ကြာဇံချက် မွှေးမွှေးလေး ချက်စားမယ် Burmese Vermicelli Soup Recipe

Sdílet
Vložit
  • čas přidán 20. 05. 2022
  • ကြာဇံချက်ကို လွယ်လွယ်လေးနဲ့ မွှေးနေအောင်ချက်စားရအောင် ... ချက်နည်းလေးက အစ်မ မလှိုင် ရဲ့ ချက်နည်းလေးအတိုင်းပြန်ချက်ထားပါတယ်ခင်ဗျာ.
    ပထမဆုံးကြက်ရိုးတွေကို ရေဆူဆူထဲမှာ မီးအလယ်အလတ်နဲ့ မိနစ် ၂၀ လောက်ပြုတ်ထားပါ။ ကြက်ရင်ပုံ သို့မဟုတ် အရိုးထုတ်ထားတဲ့ ကြက်ပေါင်ကို အတုံးသေးသေးလှီးထားပေးပါ။
    ကြာဇံချက်ကို မွှေးအောင်လို့အဓိက ကျတဲ့ လျှို့ဝှက်ချက်ကတော့ ကြက်သွန်နီကို လုံးဝ မသုံးဘဲနဲ့ ကြက်သွန်ဖြူနဲ့ ချင်းအနည်းကို ညက်အောင်ထောင်းပြီး ဆီသတ်ပေးပါမယ်။ ထုံးစံအတိုင်း ကြက်သွန်ဖြူချင်း ဆီသတ်ထားတာထဲကို နနွင်းမှုန့် အနည်းငယ်နဲ့ ငရုတ်သီးမှုန့် ထမင်းစားဇွန်း တဝက် ထည့်ပြီး အစိမ်းမှုန့် ပျောက်သွားတဲ့အထိ ဆီသတ်ပေးပါ။ ပြီးမှ အတုံးတုံးထားတဲ့ ကြက်သားနဲ့ ကြော်ထားတဲ့ ငါးဖတ်ထည့်ပြီးလုံးပေးပါ။ ကြက်သားတွေကျက်ပြီး အရောင်ပြောင်းသွားပြီဆိုမှ ငါးငံပြာရည်ကို ထမင်းစားဇွန်း၃ ဇွန်းလောက်ထည့်ပေးပါ။ သေချာမွှေပြီး ဆီပြန်ပြီဆိုရင် ကြက်သားဆီသတ်ရပါပြီ။
    ကြက်ရိုးပြုတ်ထားတဲ့ အရိုးပြုတ်ရည်ထဲကို ပဲပြားခြောက်။ မှိုခြောက်။ ကြွက်နားရွက်။ ပန်းခြောက်။ ငုံးဥပြုတ်။ ပြီးတော့ ဆီသတ်ထားတဲ့ ကြက်သားဆီသတ်ကို ထည့်ပါ။ ဟင်းရည်ထဲထည့်တဲ့အခါ ကြက်သားဆီသတ်ထဲက ဆီတွေကို မထည့်ပေးပါဘူး။
    ဟင်းရည် ပြန်ဆူလာရင် အရသာမှုန့်။ ဆား။ ငါးငံပြာရည်။ ငရုတ်ကောင်းမှုန့်အမည်း ကို မိမိစိတ်ကြိုက်ထည့်ပါ။
    ပွက်ပွက်ဆူပြီး အရသာစိတ်ကြိုက်ဖြစ်ပြီဆိုမှ ပဲကြာဇံထည့်ပါ။
    ပဲကြာဇံတွေပျော့သွားတာနဲ့ ကျွန်တော်က ပြန်ဆယ်ထားပါတယ်။
    ဒါမှ ပဲကြာဇံတွေက ဟင်းရည်ထဲမှာ ပျော်ပြီး မပွလာတော့ပါဘူး။
    သုံးဆောင်ခါနီးမှ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ. နံနံပင်။ ငရုတ်သီးမှုန့်။ သံပုရာသီးညှစ်ပြီး ပူပူလေးနဲ့ မွှေးမွှေးလေးသုံးဆောင်နိုင်ပါပြီခင်ဗျာ။
    သူငယ်ချင်းအားလုံးပျော်ရွှင်ကြပါစေ။
    ပါဝင်ပစ္စည်းများ
    ကြက်အရိုး - ၃၀ ကျပ်သား
    ကြက်ရင်ပုံ သို့ ကြက်ပေါင်သား (အရိုးထုတ်ပြီးသား) - ၂၅ ကျပ်သား
    ချင်း - လက်တဆစ်
    ကြက်သွန်ဖြူ - လက်တဆုပ်စာလောက်ကြိတ်ထားပါ
    ကြာဇံချက်ထဲထည့်ရန်
    ငုံးဥပြုတ် နဲ့ ငါးဖယ်ကြော်
    ပဲလိပ်ခြောက်
    ကြွက်နားရွက်နဲ့ဂျပန်မှို
    ပန်းခြောက်
    ပဲကြာဇံ
    ကြာဇံချက်နဲ့တွဲစားဖို့
    ကြက်သွန်နီ။ သံပရာသီး။ နံနံပင်
    တို့လိုအပ်ပါတယ်
  • Jak na to + styl

