AR-T - This Is How I Work (Part - 1)

Sdílet
Vložit
  • čas přidán 4. 12. 2019
  • ဘယ်အလုပ်မဆို အပြစ်ရှာဝေဖန်ရတာအရမ်းလွယ်ပါတယ်။ ဒါပေမယ့် အလုပ်တစ်ခုအကောင်ထည်ပေါ်လာဖို့အတွက် ကြိုးစားရုန်းကန်ရတာ ထင်သလောက်မလွယ်ကူပါဘူး။ ကျနော့်အနေနဲ့ ပွဲတစ်ပွဲလက်ခံလိုက်ပြီဆိုရင် အဲဒီပွဲအတွက်ဝတ်မယ့်အဝတ်အစားပြင်ဆင်ရတာတမျိုး !! တွေ့ကရာအဝတ်အစားဝတ်ပြီးလည်း စင်​ပေါ်မတက်ချင်ဘူး ..​နောက်ပြီး စင်ပေါ်မှာအကောင်းဆုံး ဖျော်ဖြေနိုင်ဖို့ အကလေ့ကျင့်ရတယ် ပွဲကြီးကြီးငယ်ငယ် လူများများ မများများ ကြိုတင်ပြင်ဆင်မှုတွေလုပ်ရတယ်။ ​ ကိုယ်ကိုယ်တိုင်က အကသင်တန်းကျောင်း အနုပညာသင်တန်းကျောင်းတွေတက်ပြီး ကြီးပြင်းလာတာမဟုတ်တော့ ကိုယ့်ဘာသာ self-study လုပ်ပြီး ကိုယ့်ရဲ့လုပ်ဆောင်ရည်တွေကို အမြဲတိုးတက်အောင်၊ အကောင်းဆုံးဖျော်ဖြေနိုင်အောင် အဆက်မပြတ်ကြိုးစားလေ့လာခဲ့ရတာအခုဆို ၉ နှစ်ရှိပါပြီ ။ အဲ့အတွက် ကိုယ်လျှောက်လှမ်းလာတဲ့ခရီးလမ်းမှာ ကူညီပံ့ပိုးပေးကြတဲ့သူတွေ၊ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ K-Wonder Music Festival မှာ Local Artist တစ်ယောက်အနေနဲ့ပါဝင်ဖျော်ဖြေဖို့ ကမ်းလှမ်းခဲ့တဲ့ K-Wonder မှာတာဝန်ရှိတဲ့သူတွေနဲ့ Satius Marketing , ကျနော်တို့ကို အကလေ့ကျင့်ဖို့အတွက် Studio စီစဉ်ပေးတဲ့ Power House Fitness Club ကိုလည်းကျေးဇူးတင်ပါတယ်။ Choreographer Meow ​နောက်ပြီး ကျ​နော့်ရဲ့ ကိုယ်ပိုင် Dancer အဖွဲ့ A-Team , Ingenious Production တို့ကိုလည်း ​ကျေးဇူးတင်ပါတယ် ။
    ဒီVideoနဲ့ပဲ ကျနော့်ရဲ့အလုပ်အတွက် ကြိုတင်ပြင်ဆင်မှုတချို့ကို မှတ်တမ်းအနေနဲ့တင်ပြချင်ပါတယ်။ အပိုင်း ၂ , ၃ နဲ့ ၄ ကိုလည်း ဆက်လက်အား​ပေးအုံး​နော် !!
    ချစ်တဲ့
    AR-T
    Follow AR-T:
    Facebook: / officiallyart
    Instagram: / ar_t_ar_t
    iTunes: / ar-t
    Spotify: open.spotify.com/artist/4uhqw...
    #AR_T #ThisIsHowiWork
  • Hudba

Komentáře • 1

  • @lynnpyi
    @lynnpyi Před 4 lety +1

    I'm waiting for "You don't love me" MV bro.