ပြည်မြို့တွင်းမြင်ကွင်း ၊ ပြည်ရွှေဆံတော်ဘုရား ၊ ပြည်တက္ကသိုလ် ၊ ဘုရားကြီးစေတီ နဲ့ ပြည်ညစျေး

Sdílet
Vložit
  • čas přidán 26. 07. 2023
  • ပြည်ကမ်းနားလမ်း ၊ မြို့တွင်းလမ်း နဲ့ မြို့တွင်းမြင်ကွင်းများ ။
    ရှာမတွေ့ခဲ့တဲ့ ပြည်ဒေါ်ဥ ထမင်းသုပ် နဲ့ စားဖြစ်ခဲ့တဲ့ ပြည်ထမင်းသုပ် ။
    လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရဲ့ ဘုရင်အဆက်ဆက် တည်ထားပြုပြင်ခဲ့တဲ့သမိုင်းအကျဥ်း ။
    သုဒဿနကုန်းတော်ပေါ် က ဘုရားလေးဆူတို့ရဲ့ ဓါတ်တော် ၊ မွေတော်များ ဌာပနာထားရာ မြသီးတင် ဘုရားလို့ အမည်တွင်ခဲ့သေးတဲ့ ရွှေဆံတော်စေတီတော် ကြီးရဲ့မြင်ကွင်းများ ။
    လှပ ခန့်ထည်တဲ့ ပြည်တက္ကသိုလ် ရဲ့ မြင်ကွင်းပုံရိပ်များ နဲ့ စတင်ဖြစ်တည်လာပုံ ။
    နှစ်ပေါင်းတစ်ထောင်ကျော်က တည်ထားခဲ့တဲ့ သရေခေတ္တရာမြို့ဟောင်း က ဘုရားကြီးစေတီ နဲ့သမိုင်းအကျဥ်း ။
    စည်ကား စုံလင်တဲ့ ပြည်ညစျေး မြင်ကွင်းများ ။
    #ပြည် #ပြည်ရွှေဆံတော် #ပြည်ထမင်းသုပ် #ပြည်တက္ကသိုလ်
    #သရေခေတ္တရာမြို့ဟောင်း #ဘုရားကြီးစေတီ #ပြည်ညစျေး #မြသီးတင်ဘုရား
    #ဒွတ္တဘောင်မင်း #နဝဒေးတံတား #ရတနာသီရိမဟာဘုရားကြီးစေတီ
    #Travel_Vlog #Pyay #Pyi #Prome
    #Pyay_University #Nawaday_Bridge #Pyay_Night_Market

Komentáře • 98

  • @user-lv1iu9vy7m
    @user-lv1iu9vy7m Před 21 dnem +1

    ပြည် မြို့ က ဘုရား တရား သံဃာ သာသနာ အားလုံး ကို ကန်တော့ပါတယ် ဘုရား

  • @maeieizar4135
    @maeieizar4135 Před 14 dny

    မရောက်ဖူးသေးပေမယ့်ခုလိုလေးတေမြင်တွေ့ကြားသိရလို့ ကျေးဇူးအများကြီးတင်ပါတယ် 😊😊😊

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 13 dny

      ဟုတ်ကဲ့ပါဗျ ။ ခုလို ကြည့်ပေးနေကြလို့လည်း ကျွန်တော်တို့ မျှဝေရကျိုး နပ်တာပါဗျ ။

  • @user-xj5ok4dl1e
    @user-xj5ok4dl1e Před 10 měsíci +3

    ကျေးဇူးအထူးတင်ပါတယ်ငါ့ညီ။ပဲခူးတိုင်းတောင်ငူမြို့မှာနေပြီးတော့ပြည်မြို့ကိုယခုအသက်60အထိတခေါက်မှမရောက်ဘူးပါဘူးငါ့ညီ။

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 10 měsíci

      ဟုတ်ကဲ့ပါဗျ ။
      ကျွန်တော်တို့ ရောက်ခဲ့သမျှနေရာတွေကို မျှဝေရာမှာ ရောက်ဖူး နေဖူးသူတွေ သတိတရ ပြန်ကြည့်နိုင်အောင်ရယ် အကြောင်းကြောင်းကြောင့် မရောက်နိုင်သေးသူ ၊ မရောက်ဖြစ်သေးသူ တွေ ကြည့်နိုင် မြင်နိုင်အောင်ရယ် ရည်ရွယ်ပါတယ်ဗျ ။ ခုလို အသိအမှတ်ပြုမှု တစ်ခါရတိုင်း ရတိုင်း အားသစ်တစ်ခုထပ်ရသလို ခံစားရပါတယ်ဗျ ။ လိုအပ်တာတွေ့ရင် အကြံပြုနိုင်ပါတယ်ဗျ ။

