ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် နေရွှေသွေးအောင်တို့၏ ဗုဒ္ဓဓမ္မဆိုင်ရာအမေးအဖြေ အပိုင်း (၁၀)

Sdílet
Vložit
  • čas přidán 28. 10. 2020
  • အပိုင်း(၁၀)၏မေးခွန်းများ -
    (၅၃) လောဘနဲ့ဒေါသရဲ့အဓိပ္ပါယ်ကို လူတိုင်းသိသော်လည်း မောဟရဲ့အဓိပ္ပါယ်ကို မသိကြပဲရှိနေပါတယ်။ ဒါ့ကြောင့် မောဟရဲ့အဓိပ္ပါယ်ကို လူအများနားလည်အောင် အရှင်ဘုရားရှင်းပြပေးတော်မူပါ။
    (၅၄) ဗုဒ္ဓဘာသာ ပြန့်ပွားမူ ပိုမိုအားကောင်းလာအောင် ရဟန်းသံဃာတော်များအနေနဲ့ တောထွက်ပြီး တရားကျင့်တာထက် စာရင် ဘာသာစကားများတတ်မြောက်ဖို့ ကြိုးစားပြီး ခေတ်မှီ ITနည်းပညာများကို အသုံးပြုတတ်ဖို့ လိုအပ်တယ်လို့ ထင်ပါသလား။ ဗုဒ္ဓဘာသာ ပြန့်ပွားနိုင်ရန်အတွက် ခေတ်ပညာရပ်နှင့် ခေတ်မှီIT ပစ္စည်းများကို ရဟန်းသံဃာတော်များ အနေနှင့် လေ့လာအသုံးချသင့်ပါသလား။
    (၅၅) မောင်ဖြူနဲ့မောင်နီမှာ မောင်ဖြူကမိဘကို ၁နာရီစာဝေယျာဝစ္စလုပ်ပေးတယ်။ သို့သော် ဘုရားရှစ်ခိုး တရားထိုင်ခြင်းမလုပ်ဘူး။ မောင်နီကကျတော့ အဲ့တစ်နာရီမှာ ဘုရားရှိခိုးတရားထိုင်ခြင်းလုပ်တယ်။ သို့သော် မိဘကိုဝေယျာဝစ္ဆမလုပ်ဘူး။ အဲ့နှစ်ယောက်မှာဆိုရင် ဘယ်တစ်ယောက်ကို မြတ်စွာဘုရားကချီးမွမ်းမယ် ထင်ပါသလဲ။ ဘယ်သူကကုသိုလ်ပိုရလဲ။
    (၅၆) စုတိကိစ္စ၊ ပဋိသန္ဓေကိစ္စနှင့် ဘဝင်ကိစ္စတို့ကို ဆောင်ရွက်သော စိတ်၁၉ပါးတွင် အများစုမှာ ကုသိုလ်ဝိဘတ်စိတ် တို့သာဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် ၃၁ဘုံသားတို့အတွက် အပယ်ဘုံနှင့်ဆိုင်သော ပဋိသန္ဓေတို့သာ အဖြစ်များရတာပါလဲ။ (အပယ်ဘုံအရောက်များရပါသလဲ)ဘုရား။ သို့မဟုတ် ထိုစိတ်၁၉ပါးတို့ဟာ လူနှင့်နတ်တို့မှာသာဖြစ်တဲ့စိတ်များပါလား။ မေးခွန်းအနေဖြင့် လိုအပ်မှုများရှိပါကလည်း အရှင်ဘုရား ပြင်ဆင်ပေးတော်မူပါ။

Komentáře •