ချင်းမိုင်မြို့က ယက္ခဘီလူးမောင်နှံရဲ့ ယဇ်ပူဇော်ပွဲနဲ့ နာနာဘာဝတွေအကြောင်း - Scary Sunday -

Sdílet
Vložit
  • čas přidán 25. 05. 2024
  • ချင်းမိုင်တက္ကသိုလ်ရဲ့ မြောက်ပိုင်းကပ်ရပ်မှာ တည်ရှိနေတဲ့ Doi Suthep ဆိုတဲ့ တောင်ဟာ ဟိုးရှေးရှေးတုန်းက ယက္ခဘီလူး မောင်နှံနဲ့ သူတို့ရဲ့ သားတစ်ယောက် စုစုပေါင်း ယက္ခဘီလူး သုံးယောက် ကျက်စားရာ တောင်ဖြစ်တယ်လို့ အဆိုရှိပါတယ်။ ဒီတောင်က ယက္ခဘီလူးတွေဟာ ကျွန်တော်တို့ သာမန်လူတွေထက် အရွယ်အစားကြီးမားပြီး အင်အားသာလွန်ရုံသာ မကဘဲ အသားစား ကြူးပါတယ်။ သူတို့တွေက လူတွေရဲ့ အသားကို အင်မတန်မှကို ခုံမင်နှစ်သက်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအတွက် ဒီတောင်ခြေ အနီးတဝိုက်က မြို့တွေ ရွာတွေကို ဝင်ရောက်ပြီးတော့ လူတွေကို ဖမ်းဆီးစားသောက်လေ့ ရှိတယ်တဲ့။
    ဒါပေမယ့် နောက်ပိုင်းမှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားကြောင့် သားဖြစ်သူက ကျွတ်တမ်းတရား ရသွားပြီး အပြီးတိုင် ရဟန်းဝတ်သွားခဲ့ပြီး ယက္ခဘီလူးမောင်နှံကလည်း ပြောင်းလဲသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်က လူတွေကို ဒုက္ခပေးတာမျိုး လူအသားကို စားတာမျိုး မလုပ်တော့ပေမယ့်လို့ သူတို့ရဲ့ ပင်ကိုဗီဇ အသားစားချင်တဲ့ အာသီတကို ဖျောက်ဖျက်လို့ မရနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ အဲ့ဒီအတွက်ကြောင့် တစ်နှစ်ပတ်လုံးမှာတော့ ကျွဲတစ်ကောင်ကိုပဲ စားမယ်ဆိုပြီးတော့ သဘောတူညီမှုရခဲ့ပါတယ်။ အဲ့ဒီတော့ ဒီနေရာ ဒေသတလျှောက်မှာ နေထိုင်ကြတဲ့ လူတွေက သူတို့တွေကို တစ်နှစ်ကို ကျွဲတစ်ကောင်စီ ယဇ်ပူဇော်ဆက်သမှု ပြုပေးရတယ်တဲ့။ ဒါကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သူတို့မောင်နှံက ဒီတောင်ကြောတလျှောက်ဒေသတွေက တောတောင်တွေနဲ့ သီးနှံဖြစ်ထွန်းစေအောင်လို့ ကူညီစောင့်ရှောက်မှုတွေ ပေးခဲ့တယ်တဲ့။
    သူတို့တွေ ကွယ်လွန်သွားခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ ဒေသတကြောမှာ နေထိုင်ကြတဲ့ လူတွေက သူတို့တွေ နတ်ဖြစ်သွားတယ်လို့ ယုံကြည်ကြတဲ့အတွက် သူတို့တွေကို ရည်စူးပြီး နှစ်စဉ်နှစ်စဉ် ကျွဲတစ်ကောင်စီ ပူဇော်ဆက်သခဲ့ပါတယ်။ အဲ့ဒီ အလေ့အထက ယနေ့ထက်ထိတိုင် လက်ဆင့်ကမ်း ကျင်းပနေဆဲ ရိုးရာပွဲတော် တစ်ခု ဖြစ်လာခဲ့ပါတယ်။