  • @unyo6087
    @unyo6087 Před 24 dny

    အတု့ယူစရာပါ

  • @MaSint-nr9re
    @MaSint-nr9re Před 22 dny +1

    ့ြည်ပြယ 1:23 1:23

  • @aungkyaw9520
    @aungkyaw9520 Před 11 měsíci +5

    ဆယ်ထပ်ကြီးဘုရားလဲမပါဘူး။😔
    ြပည် မှာက ဆယ်ထပ်ကြီး ဘုရားကို
    လဲ မေ့ထားလို့မရဘူး။

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci +4

      ဟုတ်ပါတယ်ဗျာ ။
      ပြည်မှာက မှတ်တမ်းတင်စရာ တွေက တကယ်ကိုအများကြီးပါ ။ ဒါမြို့ပေါ်တင်ပြောတာ ။ မြို့နီးဝန်းကျင်တွေပါ ဆိုရင် တစ်ပတ်လောက်မှတ်တမ်းတင်ရင်တောင် မပြည့်စုံလောက်ပါဘူး ။ ကျွန်တော်တို့ အနေနဲ့က ရသလောက် အချိန်လေးထဲမှာ နိုင်သလောက်လေး မှတ်တမ်းတင်ခဲ့ရတာပါ ။ ကြည့်နေကျ မိတ်ဆွေအချို့က‌ေတာင်းဆိုသလို ကိုယ်တိုင်လည်း မျှဝေချင်တာကြောင့် ရနိုင်သလောက်လေး ကြိုးစားခဲ့တာပါ ။ ဒါ့ကြောင့်လည်း အစီအစဉ်နောက်ဆုံးမှာ ဒီ့ထက်ပိုပြီး မှတ်တမ်းတင်ခွင့်ရချင်ကြောင်း ပြောထားတာပါ ။ ခုထက် ပိုပြီး စုံစုံလင်လင် မျှဝေခွင့် ရချင်ပါသေးတယ်ဗျ ။

  • @dawmumuseinfemale3428
    @dawmumuseinfemale3428 Před 10 měsíci +2

    လွမ်းလိုက်တာ

  • @sayathein8611
    @sayathein8611 Před 11 měsíci +2

    ခုလိုချိန်မှာ ဗဟု့သုတလည်းရ စိတ်လည်းအပန်းပြေစေတဲ့ ခရီးသွားမှတ်တမ်းတွေ မကြာခဏ တင်ပေးလို့ ကျေးဇူးအထူးတင်ပါသည်ဗျ ။

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci +1

      ဟုတ်ကဲ့ပါဗျ ။
      သွားခွင့်ရသမျှ သွားပြီး မျှဝေလို့ရသမျှ မျှဝေနေပါတယ်ဗျ ။ စိတ်အပန်းပြေစေတဲ့အတွက်လည်း ကျေနပ်ရပါတယ် ။ အမြဲအားပေးနေလို့လည်း ကျေးဇူးပါဗျ ။

  • @thitminthitminthetnaingsoe5838
    @thitminthitminthetnaingsoe5838 Před 11 měsíci +1

    ကားလမ်းအဆုံးမြို့မဟုတ်ပါဘူးရထားလမ်းအနေနှင့်လဲ့ပရင်ကတောရခားလမ်းဆုံးမြို့ပါယခုအခါတော့ရခားလမ်းဆုံးအဟုတ်တော့ပါဘူးပုဂံကိုရခားနဲ့တောက်လျှောက်ပုဂံဘုရားသွားဖူးလ်ု့လဲရပါတယ်..

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci

      ဟုတ်ကဲ့ပါဗျ ။
      သိထားသင့်တာလေး မျှဝေပေးလို့ ကျေးဇူးပါဗျ ။

  • @KyawNaing-rt3xw
    @KyawNaing-rt3xw Před 3 měsíci

    စာရေးဆရာဖုန်းနွယ် ကိုစ. သရဝဏ် ညီစျာဥ် ကျွန်တော် ကျော်ကြီး ပါ အားလုံးကိုသတိရတယ်သူငယ်ချင်းတွေ 🎉❤

  • @madalayjoker1827
    @madalayjoker1827 Před 19 dny

    ရန်ကုန်နဲ့ပြည်ဆိုပြည်မှာပဲနေမယ်

  • @user-ed1eh3ux3c
    @user-ed1eh3ux3c Před 11 měsíci +5

    ညဈေးက ကြက်သားပလာတာနဲ့ကော်ရည်ခေါက်ဆွဲ ကြိုက်တယ်

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci +1

      ပြည် က ပလာတာ နဲ့ ကော်ရည် အတော်စားကြပုံရတယ် ။ ၂ခုလုံးကြိုက်တယ် ။ စားတော့မစားခဲ့ရဘူးဗျ ။

