ညက ဖမ်းပြီးမနက်မှာ ဆုံးသွားတဲ့ ဒီချုပ်ပါတီရပ်ကျေးဥက္ကဠအလောင်းကို ရင်ခွဲ၊ ခေါင်းဖွင့်ထား

Sdílet
Vložit
  • čas přidán 6. 09. 2024
  • ညက ဖမ်းပြီးမနက်မှာ ဆုံးသွားတဲ့ ဒီချုပ်ပါတီရပ်ကျေးဥက္ကဠ အလောင်းကို ရင်ခွဲ၊ ခေါင်းဖွင့်ထား
    မတ်-၇၊ ၂၀၂၁
    စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၆ ရက်ညက ရိုက်နှက်ဖမ်းဆီးသွားခဲ့တဲ့ ပန်းဘဲတန်းမြို့နယ် အမှတ်(၇)ရပ်ကွက် ဒီချုပ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်လတ် ဆုံးပါးသွားပြီလို့ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က ပြောပါတယ်။
    ဦးခင်မောင်လတ်က ကျန်းမာတဲ့သူတစ်ဦးဖြစ်ပြီး အခုလိုဆုံးပါးသွားတဲ့အပေါ် သံသယရှိတယ်လို့လည်း ဦးစည်သူမောင်က ပြောပါတယ်။
    စစ်ဆေးရုံက ဦးခင်မောင်လတ်ရဲ့ ရုပ်အလောင်းကို ရင်ခွဲထားပြီး ဦးခေါင်းကိုလည်း ဖွင့်ထားတယ်လို့ သိရတယ်လို့လည်း ကိုစည်သူမောင်က ပြောပါတယ်။
    အသေးစိတ်ကိုတော့ အလောင်းထုတ်လာတဲ့ မိသားစုဝင်တွေသာ သိမယ်လို့လည်း ပြောပါတယ်။
    ဦးခင်မောင်လတ်ရဲ့ နာရေးကို ဒီနေ့ညနေ ၄ နာရီ ရေဝေးမူဆလင် သုသာန်မှာ ပြုလုပ်မှာဖြစ်ပါတယ်။
    မနေ့ညပိုင်းက ပန်းဘဲတန်းမြို့နယ်ရှိ ဒီချုပ်ပါတီဝင် အိမ်တွေကို စစ်ကောင်စီက လှေကားတံခါးတွေ။ နေအိမ်တံခါးတွေကို ချိုးဖျက်ကာ ဝင်ရောက်ရှာဖွေမှုတွေရှိခဲ့တာပါ။
    လမ်းထဲတွေ ဝင်ရောက်တဲ့အခါမှာလည်း ဝရံတာတွေကို ထွက်မကြည့်ဖို့၊ သံပုံးမတီးဖို့ သေနတ်တွေ၊ အသံဗုံးတွေနဲ့ ပစ်ခတ်ခြိမ်းခြောက်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
    Subscribe to our channel at bit.ly/2CVSP6d
    Check out our website: www.7daydaily.com/
    Connect with us at our social media handles:
    Facebook: / 7dayonlinetv
    Twitter: / 7day_tv

Komentáře • 147