    ဒါက သမိုင်းအထောက်အထားတွေအရ သက်သေပြလို့ မရပေမယ့် နှုတ်နဲ့ လက်ဆင့်ကမ်းလာတဲ့ ရာဇဝင် အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီတော့ ခြုံပြီးပြောရမယ်ဆိုရင် Doi Suthep က သမိုင်းကြောင်းအရရော၊ ဘာသာရေးအရရော၊ ယဉ်ကျေးမှုအရရော ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းဒေသအတွက် အထင်ကရ နေရာတစ်ခုလို့ ပြောရမှာပါ။
    ဒီကနေ့ Scary Sunday အစီအစဉ်ကနေ Doi Suthep နဲ့ ပတ်သက်တဲ့ ထုံးတမ်းအစဉ်အလာတွေနဲ့ တခြား ကျောချမ်းဖွယ် နာနာဘာဝ အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
    ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့တွေ ဘာအကြောင်းအရာကိုမှ မပြောခင်မှာ Doi Suthep ရဲ့ တည်နေရာနဲ့ ဘာကြောင့်မို့ ဒီတောင်က ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသအတွက် သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှုအရနဲ့ ဘာသာရေးအရ အရေးပါတဲ့ နေရာ ဖြစ်နေရသလဲဆိုတာတွေကို ပြောပြဖို့ရာ လိုမယ်ထင်ပါတယ်။
    ပြီးခဲ့တဲ့ တစ်ပတ်က ကျွန်တော်တို့ ပြောခဲ့တာကို မှတ်မိကြမယ်ဆိုရင် Doi Suthep က ချင်းမိုင်မြို့ရဲ့ မြောက်ဘက် ချင်းမိုင်တက္ကသိုလ်နဲ့ ကပ်နေတဲ့ နေရာမှာ ရှိတာ ဖြစ်ပါတယ်။ ဒီတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၉၉ အမြင့်ထိ ရှိပါတယ်။ ချင်းမိုင်မြို့မှာ အမြင့်ဆုံးတောင် / ထိုင်းနိုင်ငံမှာ အမြင့်ဆုံးတောင် ဖြစ်တဲ့ Doi Inthanon က ၈၄၁၅ ပေမြင့်တဲ့အတွက် ဒီတောင်က အမြင့်အားဖြင့် နှိုင်းယှဉ်လို့ရတဲ့ အနေအထားမဟုတ်ပေမယ့် သမိုင်းကြောင်းအရ/ ဘာသာရေးအရနဲ့ လူမျိုးရေးအရကျတော့ တော်တော်ကို အရေးပါတဲ့ တောင်တစ်ခု ဖြစ်ပါတယ်။
    သမိုင်းကြောင်းအရ ပြောရမယ်ဆိုရင် ဒီ Doi Suthep တည်နေရာက မြတ်စွာဘုရားပွင့်တော်မူခဲ့တဲ့ သာသနာ ပြုခဲ့တဲ့ အချိန်ကာလအထိ နောက်ကြောင်းပြန်သွားလို့ရပါတယ်။