    • @user-ed1eh3ux3c
      @user-ed1eh3ux3c Před 11 měsíci

      ကောင်းတယ် ရန်ကုန်မှာအဲလိုအရသာ အခုထိမစားဖူးသေး

  • @MaSint-nr9re
    @MaSint-nr9re Před 22 dny +1

    ပြည်မြို့ကနဂါးပတ်တောင်ဘုရားမပါဘုလာသက်သက်လွတ်ဘုန်းကျောင်းကောမပါဘယလားပြည်တအ်ရှိသေးလားတပ်ထ,ဲကအီမ်ထောု်သယ်တွေဘာလုပ်နေကျလဲဝါတ္င်ကာလဝတ်ရ္တ်ကြလားဝါဝင်ကြလားအရက်သမားပေါ့လားအရက်လာရောင်မလိုမြေကဠက်ရောင်းဖိုရှလား

    • @user-io3vr5ok6b
      @user-io3vr5ok6b Před 9 dny

      တောင်ငူမှာလည်း ရွှေဆံတော်ဘုရားရှိတယ် နော
      ကျနော်လည်း တောင်ငူမြို့ကိုတခေါက်မှမရောက်ဘူးဘူး တခေါက်လောက်တော့ရောက်အောင်သွားအုန်းမယ်

  • @user-om6bt3iu6p
    @user-om6bt3iu6p Před 5 měsíci

    လွမ်းလုိက်တာ❤

  • @oliviaroman9050
    @oliviaroman9050 Před 10 měsíci

    ပြည်မြို့လေးကနေချင်စရာပါ..အသီးအနှံပေါ.စားစရာအစုံရလို့နေပျော်စရာလေးပါ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 10 měsíci

      မြင်တာနဲ့ကို စိမ်းစို အုပ်ဆိုင်း စည်ကား လှပပြီး နေချင်စရာ မြို့လေးပါ ။

  • @theinaung5148
    @theinaung5148 Před 23 dny +1

    " ဝန်ချတောင်စေတီ " နဲဆက်စပ်စေတီ အဓိဌာန်လေးစိတ်ဝင်စားတယ်ဗျာ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 22 dny

      စိတ်ဝင်စားစရာ အကြောင်းအရာပါ ။

  • @nayzaw2050
    @nayzaw2050 Před 11 měsíci +1

    အလွမ်းပြေ ကျေးဇူးပါဗျာ..12 လပိုင်းလောက်က ပိုပြီး သာယာတယ်...နေရာမစုံသေးဘူးbro..နောက်တစ်ခါ အစုံရိုက်ခဲ့ပေးပါ😢😢

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci

      ဟုတ်တယ်ဗျ ။
      စိတ်ရှိလက်ရှိရိုက်ရရင် တစ်ပတ်လောက်ကြာမယ် ။ ပြည်ရဲ့ အလှဆုံးအချိန် သိရလို့ ကျေးဇူးဗျ ။ အားမရရင်တောင် နည်းနည်းတော့ စိတ်အာသာပြေမှာပါဗျ ။ ပြည် ကို ကြည့်ချင်ကြတယ်ဆိုလို့ ရသလောက်လေး ကြိုးစားမျှဝေတာပါဗျ ။

  • @user-kj1th2qh2i
    @user-kj1th2qh2i Před 10 měsíci +1

    ပြည်ရွှေဆံတော်ဘုရားမှာ နှင်းဆီပန်းတစ်ပွေ့တစ်ပိုက်နဲ့ ဆုတောင်းဘူးတယ်/အဲဒီတုန်းက အသက်က ငယ်တော့ (တဏှာပေါ့ဗျာ) အချစ်နဲ့ဝေးရမှာကြောက်လို့- သွားရင်းလာရင်း ကြုံလို့ ၀င်လိုက်တာ / အဲဒီတုန်းက ဓါတ်လှေကား မရှိသေးဘူးထင်တယ်. ညဖက်ကြီး "
    (အခုတော့ ဘဝမှာ ငြိမ်းချမ်းပါပြီး ) ဘယ်သူဘာဖြစ်ဖြစ် ဘာမှပူပင်သောက မရှိတော့ဘူး (ရင့်ကျက်တာထက်-ဓမ္မရဲ့ အနှစ်ပေါ့)
    ကျန်းမာချမ်းသာကြပါစေ။

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 10 měsíci

      တစ်ခါတစ်လေတောလည်း အဝေးဆုံးကို ထွက်ပြေးသွားချင်ပေမယ့်လည်း 🎤
      ချစ်တိုင်းလည်းမညား စကားကိုသာ တီးတိုးရေရွတ်မိတာ 🎙️
      ငါအဆင်ပြေပါတယ် တကယ်ဆို နင်စိတ်ချမ်းသာဖို့ တစ်ယောက်တည်းဆိုလည်း အဆင်ပြေပါတယ် 🎹
      ဘာမှမဟုတ်ပါဘူး သီချင်းတွေသတိရသွားလို့ပါ 🌝
      တကယ်တော့လည်း တစ်ချိန်က ဒါဏ်ရာဆိုတာ နောင်တစ်ချိန် ခံနိုင်ရည်ရဲ့ အစပါ ။
      ခုတော့ သာဓု သာဓု သာဓုပါဗျ ။
      ဘဝရဲ့ ငြိမ်းအေးရာအမှန်ကို တွေ့သွားပြီဆိုလို့ပါ ။
      အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ ။

