ဆိတ်သားပြုတ်ကြော်/အမဲသားပြုတ်ကြော်

Sdílet
Vložit
  • čas přidán 4. 08. 2020
  • ဆိတ်သားပြုတ်ကြော်/အမဲသားပြုတ်ကြော်
    အိစံကို အမေးများတဲ့ ဟင်းတမျိုးဖြစ်တဲ့ ဆိတ်သားပြုတ်ကြော်/အမဲသားပြုတ်ကြော်လေးကို ဒီနေ့လုပ်ပြမှာပါ။ ဒီနည်းလေးနဲ့ ကြော်ရင် အသားလေးက မွှေးကြိုင်နေသလို အတွင်းသားအိအိနဲ့ အပြင်ကြွပ်ကြွပ်ကလေးနဲ့ အလွန်စားကောင်းပါတယ်။ ဆိတ်သားပြုတ်ကြော်/ အမဲသားကြော်လေးကတော့ ကလေးကော လူကြီးပါကြိုက်ကြတာမို့ Video လေးကို ကြည့်ပြီး လုပ်စားကြည့်နော်။
    ပါဝင်သောပစ္စည်းများ
    ၁။ ဆိတ်သား/အမဲသား - ၃၅ ကျပ်သား (သို့) ၁ ပေါင်ခွဲ
    ၂။ ဆား - လက်ဖက်ရည်ဇွန်း တဝက်
    ၃။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
    ၄။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
    ၅။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
    ၆။ တရုတ်မဆလာ - လက်ဖက်ရည််ဇွန်း တဝက်
    ၇။ Goody နေကြာဆီဖြင့်ချက်ထားသော ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း ၈ ဇွန်း
    ၈။ ဂျင်း - လက်တဆစ်
    ၉။ ကြက်သွန်ဖြူ - ၃ မွှာ
    (လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
    (ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)

Komentáře • 2

  • @sammypewin6061
    @sammypewin6061 Před 3 lety +1

    အမဲသားကို ဘယ်အပိုင်း ဝယ်ရမလဲဆိုတာ ပြောပေးပါလားခင်ဗျား ကျေးဇူးပါ။

  • @PatarshantiPatarshanti

    အသားမနူးဘူးအမရေ