    ဒီ Story အစပိုင်းမှာ ကျွန်တော်ပြောခဲ့တဲ့ ယက္ခဘီလူးသုံးကောင်ဆိုတာက ဒီတောင်မှာ ကျက်စားနေထိုင်တာ ဖြစ်ပြီး အနီးတဝိုက်က မြို့ရွာတွေထဲက လူတွေကို ဖမ်းဆီးစားသောက်တတ်တဲ့ သားစားကြူးတဲ့ ဘီလူးတွေပေါ့။ သူတို့ ထိုင်းတွေကတော့ ဒီဘီလူးတွေကို သူတို့ ထိုင်းဘာသာနဲ့ Yak ဆိုပြီး ခေါ်တာ ဖြစ်ပါတယ်။ အဖေက Pu Sae, အမေက Ya Sae တဲ့။ သားနာမည်ကတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ထားပါ။ သူတို့တွေက အသားစား ကြူးသလို အင်အားလည်း ကြီးတယ်။ အဲ့ဒီအချိန်က ဗုဒ္ဓဘာသာ ဒီကို ရောက်မလာသေးတော့ကာ သူတို့တွေက နတ်တွေ တစ္ဆေတွေကို ကိုးကွယ်ဆီးကပ်တဲ့ အလေ့အထရှိတယ်တဲ့။ ဒီအနီးအနားမှာ‌ နေကြတဲ့လူတွေက သူတို့ သားအမိသားအဖ သုံးယောက်ကို အမြဲ ကြောက်လန့်ပြီး ကျီးလန့်စာစား နေနေကြရတဲ့ ဘဝပေါ့လေ။
    မြတ်စွာဘုရားက သူပြန်မကြွခင်မှာ သူ့ရဲ့ ဆံချည် တစ်မျှင်ကို ပေးပြီးတော့ ကိုးကွယ်စေဖို့ ဓါတ်တော် မွေတော်အဖြစ်ချန်ရစ်ခဲ့တယ်လို့ ဆိုတယ်။ အဲ့ဒီလို ပေးတဲ့အခါမှာ ယာဆေက လက်ခံခဲ့တယ်ပေါ့လေ။ အဲ့ဒီမှာ သိကြားမင်းက ယာဆေလက်ထဲက ဆံချည်မျှင် ဓါတ်တော်ကို ယူပြီးတော့ သူ့တန်ခိုးနဲ့ ဖန်ကလပ်ပေါ်ကို ရွှေတစ်ထပ် ငွေတစ်ထပ် အုပ်ပြီးတော့ ဒီဆံချည်မျှင် ဓါတ်တော်ကို ထည့်ထားပေးခဲ့တယ်တဲ့။ အဲ့ဒီဓါတ်တော်ကိုမှ တောင်ထိပ်ပေါ်မှာ စေတီတည်ပြီးတော့ ဌာပနာထည့်သွင်းပူဇော်ခဲ့တယ်ပေါ့လေ။ ဒီဓါတ်တော် ဌာပနာထားတဲ့ စေတီတော်ဟာ အခု ကျွန်တော်တို့ လူအများသွားဖူးနေကြတဲ့ Doi Suthep ပေါ်က စေတီဖြစ်တယ်လို့ လူတွေက ပြောကြသလိုပဲ တချို့လူတွေကတော့ တကယ် တောင်ထိပ်နေရာက စန်းကူ စေတီဟောင်းဖြစ်မယ်ဆိုပြီး ယူဆကြတာတွေ ရှိပါတယ်။
    ဒါတင်မကသေးဘဲနဲ့ မြတ်စွာဘုရားက သူကွယ်လွန်တော်မူပြီး နောင်နှစ်ပေါင်း ဘယ်လောက် ဘယ်လောက် ကြာတဲ့အခါမှာ သုမနဘိက္ခူလို့အမည်ရတဲ့ ကိုယ်တော်က သူ့ရဲ့ ကျွင်းကျန်ရစ်တဲ့ ဓါတ်တော်တွေကို ဒီနေရာကို ထပ်ယူလာပြီးတော့ ဘုရားတည်ထားပြီး ဗုဒ္ဓဘာသာ သာသနာ ထွန်းကားစေလိမ့်မယ်ဆိုပြီးတော့ ဗျာဒိတ်ပေးတော်မူခဲ့တယ်တဲ့။ ဒီဗုဒ္ဓသာသနာ တည်တဲ့ နှစ်ငါးထောင်အတွင်းမှာ ဒီနေရာ ဒီဒေသမှာ မှီတင်းနေထိုင်တဲ့ လူတွေနဲ့ ဒီသေဒကို ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ဖို့လည်း ပူဆေနဲ့ ယာဆေကို မှာကြားခဲ့တယ်တဲ့။