  • @KyawNaing-rt3xw
    @KyawNaing-rt3xw Před 3 měsíci

    ကျော်ကြီးခေတ္တညလပ

  • @kgi4205
    @kgi4205 Před 19 dny

    ရောက်ဖူးတယ်မိုက်တယ်

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 19 dny

      မရောက်ဖူးခင် စာတွေဖတ်ကတည်းက သဘောကျရတဲ့ မြို့

  • @PowerPlusgyi
    @PowerPlusgyi Před 3 měsíci +1

    မေရာက်တာြကာြပီ
    လွမ်းေနရတာပါြပည်ရယ်❤❤❤

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 3 měsíci +1

      ဟုတ်ကဲ့ပါဗျ ။ အလွမ်းပြေပါစေဗျ ။

  • @motherhouse-fz6pq
    @motherhouse-fz6pq Před 22 dny

    ဂျက်မရုပ်ရှင်ကား ထွန်းသီရိရုံမှာသွားကြည့်ကြတာ စက်ရုံကဖယ်ရီကားမစောင့်ဘဲထားပြစ်ခဲ့လို့ ကမ်းနားလမ်းပေါ်မှာ
    တပြုံကြီးအိပ်ခဲ့ကြတာမှတ်မိနေသေး
    လွမ်းလိုက်တာပြည်ရယ်

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 22 dny

      စိတ်လဲညစ် ပျော်လည်းပျော်ခဲ့ကြမှာပဲ ။ ဒါမျိုးက တကယ့်ကို မမေ့နိုင်ကြမယ့် အမှတ်တရမျိုးပဲ 😍

  • @TunTun-hd3po
    @TunTun-hd3po Před 23 dny

    ချစ်သူတာဝန်ကျရာပြည်မြို့လေးကိုလွမ်းလိုက်တာ

  • @user-vo5uv7tz1v
    @user-vo5uv7tz1v Před 5 měsíci

    ပြန်သတိရတယ်

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 5 měsíci

      ပြည်မြို့ ဆိုတာက စာအုပ်ထဲက ဇာတ်လမ်းတွေ့နဲ့တောင် လွမ်းချင်စရာ ဆိုတော့ သက်ဆိုင်သူတွေဆို ပိုသတိရစရာ ကောင်းမယ့်မြို့ပါ ။

  • @ThuThu-gi1ic
    @ThuThu-gi1ic Před 24 dny +1

    တိုက်ဆိုင်လို့ ပြည်ထမင်းသုတ်လုပ်နည်းလေးတင်ပါရစေ။ ဆီချက်ကအဓိကပါ ကြက်သွန်နီ ကြက်သွန်ဖြူရဲနေအာင်ကျော်ပါ လက်ဖက်သုတ်ထဲထည့်တဲ့ကြက်သွန်ကျော်ပီးသားကိုလဲ သတ်သတ်ထားပါ။ ဆီချက်ချက်ပီးပုဂံထဲကိုထညိ့ပါ ကြက်သွန်အဖြူကျော်ပီးသားကိုလဲထည့်ပါ အရောင်တင်ထည့်ပါ အထူး ငရုပ်သီးအစိမ်းမှုံ ထည့်ပါ ဆီပူတုန်းတန်းထည့်ပါ။ အာလူးပြုတ်။ ပဲကြာဇံပြုတ် ထည့်ပါ။ မကျီးရည် ထည့်ပါ ငံပြာရည်က အခုက ပုလဲငံပြာရည်ကျိုပီးထည့်ပါ။ အချိုမှု့ထည့်ပါ။ ငရုပ်သီးအခြောက်အတောင့်လိုက်ကြော်ပီး သီးသန့်ဘူးနဲ့ထည့်ထားပါ ရေဟင်းချို ငပိနဲနဲ ငံပြာရည် အချိုမှု့ငရုပ်ကောင်းဆား ရေနွေးဆူထဲထည့်ပါ ကြက်သွန်ဖြူ ထောင်းထည့်ပါ ထမင်းသုတ်မလုပ်ခင် သုံးရက်လောက်ကတဲက။ ထမင်းရည်ကိုအချင်ခံပီး ဆားထည့်ထားပါ သုံးရက်မြောက်နေ့မှာ ပဲပင်ပေါက်ကို ရေဆေးပီး မနက်မှာထည့်ထားပါ ညနေမှ ထင်းသုတ်သုတ်စားပါ ပြည်မြိုသူမြို့သားများထမင်းသုတ်ကို ညအချိန်မှ တကူးတကစားကြပါသည် ထမင်းသုတ်ရယ် ဟင်းခါးရယ် ငရုပ်အတောင့်ကြော်ရယ် ချဉ်ပတ်ရယ်အမဲကျော်ရယ် တယ်ကောင်းပါတယ်

