စတုဒီသာမုန့်လုံးရေပေါ်

Sdílet
Vložit
  • čas přidán 6. 09. 2024
  • သင်္ကြန်နဲ့ မုန့်လုံးရေပေါ်ဆိုတာ အမြဲဒွန်တွဲနေတဲ့ အရာတစ်ခုပေါ့။ သင်္ကြန်ရောက်ပြီဆို မုန့်လုံးရေပေါ်ကတော့ မပါမဖြစ်ပါဘဲ။ သင်္ကြန်မဏ္ဍပ်တိုင်းမှာဆိုလည်း လူများများနဲ့ ဝိုင်းဖွဲ့ပြီး မုန့်လုံးရေပေါ်တွေ လုပ်ကြ၊ စကြနောက်ကြနဲ့ ပျော်စရာကောင်းတဲ့ ရိုးရာဓလေ့တစ်ခုလို ဆိုရမှာပါပဲ။ ဒီတော့ အခုတစ်ပတ်စတုဒီသာအစီအစဉ်မှာလည်း သင်္ကြန်ကျရောက်တော့မှာဆိုတော့ မပါမဖြစ် မုန့်လုံးရေပေါ်ကို စတုဒီသာကျွေးနိုင်ဖို့ အများစာ အချိန်အဆလေးနဲ့ လုပ်နိုင်အောင် စတုဒီသာမုန့်လုံးရေပေါ်လုပ်နည်းကို တင်ဆက်ပေးလိုက်ပါတယ်။
    စတုဒီသာမုန့်လုံးရေပေါ်
    ပါဝင်ပစ္စည်းများ
    ကောက်ညှင်းမှုန့် - ၄၀ ထုပ်
    ဂျုံမှုန့် - ၁၀ ထုပ်
    ဆား - စားပွဲဇွန်း ၂ ဇွန်း
    ရေ - ၂ လီတာ
    ထန်းလျက် - ၄ ပိဿာ (အခဲသေးလေးတွေစိတ်ထားပါ)
    အုန်းသီး - ၆ လုံး (ခြစ်ထားပါ)
    မုန့်လုံးရေပေါ်ပြုတ်ရန်ရေ - ၃၀ လီတာခန့်
    ပြုလုပ်နည်း
    မုန့်သားနယ်ရန် ဇလုံအကြီးတစ်လုံးထဲ ကောက်ညှင်းမှုန့်၊ ဂျုံမှုန့်၊ ဆားတို့ကို ထည့်ပြီး မွှေပါ။ ရေကို နည်းနည်းချင်းထည့်ပြီး မုန့်သားချောလာအောင် နယ်ပါ။ မုန့်သားကို မုန့်လုံးလို့ရမယ့်အနေအထား စေးစေးလေးဖြစ်တဲ့အထိ နယ်ပါ။ ပြီးလျှင် မုန့်သားကို အနေတော်လေးယူပြီး အလယ်မှာ ထန်းလျက်ခဲလေးကို ထည့်ပြီး အလုံးလေးဖြစ်အောင် လုံးပါ။ မုန့်လုံးလေးတွေကို ဗန်းတစ်ခုထဲ အစီအရီထည့်ထားပါ။ ပြီးလျှင် မုန့်လုံးရေပေါ်ကိုပြုတ်ရန် ရေ ၃၀ လီတာခန့်ကို ဆူအောင်တည်ပါ။ ရေဆူလာရင် မုန့်လုံးလေးတွေကို တစ်လုံးချင်းစီ ဖြည်းဖြည်းထည့်ပါ။ ပြီးလျှင် ရေပေါ်ပေါ်လာတဲ့ မုန့်လုံးလေးများကို ဆယ်ပြီး ဆန်ခါအကြီးထဲ ထည့်စစ်ထားပါ။ ပြီးလျှင် မုန့်လုံးရေပေါ်များကို အုန်းသီးဖတ်လေးတွေဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
    #Taste_Window_Food_Magazine
    #Half_Potato_Food_Television
    #မွှေးစားသောက်ကုန်လုပ်ငန်းHMWE
    #TinTinOo
    #စတုဒီသာမုန့်လုံးရေပေါ်
    #ဟင်းချက်နည်းများ
    #အိုးကြီးချက်

Komentáře • 1