Komentáře • 66

  • @StoryBearsMM
    @StoryBearsMM  Před 2 měsíci +13

    ဒီဗီဒီယိုထဲမှာ အသုံးအနှုန်းမှားနေတာလေးတွေကို လာထောက်ပြကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ပရိနိဗ္ဗာန်စံတာ၊ ကွယ်လွန်တာ၊ ပျံလွန်တော်မူတာ၊ နောက် ကိုယ်တော် အစရှိတဲ့ စကားလုံးတွေကို နေရာအထားအသို မှန်ကန်အောင် လုပ်ဖို့လိုသွားတဲ့ ကျွန်တော့်ရဲ့ လိုအပ်ချက်ပါ။ နောက်ပိုင်းတွေမှာ စကားလုံးအသုံးအနှုန်းမှန်ကန်အောင် ပိုပြီး ဂရုစိုက်သွားပါ့မယ်ခင်ဗျာ။
    ထောက်ပြပြောဆိုပေးကြတဲ့မိတ်ဆွေတွေ အားလုံးကို ကျေးဇူးလှိုက်လှိုက်လှဲလှဲ တင်ပါတယ်ခင်ဗျာ။

  • @shweyihtun7572
    @shweyihtun7572 Před 2 měsíci +6

    ပီအိုက် စပြီးအဆုံးထိနားထောင်လိုက်အုံးမယ်နော်။အမြဲအားပေးနေတယ်နော် ကျန်းမာရေးဂရုစိုက်နော်ပီအိုက်❤🎉🎉

  • @ukokomyint2276
    @ukokomyint2276 Před měsícem

    သာဓုပါ
    ချင်းမိုင်အိမ်မှာတွေ့နေရတဲ့နတ်ကွန်းရာဝင်
    လေးသိရလို့ကျေဇူးတင်ပါတယ်
    နေ့တိုင်းမေတ္တပ်ု့ပန်းလဲရေကပ်နေခဲ့
    မြေးတွေအတွက်ဆုတောင်း
    တောင်ပေါမလည်ရသေးပါ..

  • @nicole-iv1vb
    @nicole-iv1vb Před 2 měsíci +1

    အမြဲအားပေးနေပါတယ်
    မြတ်စွားဘုရားနဲ့ပါတ်သက်တာတွေပြောရင်မမှားအောင်ဂရုစိုက်ပေးပါရှင့်

  • @dawthandarhein3009
    @dawthandarhein3009 Před 2 měsíci +1

    နားထောင်ချင်လို့မျှော်နေရတာ
    ကျေးဇူးတင်ပါတယ်
    အားပေးနေပါတယ်နော်။

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci

      အားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

  • @MinTerGyi007
    @MinTerGyi007 Před 2 měsíci +1

    Thx 4 sharing Mr. Bear 🐻🐨👍🙏

  • @khinhtethtetsoe522
    @khinhtethtetsoe522 Před 2 měsíci

    Thanks ❤

  • @mrlinhk9365
    @mrlinhk9365 Před 2 měsíci +2

    ဒီ story ကို အစ အဆုံး နားထောင်ပြီး comment ပေးရမယ်ဆိုရင်ပေါ့နော်...နားထောင်ကောင်းတယ်ပေါ့နော်...
    ဆက်လက်အားပေးနေမယ် ပေါ့နော်...
    Murder Monday နားထောင်ဖို့လည်း...စောင့်နေတယ် ပေါ့နော်...😂😂😂

    • @MinTerGyi007
      @MinTerGyi007 Před 2 měsíci +2

      ကျနော်ကလည်းပေါ့နော်
      လမ်းကြုံလေးဝင်ပြီးအသဲပေးသွားပါတယ်ပေါ့နော် ❤👍🙏😎

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci +2

      အခုလိုပေါ့နော် အားပေးတဲ့အတွက်ပေါ့နော် ကျေးဇူးတင်ပါတယ်ပေါ့နော်။

  • @user-wb9qk5ml3z
    @user-wb9qk5ml3z Před 2 měsíci +1

    Good

  • @user-jh7ec5gz7r
    @user-jh7ec5gz7r Před 2 měsíci

    ဘုရားသမိုင်း သိရတာ ကောင်းပါတယ် သာဓုပါ.. ဘုရားရှင်ကို ပျံတော် မူမသုံးရ ပရိနိဗ္ဗာန်စံလို့သုံးပါနော် နောက် ဆရာတော် အမည်က ၈ရု ဘ သိရီ ိဇ ယ ပါ - မြန်မာလို ၈ရုဘ က ဆရာဘုရား ပေ့

  • @thidalin8419
    @thidalin8419 Před 2 měsíci +1

    ကျေးဇူးပါ သားရေအမြဲတမ်းအားပေးလျှက်ပါ။👍👍👍👏👏👏

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci

      ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • @hdsgrace8840
    @hdsgrace8840 Před 2 měsíci