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 23 dny

      ကျေးဇူးအထူးပါဗျ ။ အထူးသဖြင့် ကိုယ့်ဒေသအစားအစာကို အမြတ်တနိုးနဲ့ မျှဝေပေးချင်တဲ့ စိတ်ကိုလည်း ကျွန်တော်တို့အားလုံးလေးစားရပါတယ်ဗျ ။ ပဲပင်ပေါက်ချဉ် လုပ်နည်းလေးလဲသဘောကျပါတယ် ။ ကျေးဇူးပါဗျ ။

  • @MeikiYhs-ge7tj
    @MeikiYhs-ge7tj Před 2 měsíci

    Phuyie

  • @user-sd8vr4kg7i
    @user-sd8vr4kg7i Před 25 dny +1

    ပြည်တကသိုလ်ကအယင်ကကောလိပ် အဲဒီအယင်က ပြည်အထက၂ပါ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 24 dny

      ဟုတ်ကဲ့ပါဗျ ။ မှတ်သားထားပါ့မယ် ။ ကျေးဇူးပါဗျ ။

    • @umyintswe7796
      @umyintswe7796 Před 19 dny

      1959ခုနှစ်မှာအထက2ဆောက်လုပ်ပြီးစီး
      အဲတုန်က7တန်းပေါ့
      ကျောင်းအုပ်ကဦးထွန်းတင်

  • @auntywinwin4603
    @auntywinwin4603 Před 11 měsíci +1

    အောင်မဂ်လာဈေးထဲစိန်ပန်သုပ် မရွှေကြည်ပဲမုန့်ဟင်းခါးတို့ကဒို့ရဲ့အကြိုက်တွေဘဲ

    • @thitminthitminthetnaingsoe5838
      @thitminthitminthetnaingsoe5838 Před 11 měsíci

      စိန်ပ်းသုပ်ကကိုးျသာငါးစေိးကဆ်ုင်ကနာအညါင်္ကြးဘဲကြည်ကကြကါသားပဘဘာနာကဘည်းခူးကဲတဇဲ့ပရသာနဲ့စားသုံးသူတိုင်းကြိုက်နှစ်သက်ပါနယ်.

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci

      ပဲမုန့်ဟင်းခါးလည်း မစားခဲ့ရပါ ။ နောင်တော့စားစရာတွေ စုမှတ်ထားရပါမယ် ။

    • @KyawNaing-rt3xw
      @KyawNaing-rt3xw Před 3 měsíci

      ကျော် ကြီး သို့မဟုတ် ကျော်ကျော် ❤

  • @KhinSanAye-jh1ov
    @KhinSanAye-jh1ov Před 9 měsíci

    ​ရောက်ဖူးခြင်လိုက်တာ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 9 měsíci

      အမြန်ဆုံး ရောက်ဖြစ်ပါစေဗျ ။

  • @ShweSin-zp7sq
    @ShweSin-zp7sq Před 15 dny

    ငယ်ငယ်ကနေခဲ့တဲ့မြို့လေးလွမ်းလိုက်တာ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 13 dny

      အခွင့်သင့်ရင် အလွမ်းပြေ ပြန်ရောက်နိုင်ပါစေဗျ ။

  • @yethawy2498
    @yethawy2498 Před 16 dny

    မခိုင်သင်းရေ လွမ်းတယ်ဗျာ ဒီလိုvdတွေမြင်တိုင်း လက်ပံတန်းသူလေး ခင်ဗျားကိုလွမ်းရတာ ရင်ဘတ်တောင် အောင့်တယ်....(24.6.2024)

    • @yethawy2498
      @yethawy2498 Před 16 dny

      ဖစ်န်ိုင်ရင် ပြန်လာပေးပါလားလို့ ပြောပေးကြပါလား...သူကလွဲပီး ဘယ်မိန်းကလေးမှ ချစ်လို့မရတော့လို့ပါဗျာ 😢

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 13 dny

      မ📢
      ခိုင်📢
      သင်း📢
      ရေ📢
      ဒီမှာ ‌ပြောနေတယ်📢
      ပြန်လာပေးလိုက်ပါဗျ 📢

  • @user-sb3wg4cr6t
    @user-sb3wg4cr6t Před 11 měsíci

    ပြည်ပညာရေးကောလိပ်နဲတစ်ချိန်ကလည်ပတ်ခဲ့နေရာတွေလွပ်းလိုက်တာ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci

