MY Travelogue ပုသိမ်ဟာလဝါပြုလုပ်ပုံ

Sdílet
Vložit
  • čas přidán 16. 09. 2021
  • ပရိတ်သတ်များအားလုံးပဲမင်္ဂလာပါ...ဒီအပိုင်းမှာဆိုရင်တော့ ပုသိမ်မြို့ရဲ့နာမည်ကြီး ပုသိမ်ဟာလဝါပြုလုပ်ပုံအဆင့်ဆင့်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ပုသိမ်ဟာလဝါစတင်ပြုလုပ်တော့မယ်ဆိုရင် ကောက်ညှင်းဆန်ကိုကြိတ်၊ အဲဒီ့လိုကြိတ်တဲ့နေရာမှာဆိုရင်လည်း မုန့်သားများများထွက်ပြီး အရသာပိုကောင်းချင်တယ်ဆိုရင်တော့ ရေများများထည့်ပြီးကျိတ်ရပါတယ်။ ကောက်ညှင်းဆန်ကိုကျိတ်ပြီးပြီဆိုရင် အဲဒီ့မုန့်ရည်ရယ်၊ အုန်းနို့ရယ်၊ သကြားနဲ့ လှော်ပြီးသားဘိန်းစေ့၊ ဆီနဲ့ဆားအနည်းငယ်ထည့်ပြီး မီးမှန်မှန်လေးပေးပြီး အားလုံးသမသွားအောင်မွှေပေးနေရပါတယ်။ အချိန် (၅) နာရီခွဲလောက်ကြအောင်မွှေပြီးပြီဆိုရင်တော့ အရည်တွေအားလုံးစစ်သွားပြီး ပုသိမ်ဟာလဝါကိုရရှိပါပြီ။ အဲ့ဒါကိုမှ အအေးခံပြီး ပြန်ထုပ်ပိုးရောင်းချကြတာပဲဖြစ်ပါတယ်။ ပုသိမ်ဟာလဝါပြုလုပ်တဲ့နေရာမှာ အဓိကအရေးကြီးဆုံးကတော့ ကောက်ညှင်းဆန်စစ်စစ်ကို အသုံးပြုရမှာဖြစ်ပြီး အဲ့ဒါမှ မုန့်အရသာပိုကောင်းသလို ကြာရှည်အထားခံမှာလည်းဖြစ်ပါတယ်။ တကယ်လို့များ ကောက်ညှင်းထဲမှာ ဆန်ကြမ်းတွေရောပါသွားမယ်ဆိုရင်တော့ မုန့်အရသာပိုမကောင်းသလို ကြာရှည်လည်းအထားမခံပါဘူး...ကြည့်ရှုအားပေးကြပါဦး

Komentáře • 6

  • @winnada5326
    @winnada5326 Před 2 lety +1

    အသစ်တွေတင်ပေးပါအုံး

  • @user-oc3pu1tc3n
    @user-oc3pu1tc3n Před 2 lety +1

    ‘ဒီအစီအစဉ်ကိုကြိုက်နှစ်သက်ပါတယ်..ထားဝယ်ခရီးမှတ်တမ်းလေးရှိရင်တင်ပေးပါခင်ဗျာ..ကျေးဇူးတင်ပါတယ်..ကျန်းမာရွှင်လန်းကြပါစေ

  • @zenal6560
    @zenal6560 Před rokem

    ဆန်ကျမ်းကဘယ်လိုဆန်ကျမ်းမျိုးလဲ

  • @phyowinhan16
    @phyowinhan16 Před 2 lety +2

    အန်ကယ်ဦးရဲထွဋ်(သမ္မတသိန်းစိန်ခေတ်) နဲ့ NLD အစိုးရခေတ်တုန်းက MRTV လေးအရမ်းလွမ်းလိုက်တာ။ ခုကြ အစီအစဉ်တွေက ချာတူးလန်။

  • @saryjbcfgg4113
    @saryjbcfgg4113 Před rokem +1

    ကိုကြီးတို့က ဘောမတာလား

  • @michelle5for
    @michelle5for Před 2 lety

    What are they making?