    That's interesting .👍
    Thanks for sharing .🙏
    Have a blessed weekend !!🙏👍👍

  • @user-rk2pg2yv1w
    @user-rk2pg2yv1w Před 2 měsíci +1

    အားပေ​းနေပါတယ်🎉

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci +2

      First Comment!!! အားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

  • @Songeiho
    @Songeiho Před 2 měsíci

    broရေ စာရေးတဲ့နေရာလေးတွေကိုမှန်ကန်အောင်ရေးပီးဖတ်ပေးစေခြင်ပါတယ် မြတ်စွာဘုရားကိုပထမတော့ကွယ်လွန်တယ် နောက်တခေါက်ကျ ပျံလွန်တော်မူတယ် အမှန်က အများနဲ့မတူထူးခြားပီးနိဗ္ဗာန်ရောက်တဲ့အတွက် ပရိနိဗ္ဗာန်စံတော်မူတယ်လို့သုံးနှုံးရမှာဖြစ်ပါတယ် အပြစ်ပြောတာတော့မဟုတ်ပါဖူး အဲ့ဒါလေးတွေကိုဂရုစိုက်ပေးစေခြင်ပါတယ် ကျေးဇူးပါ😍😍😍

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci +1

      ကျေးဇူးတင်ပါတယ်။ အခုလို ထောက်ပြတာတွေကို အပြစ်မမြင်ပါဘူးခင်ဗျ။ ကျွန်တော့်လိုအပ်ချက်ပါ။

  • @isabela-3-720
    @isabela-3-720 Před 2 měsíci

    Bro, ur brilliant

  • @kayphyo1044
    @kayphyo1044 Před 2 měsíci

    မဂ်လာပါSB😊အတော်လေးကို စိတ်ဝင်စားစရာ ပါ👍

  • @kokogyi444
    @kokogyi444 Před 2 měsíci

    အဓိပ္ပါယ်မယှိတဲ့နတ်​တွေ အယုံကြည်မရှိဘူ အကို
    အမြဲ အာား​ပေး​နေပါတယ် အကို ❤❤

  • @user-hy5fq1rv2g
    @user-hy5fq1rv2g Před měsícem

    ထိုင်းကိုမရောက်ဘူးတဲ့လူတွေအတွက်ထိုင်းကရာဇဝင်လေးတွေသိရတာအရမ်းက်ိုဗဟုသုတရလို့ကျေးဇူးပါ

  • @TunTun-uf7es
    @TunTun-uf7es Před 2 měsíci

    မဂ်လာပါအေးချမ်းသာယာပျော်ရွင်ပါေစ ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @uulay637
    @uulay637 Před 2 měsíci

    ❤❤❤

  • @eieisoemin1581
    @eieisoemin1581 Před 2 měsíci

    တင်သမျှကိုနားထောင်အားပေးလျက်ပါ။ သမိုင်းကြောင်း အမှန် အမှားကြောင့်ပဲဖြစ်မလား?? (တင်ဆက်သူကိုအပြစ်ဆိုခြင်းမဟုတ်ပါ)။ တွေးမိတာက မဟာဂရုဏာရှင်မြတ်စွာဘုရား က ၅ ပါးသီလထဲက သူ့အသက်မသတ်ရဘူးဆိုထားတာ ခုက ကျွဲကို တနှစ်တခါသတ်စားမယ်ဆိုတော့ နုတ်ဆိတ်နေတော်မူတယ်။ နုတ်ဆိတ်နေတော့ခွင့်ပြုတယ်လို့ယူဆရာက ယစ်ပူဇော်တာထိ ဖြစ်လာတယ်ဆိုပါတော့။ အဲ့ဒါကို စိတ်ထဲ ဘဝင်မကျမိဘူး။ ယစ်ပူဇော်တာမျိုးကလည်း ဗုဒ္ဓဘာသာစစ်စစ်မှာတော့ လုပ်လေ့မရှိဘူးလို့ထင်ပါတယ်။ ကိုယ့် အတွေးပါ။ မြတ်စွာဘုရားကို အကြွင်းမဲ့ ယုံကြည်ကိုးကွယ်သူပါ။

  • @ayeayemaw1713
    @ayeayemaw1713 Před 2 měsíci

    ❤❤❤❤❤

  • @MinTerGyi007
    @MinTerGyi007 Před 2 měsíci +3

    သားနာမည်က {ဟူစေ} ပါခင်မျာ

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci +1

      ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • @user-gd7ml6nn7z
    @user-gd7ml6nn7z Před 2 měsíci