      အတိတ်ကဖြတ်သန်းခဲ့တဲ့နေရာကို လူတိုင်းလိုလို သတိတရ ရှိတတ်ကြပါတယ် ။ ကျောင်းဝန်းကျင်ကတော့ ထိပ်ဆုံးကပေါ့ ။

  • @emilialinn7957
    @emilialinn7957 Před 11 měsíci

    ပြည်အသုပ်တေက တိူ့ဟူး ပါပီး ငရုပ်သီးခြောက် နဲ့ ကြက်သွန်ဖြူ ဆီချက်နံ့မွှေးနေတဲ့ အသုပ်ပါ
    ကြာဇံ အာလူး သဘော်သီး လဲတခါတလေ ပါတယ် မပါတာလဲရှိတယ်ရှင့်
    ဒေါ်ဥက ကိုဗစ်အကျော် ကာလမှာ ready made ပဲ ရောင်းတော့တယ် ထင်တယ်ရှင့်
    နာမည်ကြီးအသုပ် ဒေါ်ဥနုဲ့တူတာက တင်တင်အေးရှိတယ်ရှင့်
    အခြားပြည်သုပ်ဆို နွေမင်းသားတို့ တမ်းတ တို့ ဆိပ်ကမ်းသာ ရှေ့က
    အသုပ်ဆိူင်တေရှိပါတယ်
    အညာမှာမွေး ပြည်မှာကြီးခဲ့ရတဲ့ ကျွန်မတို့ ရဲ့ မြို့လေးကို အတတ်နိုင်ဆုံးစုံလင်စွာ sharing လုပ်ပေးလ်ု့ကျေးဇူးပါရှငိ့

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci +1

      ဟုတ်ကဲ့ပါဗျ ။
      အခုလို သေသေချာချာလေး ‌ပြောပြပေးလို့ ကျေးဇူးပါဗျ ။တကယ်က ပြည်က မှတ်တမ်းတင်ချင်စရာ မျှဝေစရာတွေအများကြီးနဲ့မြို့ပါ ။ အခါအခွင့်သင့်ရင် နောက်ထပ် မျှဝေချင်ပါသေးတယ်ဗျ ။ အစားအသောက်တွေလည်း နာမည် နေရာ အကုန်မှတ်ထားလိုက်ပါ့မယ်ဗျ ။ သေချာကြည့်ပေးလို့ ကျေးဇူးပါဗျ ။

  • @minlatt3152
    @minlatt3152 Před 11 měsíci

    အကိုပြောတဲ့ထမင်းသုတ်က
    နတ်တလင်မြို့မှာရောင်းတာပါ
    မဘီယာထမင်းသုတ်ဆိုင်ပါ
    ရန်ကုန်ပြည်လမ်းပေါ်မှာရှိပါတယ်
    နတ်တလင်းဘူတာနားမှာမေးပါ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci

      ဟုတ်ကဲ့ ကျေးဇူးပါဗျ ။မှတ်ထားလိုက်ပါ့မယ် ။ ကြုံရင်လည်းဝင်လိုက်ပါ့မယ်ဗျ ။

  • @theintan3590
    @theintan3590 Před 11 měsíci +7

    ပြည်ကမနက်ကော်ရည်၊ထမင်းသုတ်၊ညနေပလာတာ၊မလိုင်၊ဒိန်ချည်အီုး၊အအေးကဖါလူဒါ၊ကျာခဲ့ပီ၊ခင်ဝမ်းသီချင်းနဲ့ပြည်လွမ်းတယ်ဗျာ။

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci +1

      ဖတ်ရတာနဲ့တင် စားချင်လာပြီ ။
      ထမင်းစားခဲ့ရတာတော့ အဆင်ပြေတယ်ဗျ ။ ကျွန်တော်ကတော့ ပြည်ဆိုရင် မင်းကြီးတောင် ၊ နိဗ္ဗိန္ဒချောင် ၊ ခင်ဝမ်း ၊ ကိုရွှေထူး ပြည် ၊ ကမ်းနားအကြော်တန်း တွေကိုတန်းမြင်ပါတယ်ဗျ ။ မင်းကြီးတောင် နဲ့ နိဗ္ဗိန္ဒချောင် ကခုထိမရောက်ဖူးသေးဘူး ။

