောင်းပါဘူ