    ❤❤❤🎉🎉🎉

  • @user-sn7rx3ks4h
    @user-sn7rx3ks4h Před 2 měsíci

    အကိုပုံပြင်လေးတွေ နားထောင်ပီးညတိုင်းအိပ်တယ် အမြဲအားပေးနေတယ် အကို

  • @MLBB-hv9fh
    @MLBB-hv9fh Před 2 měsíci +1

    တနေ့ တပုဒ် မရဘူးလား ။ ​
    စောင့်ရတာ မေားလို့ပါ ။

    • @MinTerGyi007
      @MinTerGyi007 Před 2 měsíci +2

      နားနားပြီးနားထောင်ပါ အမောဆို့နေမှာစိုးလို့ပါတော် ❤😂

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci +2

      😅😅 တစ်နေ့တစ်ပုဒ်တော့မရဘူးခင်ဗျ။ တစ်ပုဒ်တစ်ပုဒ် စာစုရတာက သုံးရက်လောက်ကြာတတ်လို့ပါ။

  • @KhunYallMa
    @KhunYallMa Před 2 měsíci

    ထိုင်းနိုင်ငံက စေတီပုထိုးတွေမှာ
    ဘုရားထီးတော်မပါကြဘူး။
    အလောင်းမင်းတရား ဦးအောင်ဇေယက ကျိန်စာတိုက်ခဲ့လို့
    ထီးတော်တင်လို့မရတာလို့ ကြားဖူးပါတယ်။ ဘုရားထီးတင်ခဲ့မယ်ဆိုရင် မိုးကြိုးပစ်တယ်လို့လည်း ပြောကြတယ်။ ဘုရားကိုကြားခံထားပြီး ကျိန်စာတိုက်ခဲ့တာ ဟုတ်ပါ့မလားလို့ တွေးမိလို့ပါ။

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci +1

      ထီးတော်တင်လို့ရပါတယ်။ မြန်မာစေတီထီးနဲ့ မတူတာပဲရှိတာပါ။ အခုဗီဒီယိုထဲမှာလည်း မြင်ရမှာပါ။

  • @KuKusan-ql8zu
    @KuKusan-ql8zu Před 2 měsíci

    မျှော်ရကျိုးနပ်သော 🎉

  • @khaingsdiary
    @khaingsdiary Před 2 měsíci

    စောင့်နေတာ😁

  • @thuzarni3242
    @thuzarni3242 Před 2 měsíci

    ရောက်ဖူးတယ် ဘာမှန်းမသိတာ အခုမှပဲ့ ရာဇ၀င်သိတော့တယ်

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci +1

      ကျွန်တော်လည်း ဒီဗီဒီယိုတင်မယ်လုပ်တော့ စာတွေ လိုက်ဖတ်ကြည့်တော့မှ သိရတာ။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • @ibeenglishmyanmar5843
    @ibeenglishmyanmar5843 Před 2 měsíci

    ယက္ခ can go into monk?

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci

      ယက္ခလို့ ခေါ်တာက တင်စားပြီ ခေါ်ဝေါ်တာ ဖြစ်နိုင်ပါတယ်။ Lawa လူမျိုးတွေကို ယက္ခလို့ ခေါ်တာဖြစ်မယ်လို့ ကျွန်တော်ထပ်ရှင်းပြထားပါတယ်ခင်ဗျ။

  • @wunpawngsai5471
    @wunpawngsai5471 Před 2 měsíci

    စောင့်နေတာ

  • @mobilelegendslovers9489
    @mobilelegendslovers9489 Před 2 měsíci

    အကိုဓ္ဓမရာဇမင်းက ကုန်းဘောင်မင်းဆက်မှာပါတယ်နော်အကို

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci

      မတူပါဘူးခင်ဗျာ။ ဒီနာမည်တွေက ပါဠိနာမည်မို့ တူတယ်ထင်ရတာပါ။ သူတို့ ၁၄ ရာစုကပါ။ ကုန်းဘောင်မင်းက ၁၄ ရာစုမဟုတ်ဘူးထင်ပါတယ်။

  • @user-rb4yk1tm7k
    @user-rb4yk1tm7k Před 2 měsíci

    ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @user-xe5jn7le5h
    @user-xe5jn7le5h Před 2 měsíci