    • @theintan3590
      @theintan3590 Před 11 měsíci

      @@rollingrecords-myanmar ပြည်ကဝက်လက်ခီုးမသားသီဟသူရဲ့မြို့၊ပုဂံတရုပ်ပြေးမင်းနဲ့ဖွားစောလက်ကျံသမိုင်းကသီသူနဲလှတယ်၊ပြည်ဝင်ပြည်ထွက်ဆီုတာကျင့်စဥ်လမ်းမှာရှိပုံပဲ၊ထီးဆောင်းမင်းဖြူဘုရားစသည်ရှိပါသေး။အရေးပေါ်အဝင်လမ်းကအာဏာရှင်နေဝင်းနဲ့ကားကိုချောက်ချောက်ရဲဘော်တွေကအကာလညအစ်ခါခဲနဲ့ပေါက်ကားမောင်းပြေးရတယ့်ပြည်ပြေးယတြာအစီအရင်🤣😂ကုလားဘမာအရေးအခင်းမြားစွာနဲ့လက်သည်ကိုသိလာတယ့်နာကူကျော်သူနဲ့ပြည်သားတို့ရဲ့စည်းလုံးမူ၊အောင်မြေဘာဟု၊ဘုရားနီဘုရားမာ၊သရေခေါိတရာမြို့ဟောင်း၊တချိန်ကပြည်ဘုရင်တို့ရဲဥယျည်အရပ်ကရေပူရေထွက်၊မြောက်နဝင်းဆည်နဲ့နဝင်းချောင်း၊ပြည်ဆိပ်ကမ်းနဲ့အေရာဝတီရဲ့သုံးရာသီအလှ၊ပြည်သားတို့အတွက်ဘုရားဖန်ဆင်းပေးတယ့်ကိုခင်ဝမ်းရဲ့သီချင်းသံ၊နုသစ်တယ့်လူငယ်တစ်ယောက်ရဲ့ခံစားမူပုံရိပ်တွေ။
      မမေ့တယ့်နိင်။

    • @koookooo4401
      @koookooo4401 Před 11 měsíci

      @@rollingrecords-myanmar ပြည်မှာ၂၀၀၉&၂၀၁၂အထိကျောင်းတက်ခဲ့တယ်အခုဆိုအတော်ကြာခဲ့ပြီ လွမ်းမိပါတယ်ကျောင်းသားဘဝ မူးကြောင်မူးကြောင်အဖွဲ့ ဂစ်တာမတီးတတ်တီးတတ်မိန်းကလေးအဆောင်ရှေ့မှာဂစ်တာတီးခဲ့တယ် မသာအိမ်မှာဖဲသွားရိုတ်ခဲ့ဘူးတယ် နွေကျောင်းပိတ်တော့အိမ်ပြန်စရာလမ်းစရိတ်မရှိလို့ စောင်ခြင်ထောင်ခေါင်းအုံးထည့်ထားတဲ့သေတ်တာသွားပေါင်ခဲ့ရတယ်

      @rollingrecords-myanmar  Před 11 měsíci +3

      ဘဝ မှာ မမေ့နိုင်စရာ အချိန်‌‌တွေထဲမှာ ကျောင်းသားဘဝဆိုတာ ထိပ်ဆုံး က ပါတတ်တဲ့ အရာတစ်ခုပါဗျ ။ တကယ် လွတ်လပ် ပျော်ရွှင်ဖွယ် အမှတ်တရတွေပါ ။

    • @UwinHlaing-is8bw
      @UwinHlaing-is8bw Před 25 dny

      😮😮😮😮ယ၇. ​@@rollingrecords-myanmar

  • @KhinSanAye-jh1ov
    @KhinSanAye-jh1ov Před 9 měsíci

    ဖူးခြင်လိုက်တာ

  • @MmKk-uz8pl
    @MmKk-uz8pl Před 23 dny

    ရွှေဆံတော်ဘုရားကြီးရဲ့ယ္ခင်ဘွဲ့အမည်က မြသီးတင်လို့ခေါ်ပါတယ်။ဆေးဆေး.ညေးညေး.ဘဲဘဲ.ဘောဘောကြီးဆိုတဲ့ပျူဘုရားလေးဆူလည်းရှိပါတယ်။ပြည်မှာလူသိနည်းတဲ့ရှေးဟောင်းသမိုင်ဝင် ဘုရားရှင်လက်ထက်ကသာဿပြုခဲ့တဲ့ဧရာဝတီမြစ်လည်ခေါင်မှာ စကြ်န်သောင်ရှိပါသေးတယ်။ပွေးဉီးတောင်နဲ့ရှင်ပင်ပက်လက်ရေစက်လက်နဲ့ကြားမြစ်လည်မှာပါ။

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 22 dny +1

      အချက်အလက်များအတွက် ကျေးဇူးပါဗျ ။ ပြည်ကို တစ်ခေါက်လောက်တော့ သေသေချာချာ ထပ်ရောက်ချင်ပါသေးတယ်ဗျ ။