Komentáře • 35

  • @AnnaMawi
    @AnnaMawi Před 7 měsíci

    ကျေးဇူးပါ

    • @Cookfork1
      @Cookfork1  Před 7 měsíci

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @thazinhtwe5945
    @thazinhtwe5945 Před dnem

    မ်ိုးအေးနေချိန်ဆို😋😋😋

  • @dr.soewynn2949
    @dr.soewynn2949 Před 2 lety

    Thanks for cloud ear fungus. စား ချင် လာ ပြီ . Excellent chef.

    • @Cookfork1
      @Cookfork1  Před 2 lety

      ဟုတ်ကဲ့ 😊ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏

  • @utinmaunglatt7822
    @utinmaunglatt7822 Před dnem

    Thank you

  • @kiranlove4711
    @kiranlove4711 Před 2 lety

    😋😋😋

  • @sisishein3996
    @sisishein3996 Před 2 lety

    👍👍👍👍👍

    • @Cookfork1
      @Cookfork1  Před 2 lety

      ကျေးဇူးတင်ပါတယ်ခင်ဗျာ😊

  • @ehkeo1273
    @ehkeo1273 Před 2 lety +1

    😊😊😋😋😋

  • @johnsteel2535
    @johnsteel2535 Před 2 lety

    😊😊👍👍👍👍

  • @northokkalapa9658
    @northokkalapa9658 Před 2 lety

    💖💖💖

  • @ChawSusFoodFriends
    @ChawSusFoodFriends Před 2 lety

    အခုလို မိုးတွေရွာပြီးအေးနေတဲ့အချိန် စားလိုက်ရရင်...😋😋😋😋

    • @Cookfork1
      @Cookfork1  Před 2 lety +1

      ဟုတ်😊 ကျေးဇူးတင်ပါတယ်အစ်မ 🌷

  • @oleft2427
    @oleft2427 Před 2 lety

    အမေ ကကြိုက်တယ်
    ချက်ကျွေးလိုက်တော့မယ်

    • @Cookfork1
      @Cookfork1  Před 2 lety +1

      ဟုတ်ကဲ့ 😊ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏

  • @pnmobile1622
    @pnmobile1622 Před rokem

    အကိုလူနှစ်ရာစားဆိုရင်ချိန်ဘယ်လောက်ချက်ရလဲ

    • @Cookfork1
      @Cookfork1  Před rokem

      မတွက်တတ်ဘူးခင်ဗျ

  • @pnmobile1622
    @pnmobile1622 Před rokem

    လူချင်လို့ပါခနလောက်ဖြေပေးပါ

  • @avizoyan2894
    @avizoyan2894 Před 2 lety

    ဆရာရေ ဆနွင်းမကင်း လုပ်နည်းလေး တင်ပေးလို့ ရမလားခင်ဗျ🤗 ကိုယ်တိုင်လုပ်စားချင်လို့😙

    • @Cookfork1
      @Cookfork1  Před 2 lety +1

      ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ😊

  • @eimon4596
    @eimon4596 Před rokem

    ငါးဖယ္မပါရင္ေရာရလား

    • @Cookfork1
      @Cookfork1  Před rokem

      ရပါတယ်ခင်ဗျာ

  • @hninpwintphyu3322
    @hninpwintphyu3322 Před 2 lety

    အရင်က ချက်လိုက်တိုင်း - သဲတွေ ပါ သလိုဖြစ်လို့ မချက်ဖြစ် တာ ဆရာ။ အခု ကြိုး စားပြီးချက် ကြည့်ဦးမယ်။

  • @user-st3nq3zv5k
    @user-st3nq3zv5k Před 11 měsíci

    အယောက်၊30စာအချိန်

    • @Cookfork1
      @Cookfork1  Před 11 měsíci

      တခါမှ မချက်ဖူးတော့ အတိအကျ မပြောတတ်ဘူးခင်ဗျ