    👍👍👍♥️♥️♥️

  • @ResharerG3
    @ResharerG3 Před 2 měsíci +2

    အကိုကလဲ Video ကြီး အရှည်ကြီး သမိုင်းအကြောင်းတွေပါ သေခြာလေ့လာပီးမှ ဘုရား ပရိနိဗ္ဗာန်ပြုတယ်လို့ပြောရမှာကို အကိုက ဘုရားရှင်ကို ကွယ်လွန်တယ်ပြောတော့ လူပြောစရာတွေဖြစ်တော့မှာပဲ ကျွန်တော်တို့ မြန်မာလူမျိုးတွေက သိတဲ့အတိုင်းပဲ အပြစ်ကိုကြံဖန်ပီး မြင်တက်တဲ့လူမျိုးတွေမလို့ပါ
    နောက်ပီး အကိုပြောတဲ့ ဘုန်းကြီးတပါးကို ကိုယ်တော် ကိုယ်တော်နဲ့လဲ မပြောသင့်ဘူး ကိုယ်တော်လို့ပြောတာက နတ်တွေကိုမှ ပြောတာ ကိုယ်တော်ကြီး ကိုယ်တော်လေးတို့ပါတို့ပေါ့ဗျာ.. ဘုန်းတော်ကြီး ဦးဇင်းတွေကိုပြောချင်ရင် ရဟန်းတပါးလို့ဘာလို့ပြောရတယ် အကို.. အပြစ်ပြောတာမဟုတ်ပါဘူး နောက်ဆို အကိုအတွက် အသုံးဝင်အောင်လို့ အကြံပေးတဲ့သဘောပါ အကို
    အာပေးလျှက်ပါ အကို ❤❤❤

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci +3

      ဟုတ်ကဲ့။ အခုလို အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci +3

      အခုလို ထောက်ပြတာတွေကို အပြစ်လို့ မမြင်ပါဘူးခင်ဗျာ။

  • @Coffeelove-ik4ep
    @Coffeelove-ik4ep Před 2 měsíci

    ဘီလူးက ရဟန်းခံလို့ရတာလား လူသားမှ ရဟန်းခံလို့ ရတယ်လို့ကြားဖူးလို့ပါ

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci

      တကယ်တော့ ဘီလူးမဟုတ်ပါဘူး။ Lawa မျိုးနွယ်တွေရဲ့ ရှေးမျိုးဆက်တွေ ဖြစ်မှာပါ။ ဒါပေမယ့် သူတို့က ဇာတ်တူသားစားတော့ ဘီလူးလို့ ခေါ်ဝေါ်ကြတာဖြစ်မှာပါ။

  • @interintet5380
    @interintet5380 Před 2 měsíci

    အမြဲအားပေးနေတယ်နော်အကို❤နေ့တိုင်းတင်ပေးစေချင်တယ်အဆင်ပြေရင်ပေါ့❤ကျန်းမာပါစေအကို🙏🙏🙏

  • @nicole-iv1vb

    မြတ်စွာဘုရားကိုကွယ်လွန်တယ်မသုးံရပါဘူးရှင့်

    • @MinTerGyi007
      @MinTerGyi007 Před 2 měsíci +1

      Good points out 👍💪😎

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci +2

      ဟုတ်ကဲ့ အခုလို ထောက်ပြတာ ကျေးဇူးတင်ပါတယ်။ နောင်ကို ဂရုပြု ဆင်ခြင်ပါ့မယ်ခင်ဗျာ။

    • @nicole-iv1vb
      @nicole-iv1vb Před 2 měsíci +1

      အမြဲအားပေးနေပါတယ်
      မြတ်စွာဘုရားနဲ့ပါတ်သက်တာတွေပြောရင်တော့အထူးဂရုစိုက်ပေးပါရှင့်

  • @PyaeTharXSLOWPyaeThar
    @PyaeTharXSLOWPyaeThar Před 2 měsíci

    မရှင်းဘူး

  • @AungMyoThant-qt5vo
    @AungMyoThant-qt5vo Před 2 měsíci

    နောက်ကျသွားတယ်ဦးပိုလာရေ😭

    • @StoryBearsMM
      @StoryBearsMM  Před 2 měsíci +1

      ရပါတယ်ခင်ဗျာ။ နောက်ကျတယ်ရယ်လို့ မရှိပါဘူး။ အားပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။