    • @MmKk-uz8pl
      @MmKk-uz8pl Před 22 dny

      အောင်မြင်တိုးတက်ပါစေ

  • @kalarsoe9528
    @kalarsoe9528 Před 11 měsíci

    ပြည်ညစျေးမှာထမင်းသုတ်စားလို့ကောင်းတဲ့ဆိုင်ရှိတယ်

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci +1

      ဟုတ်ကဲ့ဗျ
      နာမည်လေး သိရင်
      နေရာလေး ပြောလို့ရရင် ပြောပေးထားပါအုံးဗျ ။ နောင် ကျွန်တော်တို့ ကြုံခဲ့ရင်ဖြစ်ဖြစ် ၊ ကြည့်နေတဲ့သူတွေထဲက တစ်ယောက်ယောက် ရောက်ဖြစ်ခဲ့ရင် ဖြစ်ဖြစ် သွားစားလို့ ရတာပေါ့ဗျ ။

    • @theintan3590
      @theintan3590 Před 11 měsíci

      သိရင်ပြောပေးပါ။ရောက်ရင်စားဖို့လေ။

  • @ThuThu-gi1ic
    @ThuThu-gi1ic Před 24 dny

    အခုက ဗိုလ်ချုပ်ကြေးရုပ်ပါ။ ကြေးပါ။ အရင်က။ ကျောက်နဲ့လုပ်ထားတာ ပါ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 23 dny

      ဟုတ်ကဲ့ ။မှတ်သားရလို့ ကျေးဇူးပါဗျ ။

    • @umyintswe7796
      @umyintswe7796 Před 19 dny

      အရင်ကလဲကျောက်ရုပ်ပါ

    • @umyintswe7796
      @umyintswe7796 Před 19 dny

      ခုလဲကျောက်ရုပ်ပါ

  • @unyinyiseinthan6364
    @unyinyiseinthan6364 Před 11 měsíci

    ပြည်ထမင်းသုတ်ကအားလူးရယ်ကြာဇံရယ်ပဲပြားရယ်ပါရမယ်

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci

      ဟုတ်ကဲ့ဗျ ။
      ကျွန်တော်ဖတ်ဖူးတာလည်း အဲ့လိုမျိုး ၊ စားခဲ့ရတာတော့ မပါဘူးဖြစ်နေလို့ ။ နောက်မှ ပြည်ထမင်းသုပ်စစ်စစ် စားကြည့်အုံးမယ် ။

    • @theintan3590
      @theintan3590 Před 11 měsíci

      ဆင်တဲစက်လှေဆိပ်ကဦးကြည်ရဲ့တချိန်ကထမင်းသုတ်၊ပန်းတောင်းမြို့ကထမင်းသုတ်၊တွေကပြည်ထမင်းသုတ်ထက်ကောင်းခဲ့ပါတယ်။ပြည်ထမင်းသုတ်ကနောက်မှလူသိလာတာ။ဦးကြည်၊ကမရှိရှာတော့ဘူး၊ပန်းတောင်းထမင်းသုတ်ကတော့ရောင်းနေသေးတယ်ထင်တယ်။

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci +1

      ကျေးဇူးပါဗျ ။
      ရောက်ခဲ့ရင် ရှာစားကြည့်လိုက်ပါအုံးမယ် ။

  • @user-mv6md6ii7x
    @user-mv6md6ii7x Před 26 dny

    ဘောဘောကြီးဘုရားလဲပါလား

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 25 dny

      ဟုတ်ပါတယ်ဗျ ။ နောက်ဘက်နားမှာ ပါပါတယ် ။

  • @malei9048
    @malei9048 Před 11 měsíci

    အမှတ် ၁ကျောင်းနားကဈေးလေးမှာမနက်စိန်ပန်းသုတ်အရမ်းကောင်းပါတယ်

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci

      ဟုတ်ကဲ့ပါဗျ ။ မှတ်ထားလိုက်ပါ့မယ် ။ စိန်ပန်းသုပ်ကလေ ကျွန်တော်တို့ သိတာ ၂ မျိုးဖြစ်နေလို့ ။ တစ်မျိုးက စိန်ပန်းပွင့်ကိုသုပ်တာ ၊ နောက်တစ်ခုက မန္တလေး စိန်ပန်းရပ်ကစတဲ့ ခေါက်ဆွဲပါတဲ့ အသုပ်ပုံစံ ။ အဲ့မှာက ဘယ်စိန်ပန်းသုပ်လဲဗျ ။

    • @theintan3590
      @theintan3590 Před 11 měsíci

      အေးဟုတ်တယ်။စားဖူးတယ်။ပြည်ကစိန်ပန်းသုတ်လဲကောင်းပါတယ်။

    • @theintan3590
      @theintan3590 Před 11 měsíci

      @@rollingrecords-myanmarဒုတိယနည်းပါ။

    • @malei9048
      @malei9048 Před 11 měsíci

      @@rollingrecords-myanmarအစုံသုတ့်လေးပါ
      စိန်ပန်းပွင့်မဟုတ်ပါ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Před 11 měsíci

      ဟုတ်ကဲ့ပါဗျ ။